ကပ်သုံးပါးနှင့် မြန်မာပြည်
ဖောင့်ဖ
(၉ ဇူလိုင် ၂၀၂၁)
နိုင်ငံရေးသည် အလွန်အကဲဆတ်ပြီး ကိုင်တွယ်ဆောင်ရွက်သည့်အခါ ကြီးစွာသတိထားရသည့် လုပ်ငန်းတစ် ရပ်ဖြစ်သည်။ နိုင်ငံရေးနှင့်ပါဝင်ပတ်သက်သူ (Stake Holders)များအနေဖြင့် ဘက်ပေါင်းစုံ သိမြင်နားလည်မှုနှင့် ထိ တွေ့ဆက်ဆံမှုရှိရန် လိုအပ်ပါသည်။ ဦးဆောင်သူနိုင်ငံရေးခေါင်းဆောင်အနေဖြင့် ငါတကောကောပြီး အာဏာရှင်ဆန် ခြင်း၊ မိမိပါတီ၏ အကျိုးကိုသာကြည့်ခြင်း၊ မိမိအုပ်စု၏ အကျိုးစီးပွါးကိုသာကြည့်ခြင်း၊ မိမိဆွေမျိုးအသိုင်းအဝိုင်း ကောင်းစားရေးကိုသာကြည့်ခြင်း၊ စုပေါင်းဆွေးနွေးညှိနှိုင်းမှုမှ သဘောတူညီမှုကို မရယူခြင်းတို့ရှိနေလျင် နိုင်ငံရေး အန္တရာယ် မီးဝါပြမှုများ ရှိနေပေလိမ့်မည်။
အောင်မြင်သော နိုင်ငံရေးခေါင်းဆောင်သည် ပြဿနာအရင်းအမြစ်ကို သိရမည်။ ထိုပြဿနာကိုဖြေရှင်းရန် အခြားမိမိနှင့် အတိုက်အခံနိုင်ငံရေးသမားများ ပါဝင်လာအောင် စွမ်းဆောင်နိုင်ရမည်။
တကယ်တော့ နိုင်ငံရေးဟူသည် တိုင်းသူပြည်သားအတွက် စုပေါင်းလုပ်ဆောင်၊ စုပေါင်းခေါင်းဆောင်ရသော
အလုပ် ဖြစ်သည်။ အစုအဖွဲ့အသီးသီး၊ နယ်ပယ်အသီးသီးသီး၊ ပညာရှင်အသီးသီး၊ ဘက်အသီးသီးတို့နှင့် တွေ့ဆုံဆွေး နွေး အဖြေရှာခြင်းဖြင့် ရလာဒ်ကောင်းများပေါ်ထွက်လာအောင် စွမ်းဆောင်မှသာလျင် နိုင်ငံရေးအကျိုးအမြတ် ရရှိ ပေမည်။
ဩဇာအာဏာထူထောင်ပြီး အခြားအပေါ် လွှမ်းမိုးချုပ်ကိုင်ရန်ကြိုးစားလာလျင် နိုင်ငံရေးပြဿနာ တက်လာ ပေတော့မည်။
မိမိတို့မြန်မာနိုင်ငံ၏ နိုင်ငံရေးရေစီးကြောင်းကို ခြေရာကောက်ကြည့်လျင် ဖဆပလခေတ်၊ မဆလခေတ်၊ နဝတ နအဖခေတ်၊ ပါတီစုံဒီမိုကရေစီခေတ်နှင့် ယခု စစ်ကောင်စီခေတ်တို့သည် နိုင်ငံရေးခေါင်းဆောင်တို့၏ အရည်အသွေး ညံ့ဖျင်းမှုကို တွေ့မြင်ရပေမည်။ အတ္တလွန်ကဲသော ခေါင်းဆောင်များကိုသာ တွေ့မြင်ရသည်။ ထို့ကြောင့်ပင် မြန်မာ့နိုင် ငံရေး ဇောက်ထိုးမိုးမျှော်ဖြစ်ပြီး အရေးမှန်သမျှ အကျဖက်သို့ ယိုင်ဆင်းကုန်သည်။ ပြည်သူလူထုအများ ဆင်းရဲနိမ့်ကျ မျက်နှာငယ်ကြရသည်။ ကိုယ့်နောက်ကရှိသည့်နိုင်ငံများ ကိုယ့်ကို ကျော်တက်တာခံရသည်။
မြန်မာနိုင်ငံသားများ သူများနိုင်ငံမှာ ရရာအလုပ်လုပ်၊ အနှိမ်ခံဘဝနှင့် ဘဝကုန်ဆုံးကြရသည်။ ဤသို့ဖြစ်ရခြင်း ၏ အဓိကတရားခံမှာ ခေတ်အဆက်ဆက် ခေါင်းဆောင်များ၏ အရည်အသွေး ညံ့ဖျင်းမှုကြောင့်ပင် ဖြစ်သည်ဟုဆိုရင် မှားနိုင်မည်လား။
၁၉၄၈ခုနှစ် လွတ်လပ်ရေးရရှိပြီး (၇၃)နှစ်အတွင်း မြန်မာနိုင်ငံသည် စစ်အာဏာရှင်များလက်အောက်တွင် နှစ် ပေါင်း (၆၆)နှစ် (အိမ်စောင့်အစိုးရ သုံးနှစ် အပါအဝင် ၂၀၀၈ခြေဥအောက် အစိုးရများ ဆယ်နှစ်သက်တမ်းပါ ထည့်သွင်း ထားသည်။) ကြာနေထိုင်ခဲ့ရသဖြင့် စစ်အာဏာရှင်တို့၏ တစ်ကိုယ်ကောင်းဆန်မှုကြောင့် ပြည်သူလူထုများ ဒုက္ခမျိုးစုံ ခံစားရကာ တိုင်းပြည်သည် ကမာ္ဘ့အလယ်တွင် အဆင့်က ဘိတ်ချေး။ ယခုလည်း အလုံးစုံးပျက်သုဉ်းသည့်နိုင်ငံ (Failed State) သို့ ဦးတည်နေပြီဖြစ်သည်။
ဇွန်လက ကမာ္ဘ့ကုလသမဂ္ဂက ထုတ်ပြန်ကြေညာထားသည်မှာ လာမည့်သုံးလအတွင်း (စက်တင်ဘာလအ တွင်း) ပြည်သူများ စားနပ်ရိက္ခာပြတ်တောက်ပြီး အကြပ်အတည်းဖြစ်မည်။ ကုလသမဂ္ဂအနေဖြင့် အလှူငွေ ရရှိထား သည်မှာ ၂၀% သာရှိသေးသည်။ စစ်ကောင်စီများ မည်သို့ဖြေရှင်းကြမည်နည်း။ ပြည်သူအများကို ရင်ဝယ်သားကဲ့သို့ သဘောမထားနိုင်သော စစ်အာဏာရှင်များအဖို့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဖြစ်နေပြီလား။
ငါနဲ့မတူ ငါ့ရန်သူဟူသော အတ္တဦးစီးသည့် လောဘ၊ ဒေါသ၊ မာန်မာနများ ကြီးမားနေသရွေ့ တိုင်းပြည်သည် မီးတွေ ဆက်တောက်နေဦးမည်။
နိုင်ငံရေးသည် လိမ်ညာဖြီးဖြန်း ဝါးချ၍ မရပါ။ မိမိပိုင် မီဒီယာမှ အလိမ်အညာသတင်း ထုတ်ပြန်ပေးခြင်းဖြင့်
မိမိဘက်ပါလာအောင် ဆွဲဆောင်စည်းရုံး၍ မရနိုင်ပါ။ ယနေ့သည် ဆက်သွယ်ရေးသတင်းနည်းပညာခေတ်(IT)သို့ ရောက်နေပြီကို မသိယောင်ဆောင်ပြီး ဇွတ်မိုက်နေကြတာလား။ ခါးတောင်းတခြား ဖင်တခြားဖြစ်နေသည်ကို ပြည်သူ များ သိထားနေကြပြီဖြစ်လို့ သတိထားဖို့ ကောင်းပါပြီ။ လက်နက်အားကိုးနှင့် မျက်နှာပြောင်တိုက် ဇွတ်မိုက်ချင်လည်း မိုက်တော့ပေါ့။
၁၉၆၂၊ ၁၉၈၈၊ ၂၀၂၁ ခုနှစ်တွေကအာဏာသိမ်းမှုတို့သည် နောက်ခံခြင်းမတူသလို အကြောင်းခံ အဖြစ်အပျက် ခြင်းလည်း မတူပါ။ အာဏာသိမ်းခေတ် မျိုးဆက်တို့၏ စိတ်ဓာတ်၊ အရည်အသွေးနှင့် သိမြင်နားလည်မှုတို့လည်း ကွာခြားလာသည်။ ၁၉၆၂ နှင့် ၁၉၈၈ စစ်အဏာသိမ်းမှုသည် နှစ်လသုံးလအတွင်း အာဏာသိမ်းသူများက စီးပိုးအုပ်စိုးမိ ကြသည်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းစဉ်က ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်သည့် တော်လှန်ရေးအစိုးရကို အဂင်္လန်နိုင်ငံ က အစဦးဆုံး အသိအမှတ်ပြုသကဲ့သို့ ၁၉၈၈ခုနှစ် အာဏာသိမ်းမှုတွင် နဝတ စစ်ခေါင်းဆောင် ဗိုလ်ချုပ်စောမောင် အစိုးရကို ထိုင်းနိုင်ငံက ဦးစွာပထမ ထောက်ခံအသိအမှတ်ပြုခဲ့သည်။
ယခု ၂၀၂၁ အာဏာသိမ်းမှုသည် ငါးလကျော်လာသည်အထိ မည်သည့်နိုင်ငံမှ တရားဝင် အသိအမှတ်မပြုသေး သည်ကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီများ အကြပ်ရိုက်နေကြပြီ။ သူတို့အကြပ်ရိုက်လေ သူတို့ကို ဆန့်ကျင်တဲ့ ပြည်သူအများကို မတရားဖမ်းဆီး ညှင်းပမ်းနှိပ်စက် ထောင်ချ သတ်ဖြတ်သည်အထိ အကြမ်းဖက်လုပ်ရပ် များ လုပ်ဆောင်ကြလေဖြစ်သည်ကို ကမာ္ဘကလည်း အတိုင်းသား သိမြင်နေကြသည်။
စစ်အာဏာရှင်ကို တန်ပြန်သည့်လုပ်ရပ်များကလည်း တစတစ ပြင်းထန်လာသည်။ သူတို့ကို တော်လှန်ဖို့ သေမှာမကြောက်သူတွေလည်း အတော်များလာသည်။ ဤသည်မှာ မတရားအကြမ်းဖက်မှုတို့၏ တန်ပြန်အကျိုးဆက် ပင် ဖြစ်သည်။
ခက်တာက မြေဇာပင်ပြည်သူများ။ သူတို့အတွက် ဘာလုပ်ပေးကြမည်နည်း။ မြေဘဲဇာပင်များကိုပင် စစ် ကောင်စီက အယုံအကြည်မထား၊ မထင်ရင်မထင်သလို ဖမ်းဆီး နှိပ်စက် ထောင်ချ သတ်ဖြတ်သည်အထိ ရက်စက် သည်။ ပြည်သူများဘဝ ကြက်ကလေး ငှက်ကလေးဘဝ ရောက်သွားကြသည်။ ဤနေရာတွင် ပြည်သူများက အားကိုး ယုံကြည်မျှော်လင့်သော ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) မှ ပေါက်ဖွားလာသော အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၏ အခန်းကဏ္ဍကို ရှုမြင်သုံးသပ်ရန် လိုပါသည်။
CRPH ကို ၂၀၂၁ ဖေဖေါ်ဝါရီ (၁)ရက် စစ်တပ္က အာဏာသိမ်းပြီးနောက် ဖေဖေါ်ဝါရီလ (၅)ရက်နေ့တွင် ဖွဲ့စည်းကြောင်း ကြေညာပြီး NUG ကို ဧပြီလ (၁၆)ရက်တွင် ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ကမာ္ဘက အသိ အမှတ်ပြုခံရနိုင်သည့် အစိုးရဖြစ်အောင် အစိုးရတစ်ရပ်တွင် အခြေခံဥပဒေရှိရမည်။ ကာကွယ်ရေးအတွက် တပ်မတော် တစ်ရပ် ရှိရမည်။ ကျန်သည့် အီစတီကျူးရှင်းများကို တစတစ တိုးချဲ့ဖွဲ့စည်းသွားနိုင်သည်။ အဓိက အဂင်္ါနှစ်ရပ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်တပ်မတော်ကို ရေးဆွဲဖွဲ့စည်းရန် CRPH မှာ ဆောင်ရွက်အကောင်အထည်ဖေါ်ရ မည်ဖြစ်၍ CRPH က လူမှုအဖွဲ့အစည်းများ (CSOs)၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ (EPPs)၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ(EAOs)နှင့် ဆွေးနွေးညှိနှိုင်းရာမှ ဖက်ဒရယ်ဒီမိုကရေစီကိုအခြေခံသည့် အခြေခံဥပဒေအစား ပဋိဉာဉ်(Charter) ကို မတ်လ (၃၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ချာတာ အပိုင်း(၁)ကို လက်ခံကြသော်လည်း အပိုင်း (၂)သည် အငြင်းပွါးစရာ ဖြစ်လာခဲ့သည်။ ၂၀၀၈ အခြေခံ ဥပဒေ၏ အငွေ့အသက်မကင်းဟု ပြောသံဆိုသံ ကြားလာရသည်။ အစက ထင်ထားခဲ့သည်မှာ CRPH က ဖွဲ့စည်းသည့် NUG နောက်သို့ တညီတညွတ်ထဲလိုက်မည်။ ထိုသို့ဖြစ် လာလျင် ပြည်သူဘက်က အသာစီးရပြီး နိုင်ငံတကာထောက်ခံ မှု အမြန်ရရှိကာ ပွဲက အမြန်အပြီးသတ်လိမ့်မည်။ နိုင်ငံရေးအရ အနိုင်ရမှသာ အထိအခိုက် အနည်းဆုံးဖြင့် အပြောင်းအ လဲ ဖြစ်လာမည်။ ထိုသို့ တွေးထင်ထားသကဲ့သို့ မဟုတ်ပါ။ ပဋိဉာဉ် အပိုင်း(၂)ကြောင့် EPPs နှင့် EAOs တို့၏ အပြည့် အဝ ပူးပေါင်းပါဝင်မှုမရှိသဖြင့် ဆွေနွေးညှိနှိုင်းနေဆဲဟုဆိုပြီး ဝေ့လည်လည်ဖြစ်နေသည်ကို တွေ့ရပေသည်။ ထိုသို့ရှိနေ စဉ်မှာ နစက က မတရား ဖမ်းဆီး၊ သတ်ဖြတ်မှု အရှိန်ပြင်းထန်လာမှုကြောင့် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိသည့် ပြည်သူ့ကာကွယ်ရေးအင်အားစု(PDF)ကို မေလ (၅) ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။
PDF သည် ဖက်ဒရယ်တပ်မတော်ပေါ်ထွန်းရေးအတွက်ရှေ့ပြေးတပ်ဦးဟု ဖေါ်ညွှန်းပြောဆိုကြသည်ကို ကြားရ ပြန်သည်။ အကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်ကို တန်ပြန်သည့်သဘောဖြစ်သောကြောင့် PDF ကို ဝိုင်းဝန်းထောက်ခံ ကြသည်။
တစ်ခုကျန်နေသည်က CRPH က ဖေါ်ဆောင်မည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ပေါ်ထွန်းလာရေးဖြစ်သည်။ NUCC သည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်ရေးအတွက် NUG ကို နောက်က ထိန်း ကျောင်းပေးသည့် အဖွဲ့အစည်းအဖြစ် ရပ်တည်ရန် ဦးတည်ရည်ရွယ်ထားသည်။ NUCC တွင် ပြည်နယ်အလိုက်
ဖွဲ့စည်းထားသည့် တိုင်းရင်းသား အတိုင်ပင်ခံကောင်စီများ ပါဝင်ရန် လိုအပ်သည်။ အကြောင်းမူကား ပြည်နယ်များ၏ တိုင်းရင်းသားများ၏ ရပိုင်ခွင့်များကို သိမြင်နားလည်ရန်နှင့် ဖက်ဒရယ်အခြေခံဥပဒေတွင် ထည့်သွင်းပြဌာန်းနိုင်ရန်အ တွက် ဖြစ်သည်။
ပြည်နယ်အလိုက် တိုင်းရင်းသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းပြီးသည့် ပြည်နယ်နှင့် မဖွဲ့စည်းရသေးသော ပြည် နယ်များရှိလာသဖြင့် NUCC ဖွဲ့စည်းရန် ကြန့်ကြာလာရပြန်သည်။ ကရင်တိုင်းရင်းသားဆိုလျင် ကရင်ပြည်နယ် အတိုင် ပင်ခံကောင်စီ ဖွဲ့စည်းရေးထက် ကရင်တစ်မျိုးသားလုံး ကိုယ်စားပြုသည့် အတိုင်ပင်ခံကောင်စီဖွဲ့စည်းရန် ဆွေးနွေးညှိ နှိုင်းရပြန်သည်။ အတိုင်ပင်ခံကောင်စီထဲတွင် နစက ထောက်ခံသည့် အဖွဲ့အစည်းများ ပါရေးမပါရေးသည်လည်း ထည့် သွင်းစဉ်းစားရမည့် ပြဿနာတစ်ခုဖြစ်လာသည်။
နစကရော၊ NUG ပါ နိုင်ငံတကာအသိအမှတ်ပြုခံရရေးအတွက် အပြိုင်အဆိုင်ကြိုးပမ်းနေကြသည်ကို တွေ့မြင် နေရသည်။
နစက၏ နိုင်ငံတကာထောက်ခံမှု ကြိုးပမ်းချက်မှာ ၂၀၂၁ခုနှစ်၊ ဧပြီ(၂၄)တွင် ASEAN SUMMIT တက်ရန် အင်ဒို နီးရှားနိုင်ငံ၊ ဂျာကာတာမြို့တော်သို့သွားခြင်း၊ ဒုတိယခရီးစဉ်အဖြစ် နိုင်ငံတကာလုံခြုံရေးနှီးနှောဖလှယ်ပွဲအတွက် ရုရှား ခရီးစဉ်တွင် ရုရှားသမ္မတနှင့် တွေ့ခွင့်မရခြင်း၊ (၇၄)ကြိမ်မြောက် ကမာ္ဘ့ကျန်းမာရေးညီလာခံတွင် နစကကိုတက်ရောက် ခွင့်မပေးခြင်း၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း (၄၂)ကြိမ်မြောက်ညီလာခံတွင် နစက တက်ရောက် ခွင့်ကိုငြင်းပယ်ခြင်း၊ နိုင်ငံတကာအလုပ်သမားညီလာခံ၏ (၁၀၉)ကြိမ်မြောက် အစည်းအဝေးတွင် နစကကို တက် ရောက်ခွင့်မပေးခြင်း၊ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၄၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နစက တက် ရောက်ခွင့်မရခြင်း၊ ဇွန်လ (၁၈)ရက် ကမာ္ဘ့ကုလသမဂ္ဂညီလာခံမှာ မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ မရောက်ရှိ အောင် တားဆီးရေး၊ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေးနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများအ ပေါ် အကြမ်းဖက်နှိမ်နင်းမှု ရပ်တန့်ရေးတို့ ပါဝင်သည့် မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်ကို ထောက်ခံမဲ (၁၁၉)မဲ၊ ကန့်ကွက် မဲ (၁)မဲ၊ ကြားနေမဲ (၃၆)မဲဖြင့် ဆုံးဖြတ်အတည်ပြုချမှတ်သည့်နိုင်ငံများကို ကြည့်ခြင်းအားဖြင့် နိုင်ငံတကာ မျက်နှာစာတွင် နစက အရေးနိမ့်နေသည်ကို တွေ့မြင်ရပေမည်။
ပြည်တွင်းမှာတော့ နစကသည် သူ၏အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နိုင်ရန် ပြည်သူများကြောက်လန့်ပြီး နောက်တွန့်သွားအောင် ၎င်း၏စစ်ဖက်ဆိုင်ရာတပ်သားများ၊ လုံခြုံရေးရဲတပ်ဖွဲ့များနှင့် ဒလံများကိုအသုံးပြု၍ အင်အား အလွန်အကျွံသုံးပြီး စီမံဆောင်ရွက်လျက်ရှိရာ တရားဥပဒေဘေါင်ထက် ကျော်လွန်ကာ အကြမ်းဖက်နှိမ်နင်းသည့်အ ဆင့်သို့ ရောက်ရှိလာသည်ကို အများသိရှိပြီးဖြစ်သည်။
CDM ကြောင့် ဘဏ်လုပ်ငန်းနှင့် အရေးပါသည့် ဝန်ကြီးဌာန၏ ယန္တရားများ ရပ်တန့်ခြင်း၊ သပိတ်တိုက်ပွဲများ နှင့် ရင်ဆိုင်နေရခြင်း၊ မြို့ပြပျောက်ကျားကြောင့် အုပ်ချုပ်ရေးမှူးများနှင့် ဒလံများ အသတ်ခံရခြင်း၊ ပြည်တွင်းစီးပွါးရေး ယိမ်းယိုင်မှုကို မတည့်မတ်နိုင်ခြင်း၊ ကူးစက်မြန် အသွင်ပြောင်းမျိုးဗီဇ ဒယ်လ်တာ ကိုဗစ်နိုင်တီး ကပ်ရောဂါနှင့် ရင်ဆိုင် နေရခြင်း စသည်တို့ကို ယနေ့ထိ မဖြေရှင်းနိုင်သေးပေ။ နစက ဆန့်ကျင်သူများ ရပ်တန့်သွားအောင် အကြမ်းဖက်နှိမ် နင်းမှုပြုနေသည့် နစကကို နိုင်ငံတကာက အသိအမှတ်ပြုရန် လက်တွန့်နေခြင်းသည် နစက ကျဆုံးခန်း၏ နိဒါန်းပင် ဖြစ်လိမ့်မည်။
NUG ဘက်ကို ပြန်ကြည့်ကြစို့။ သူ၏ ကြိုးပမ်းစွမ်းဆောင်မှုကြောင့် ရရှိလာသော အောင်မြင်မှုအပိုင်းအစအချို့ ကို ဖေါ်ပြရလျင်
– မေ (၂၄)တွင် ချက်သမ္မတနိုင်ငံက NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခြင်း၊ မေ (၂၈)တွင် NUG နှင့် ဂျပန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံပြီး ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခြင်း၊ ဇွန်လ (၂၃)ရက်တွင်ပြုလုပ်သည့် ပြင်သစ်အောက်လွှတ်တော်၏ အမျိုးသားညီလာခံ(National Assembly) သို့ တက်ရောက်ရန် CRPH အဖိတ်ကြားခံရ ခြင်း၊ ဇွန်လ (၂၄)ရက်နေ့တွင် CRPH နှင့် ဩစတီးယား အောက်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခြင်း၊ ဇွန်လ (၂၅)တွင် စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တွေ့ဆုံခြင်းတို့သည် ပြည်သူအတွက် အားရကြေ နပ်ဖွယ်ပင် ဖြစ်သည်။
သို့ပင်ဖြစ်လင့်ကစား နိုင်ငံရေးခရီးကြမ်းသည် ဆက်၍ရှည်နေပေဦးမည်။ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးအဖြေရှာရေးသည် လမ်းပိတ်သွားပြီဖြစ်သောကြောင့်ပင်။ နစက သည် လုံးဝ ဥဿုံ အာဏာရရှိရေးကိုသာ ဦးတည်ပြီး (အာဏာရှင်မှန်သမျှသည် မည်သည့်အခါမှ အရှင်ထွက်မထွက်ပါ။) ပြည်သူ့ ဘက်တော်သားများသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းကွယ်ပျောက်ရေးအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်သည်။ ပြဒါး နှင့် သံပမာ ချိတ်ဆက်တွယ်ကပ်၍ မရတော့ပါ။
ထို့ကြောင့် ရယ်ဒီကယ်သဘောအရ တစ်ဖက်နှင့်တစ်ဖက် အမြစ်ပြတ်ချေမှုန်းရေးဖြစ်လာပြီး အကြွင်းသုည (Zero Sum Game) ဖြစ်လာတော့မည်ဖြစ်ရာ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမရတော့သည့်အဆုံး စစ်ရေးနည်းဖြင့် ဖြေရှင်း ကြတော့မည့် ပုံထွက်နေသည်။
ဆိုင်သူရော မဆိုင်သူပါ သေကြေပျက်စီးကြမည်။ ကယား၊ ချင်း၊ စစ်ကိုင်း၊ မန္တလေးနှင့် ကရင်တို့တွင် အစပြု နေကြပြီ။ စစ်ဘေးရှောင် များလာမည်။ စားဝတ်နေရေး ခက်ခဲကြပ်တည်းလာမည်။ ရိက္ခာပြတ်လပ်မည်။ ကျန်းမာရေး ဆိုးဝါးမည်။ တောကြောင်များ ပေါလာမည်။ ဘနဖူး သိုက်တူးကြမည်။ လူလည်ဖျံကျ အခွင့်အရေးသမားများ ပေါများ မည်။ စစ်ဘေး(သတ္တန္တရကပ်)၊ အငတ်ဘေး(ဒုဘိက္ခန္တရကပ်)၊ ရောဂါဘေး (ရောဂန္တရကပ်) တို့ကြောင့် ပြည်သူအများ ဆင်းရဲဒုက္ခရောက်မည်။
ဖြစ်ပေါ်လာမည့်ဆိုးကျိုးများကို နစကနှင့် NUG တို့က မည်သို့ဖြေရှင်းကြမည်နည်း။ မည်သည့်အဖွဲ့က တာဝန် ယူတာဝန်ခံမည်နည်း။ ခုဖြစ်မည့်စစ်က တိုင်းတပါးနှင့်ဖြစ်မည့်စစ် မဟုတ်။ အဂင်္လိပ်နှင့် ဂျပန်ကို တော်လှန်သည့် လွတ် လပ်ရေးတိုက်ပွဲလည်းမဟုတ်။ လူမျိုးရေးစစ်လည်းမဟုတ်။ တမြေထဲ၊ တရေထဲနေသည့် ညီအစ်ကိုများ အချင်းချင်းဖြစ် သည့်စစ်ဖြစ်နေ၍ သူ့လူ ကိုယ့်လူ ခွဲခြား၍မရနိုင်ပေ။ တဖက်နှင့်တဖက် တွေ့ရာသချင်္ီုင်းဓားမဆိုင်း သင်းသတ်ကြမည်။ နစက ကလည်း အာဏာလက်မလွတ်ရေးအတွက် ပြည်သူများကို ရန်သူအသွင်သဏ္ဍာန်ရန်မူ၍ မကောင်းသူထိပ် ကောင်းသူထိပ်ဆိုပြီး သံဃာတော်၊ ပညာရှင်၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ အမျိုးသမီးဟူ၍မချန်ဘဲ ချေမှုန်းဖြေ ရှင်းပေလိမ့်မည်။
NUG ကလည်း ပြည်သူ့အလိုကျ နစက ပြုတ်ကျရေးအတွက် ပြည်သူများ အထိအခိုက်နည်းအောင် မည်သို့ မည်ပုံ ဆောင်ရွက်ထားသည်လဲ။ စစ်ပွဲတွင် အားကြီးသူ အနိုင်ယူစမြဲဖြစ်သည်။ အားဆိုသည်မှာ စစ်အင်အား၊ နည်း ပညာအင်အား၊ သယံဇာတအင်အား၊ ရင်းနှီးမြှုပ်နှံမှုအင်အား၊ လူမှုအင်အား၊ သံတမန်အင်အားနှင့် မီဒီယာအင်အားတို့ ပါဝင်ပါသည်။ ထိုအားများကို ဟန်ချက်ညီညီထုတ်သုံးနိုင်သူအဖို့ အောင်ပွဲရနိုင်ပေမည်။
စစ်သည် နိုင်ငံရေး၏အဆက် ဖြစ်သည်။ နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာမရသောကြောင့် စစ်ရေး နည်းဖြင့် ဖြေရှင်းကြခြင်းဖြစ်သည်။ စစ်ဖြစ်လျင် မြေဇာပင်ပြည်သူများ ဒုက္ခရောက်ကြမည်။
စစ်ကို ရှောင်ကွင်းကြမည်လား၊ ထိပ်တိုက်ရင်ဆိုင်မည်လား။ ကမာ္ဘ့ခေါင်းဆောင်ကြီးများ လက်ပိုက်ကြည့်မနေ သင့်တော့ပါ။ ကမာ္ဘ့အသိုင်းအဝိုင်းကြီးများက မြန်မာပြည်ကို ကယ်တင်ပေးကြပါလော့။