Home Authors Posts by KIC News

KIC News

22002 POSTS 0 COMMENTS

စစ်အုပ်စု လက်လွှတ်ထားရသည့် ထီးခီးဒေသတွင် လေကြောင်းဖြင့် ထပ်မံဗုံးကြဲခံရ

အောက်တိုဘာ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)နယ်မြေ၊ ထီးခီးဒေသသို့ ယနေ့နေ့လည်ပိုင်းက စစ်အုပ်စုလေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များနှင့် ကေအဲန်ယူ တပ်မဟာ(၄) နယ်မြေအုပ်ချုပ်ရေးတာဝန်ရှိသူတို့ထံမှ သိရသည်။ ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်နှင့် နယ်မြေချင်းထိစပ်သည့် ထီးခီးဒေသရှိ စစ်အုပ်စုတပ်စခန်းများကို ယခုနှစ် ဝက်ကာလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များက သိမ်းယူနိုင်ခဲ့သည်။...

ရေဖြူ၊ မူးဒူးကျေးရွာတွင် တပ်စွဲထားသည့်စစ်အုပ်စုတပ် ပြည်သူပိုင်နေအိမ်များကို ဖောက်ထွင်းမှုများ ပြုလုပ်

အောက်တိုဘာ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မူးဒူးကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်အုပ်စု တပ်များသည် ကျေးရွာရှိနေအိမ်များကို ဝင်ရောက်ဖောက်ထွင်းပြီး စားနပ်ရိက္ခာများနှင့် တန်ဖိုးရှိ ပစ္စည်းများကို ယူဆောင်မှုများလုပ်ဆောင်လျက်ရှိနေကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင်...

ကော့ကရိတ် နန်းကော်တေးရွာသားများကို စစ်အုပ်စုနှင့် DKBA ဗိုလ်ဘိ ပူးပေါင်းစစ်ကြောင်း ဖမ်းဆီးရိုက်နှက်

အောက်တိုဘာ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်မြောက်ပိုင်း ကျေးရွာများဘက် စစ်ဆင်တိုက်ခိုက်နေသည့် စစ်အုပ်စုတပ်နှင့် DKBA ဗိုလ်ဘိ ပူးပေါင်းစစ်ကြောင်းက နန်းကော်တေးကျေးရွာသားအချို့အား အောက်တိုဘာ ၁၁ ရက်တွင် ဖမ်းဆီး ထားပြီး နေပူလှန်းခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းများ လုပ်ဆောင်နေကြောင်း KNLA မဟာမိတ် တပ်ဖွဲ့နှင့်...

၂၀၂၅ ခုနှစ်အတွက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးမြို့အဖြစ် ဖားအံမြို့ ဆုရရှိ

အောက်တိုဘာ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာရှေရှည်တည်တံ့သောမြို့ကြီးများလုပ်ငန်းအဖွဲ့ (ASEAN Working Group on Environmentally Sustainable Cities- AWGESC) မှ ပေးအပ်သည့် ၂၀၂၅ ခုနှစ်၏ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ကရင်ပြည်နယ်...

Toyota ကုမ္ပဏီအတွက် အလုပ်ခန့်ရန် မယ်လဒုက္ခသည်စခန်းတွင် လူတွေ့မေးမြန်းမှု ပြုလုပ်

အောက်တိုဘာ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကမ္ဘာကျော် ကားထုတ်လုပ်ရေးကုမ္ပဏီ တိုယိုတာ (Toyota)မှ ထိုင်းနိုင်ငံရှိ စက်ရုံအတွက် အလုပ်ခန့်ရန် ဝန်ထမ်းရွေးချယ်ရေး လူတွေ့မေးမြန်းမှုကို ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း၌ ယနေ့ ပြုလုပ်ခဲ့ကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများအား ထိုင်းအစိုးရက တရားဝင်...
Donate