KIC News
ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်သွားသည့် အီတူးထာ စစ်ရှောင် ၂၀၀၀ကျော်အား နေရပ်ပြန်ပို့
မတ်လ ၂၉ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
လေကြောင်းရန်ကြောင့် ယမန်နေ့( မတ်လ ၂၈ရက်) မွန်းလွဲပိုင်းက ထိုင်းနိုင်ငံဘက်ခြမ်းသို့ သွားရောက်တိမ်းရှောင်ခိုလှုံခဲ့ကြသည့် အီတူးထာဒေသခံ ၂၀၀၉ ဦးအား ယနေ့ညနေ ၅နာရီခွဲအချိန်တွင် ထိုင်းအာဏာပိုင်းများမှ နေရပ်ရင်းသို့ ပြန်လည် ပို့ဆောင်လိုက်ပြီဟု ဒေသသတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။
အဆိုပါ နေရပ်ပြန်ကြသည့်...
ခမရ(၄၀၈)တပ်ဖွဲ့ဝင်များ၏ ကားတိမ်းမှောက် ထိခိုက်သေဆုံးမှုများပြား
မတ်လ ၂၉ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(ခမရ-၄၀၈) တပ်ဖွဲ့ဝင်များကို တင်ဆောင်လာသော စစ်ကားတစ်စီးမှာ မတ်လ ၂၉ရက် နေ့လည် ၁၁နာရီတွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဝါ့ကလဲခို့နေရာ၌ တိမ်းမှောက်ခဲ့ပြီး ထိခိုက်သေဆုံးမှု များပြားကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။
၎င်းနယ်မြေရှိ KNLA တပ်မှူးတစ်ဦးက “စစ်ကားမှောက်သွားတာ...
၁၂နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များ မြန်မာနိုင်ငံရှိ စစ်ကောင်စီအကြမ်းဖက်မှုကို ကန့်ကွက်
မတ်လ ၂၉ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံတွင် အပြစ်မဲ့ ပြည်သူများကို ဥပဒေမဲ့ ကျူးလွန်နေသည့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ကန့်ကွက် ရှုတ်ချကြောင်း နိုင်ငံ ၁၂နိုင်ငံရှိ ကာကွယ်ရေးဦးစီးချုပ်များက မတ်လ ၂၈ရက်နေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ သည်။
အဆိုပါကြေညာချက်ကို အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ယူကေ(ယူနက်တက်ကင်းဒမ်း)၊ ဩစတြေးလျား၊...
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြဝတီ အမှတ် ၃ ရပ်ကွက်ရုံးရှေ့ လုံခြုံရေးတင်းကြပ်။
မတ်လ၂၈ ရက်၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက်ရုံးရှေ့တွင် ယမန်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရုံးလမ်းရှေ့ နေရာတွင် အတားအဆီးတစ်ချို့ ပြုလုပ်ကာ လုံခြုံရေး တင်းကြပ်ထားကြောင်း ယနေ့ မတ်လ ၂၉ရက် နေ့လည်ပိုင်းက တွေ့ရသည်။
ယမန်နေ့ မတ်လ ၂၈...
အကြမ်းဖက် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးနေရ
မတ်လ ၂၉ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ပြီးခဲ့သည့် မတ်လ ၂၇၊ ၂၈ ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် မူတြော်(ဖာပွန်) ဒေသခံ ကျေးရွာသား တစ်သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ယနေ့မတ်လ ၂၉ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး-KNU က...
ဖာပွန်ဒေသ ဗုံးကြဲခံရမှုအပေါ် ပြည်တွင်း ပြည်ပ ကရင်အသိုင်းအဝိုင်းမှ အပြင်းအထန်ရှုတ်ချ
မတ် ၂၉ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မတ်လ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့အတွင်း အကြမ်းဖက် စစ်ကောင်စီမှ မူတြော်(ဖာပွန်)ဒေသရှိ ဒေသကျေးရွာ များအတွင်း တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပြည်တွင်း ပြည်ပ ကရင်အသိုင်းအဝိုင်း များမှ အပြင်းအထန်ရှုတ်ချကြောင်း အသီးသီးထုတ်ပြန်ခဲ့ကြသည်။
အကြမ်းဖက် စစ်ကောင်စီမှ ဖာပွန်ဒေသရှိ...
မြဝတီ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွား
မတ်လ ၂၈ ရက် ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့ မတ်လ ၂၈ ရက် ည ၈ နာရီ ၁ဝ မိနစ် အချိန်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍"ယနေ့ မတ်လ ၂၈...
တပ်မဟာ ၅ နယ်မြေ ဒေပူနိုရွာကို စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် ထပ်မံပစ်ခတ်ပြီး ထိခိုက်ပျက်စီးမှုရှိ
မတ်လ ၂၉ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ တပ်မှ ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေ၊ ဒေပူနိုရွာကို ယမန်နေ့ညက ဂျက်တိုက် လေယာဉ်ဖြင့် ထပ်မံပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ထိခိုက်မှုများရှိသည်ဟု သိရသည်။
ယမန်နေ့ည ၁၁ နာရီ၊ မိနစ် ၄ဝ မှ နံနက်...














