KIC News
ဖားအံမြို့ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ် ပစ်ခတ်ခံရ
မတ်လ ၃ဝရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီက ရွေးချယ်ခန့်အပ်လိုက်သည့် ဖားအံမြို့ အမှတ် (၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ်ကို မတ်လ ၂၉ရက်၊ ည ၉နာရီကျော်တွင် လက်လုပ်ဗုံးဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်တွင်း သတင်းအရ သိရသည်။
ဖြစ်စဉ်မှာ အဆိုပါနေအိမ်သို့ အမည်မသိလူ ၃ဦးက ဆိုင်ကယ်ဖြင့် သွားရောက်ပစ်ထည့်ပြီးနောက်...
ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ လေယာဉ်ဗုံးကြဲခံရ၍ ဒေသခံရွာသား ၆ ဦး သေဆုံး
မတ်လ ၃ဝရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ(၃)နယ်မြေတွင် မတ်လ ၃ဝရက်၊ မွန်းလွှဲ ၃နာရီကျော်အချိန်၌ လေယာဉ်နှစ်စင်း သွားရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ထီးဖာဒိုရွာသား ၆ဦး သေဆုံးသွားခဲ့ကြောင်း ၎င်းဒေသ တွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
“လေယာဉ်နှစ်စင်းနဲ့ လာပစ်ချတယ်။ ရွာသား ငါးဦးသေပြီး တစ်ဦးက...
ထိုင်းရောက် ကရင်စစ်ရှောင် ၅၂ဝ ဦးအား ထပ်မံပြန်ပို့
မတ်လ ၃ဝရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မူတြော်ခရိုင် သံလွင်မြစ်ကမ်းနံဘေးရှိ စစ်ကောင်စီတပ်၏ လေကြောင်းရန်ကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်သွားခဲ့သည့် အူးဝဲကလိုးနှင့် ပကာဒဲရွာမှ ဒေသခံကရင်စစ်ရှောင်ရွာသား ၅၂ဝ ဦးအား ထိုင်းအာဏာပိုင်းများက ယနေ့ နေ့လည်ပိုင်းတွင် ထပ်မံ ပြန်ပို့လိုက်သည်ဟု သိရသည်။
ယမန်(မတ် ၂၉ရက်) နေ့ ညနေတုန်းကလည်း...














