Home Authors Posts by KIC News

KIC News

22005 POSTS 0 COMMENTS

စစ်‌ကောင်စီတပ်မှ KNU တပ်မဟာ (၅) နယ်‌မြေတွင်း ‌လေယာဉ်ဖြင့် ထပ်မံပစ်ခတ်

မတ်လ ၂၈ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ မူ‌တြော်ခရိုင် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနံ‌ဘေးရှိ ဟို‌ကေ‌ကျေးရွာထဲကို ယ‌နေ့ မွန်းလွဲ ၃နာရီခွဲအချိန်တွင် အာဏာသိမ်းစစ်‌ကောင်စီတပ်မှ စစ်‌လေယာဉ် ၂စင်းဖြင့် ၃ ကြိမ်တိတိ လာ‌ရောက်ပစ်ခတ်သွားသည်ဟု ‌ဒေသခံများက ‌ပြောသည်။ ဟို‌ကေ‌ဒေသခံရွာသားများသည် ‌နေ့လည်ကတည်းက လွတ်‌မြောက်ရာသို့ ‌ရှောင်တိမ်းသွားသည့်အတွက် အဆိုပါ ပစ်ခတ်မှုအတွင်း...

အီတူးထာ ‌ကျေးရွာမှ ရွာသား ၃,၀၀ဝ ထက်မနည်း ထိုင်းဘက်ခြမ်းသို့ ထွက်‌ပြေးတိမ်း‌ရှောင်

မတ်လ ၂၈ရက်၊ ၂၀၂၁ခုနှစ် ။ ‌ကေအိုင်စီ အာဏာသိမ်းစစ်‌ကောင်စီစစ်တပ်မှ စစ်‌လေယာဉ်ဖြင့် လာ‌ရောက်ပစ်ခတ်မည့် သတင်း‌ကြောင့် မူ‌တြော်ခရိုင် ထိုင်း-မြန်မာနယ်စပ်ရှိ အီတူးထာ‌ကျေးရွာမှ ‌ဒေသခံ ရွာသား ၃၀၀ဝ ထက်မနည်းသည် ယ‌နေ့ မွန်းလွဲပိုင်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ကြရသည်ဟု သိရသည်။ ၎င်းတို့ကို ကူညီ‌ဆောင်ရွက်‌ပေး‌နေသူ တစ်ဦးက...

KNU မူ‌တြော်ခရိုင်ဌာနချုပ်ကို ‌လေယာဉ်ဖြင့် လာ‌ရောက်ပစ်ခတ်ခံရ၍ ထိခိုက်‌သေဆုံးမှုရှိ

မတ်လ ၂၈ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ မူ‌တြော်ခရိုင် တပ်မဟာ ၅ ၏ ဌာနချုပ်ကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ယမန်‌နေ့ မတ်လ ၂၇ ရက်၊ ည ၇ နာရီ မှ နံနက် ၂ နာရီအထိ ‌လေယာဉ် ၂ စင်း ဖြင့်...

စစ်အာဏာရှင် ဆန့်ကျင်‌ရေးဆန္ဒထုတ်‌ဖော်မှုတွင် ပါဝင်သူ ဘုရားသုံးဆူမြို့ခံတစ်ဦး ‌သေနတ်ပစ်ခံရ

မတ်လ ၂၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ စစ်အာဏာရှင်ဆန့်ကျင်‌ရေးသပိတ် တွင် ဆန္ဒထုတ်‌ဖော်ပါဝင်သူ မြို့ခံတစ်ဦး ယ‌နေ့ညတွင် ‌တောပုန်း‌သေနတ်ဖြင့် အပစ်ခံရသည်ဟု သိရသည်။ အဆိုပါ အပစ်ခံရသူမှာ အမှတ် ၃ ရပ်ကွက်‌နေထိုင်သူ ‌ကျော်သူဝင်း ၄ဝ နှစ်ဖြစ်ပြီး ပစ်ခတ်သူက စစ်ထွက် မင်းမင်းဆိုသူဖြစ်သည်ဟု...

KNU တပ်မဟာ (၅) ထိန်းချုပ်နယ်‌မြေကို အာဏာသိမ်းစစ်အုပ်စုမှ ‌လေယာဉ်ဖြင့် လာ‌ရောက်ပစ်ခတ် ဟု KNU ထုတ်ပြန်

မတ်လ ၂၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ ယ‌နေ့ည ၈ နာရီခန့်အချိန်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅) ထိန်းချုပ်နယ်‌မြေ၊ ‌ဒေပူနို ‌ကျေးရွာအတွင်းသို့ အာဏာသိမ်း စစ်အုပ်စု တပ်ဖွဲ့ဝင်များမှ ‌လေယာဉ်ဖြင့် လာ‌ရောက် ပစ်ခတ်ခဲ့‌ကြောင်း KNU သတင်းနှင့်ပြန်ကြား‌ရေးဌာန ၏ သူး‌လေသတင်းစဉ် ထုတ်ပြန်ခဲ့သည်။ KNU တပ်မဟာ (၅)...

‌နွေဦး‌တော်လှန်‌ရေးတွင် ကျဆုံးအာဇာနည်များအတွက် ဂုဏ်ပြုခြင်း နှင့်ဝတ်ပြုဆု‌တောင်းခြင်း ကျင်းပ

မတ်လ ၂၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ ယ‌နေ့ကျ‌ရောက်‌သော တပ်မ‌တော်‌နေ့ကို ဆန့်ကျင်‌သောအားဖြင့် ကရင်အမျိုးသားအစည်းအရုံး-KNU နယ်‌မြေ၌ "‌နွေဦး‌တော်လှန်‌ရေး တွင် ကျဆုံးသွား‌သော အာဇာနည် သူရဲ‌ကောင်းများအား ဂုဏ်ပြုခြင်းနှင့် ဝတ်ပြုဆု‌တောင်းခြင်း"‌ခေါင်းစဉ်ဖြင့် ဖ‌ယောင်းတိုင်မီးထွန်း ဝတ်ပြုဆု‌တောင်းပွဲတစ်ခု ယ‌နေ့ (မတ် ၂၇) ည‌နေပိုင်းတွင် ပြုလုပ်ကျင်းခဲ့သည်။ ထိုသို့ဝတ်ပြုဆု‌တောင်းရာတွင် ‌နွေဦး‌တော်လှန်‌ရေးအတွက် ကျဆုံးသွား‌သော...

‌ကျေးရွာထဲသို့ စစ်‌ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှု‌ကြောင့် သားအဖနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

မတ်လ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမ‌ဘေးရှိ ‌ကော်နွဲ့‌ကျေးရွာအတွင်းသို့ ယမန်‌နေ့ ညက ၉ နာရီခွဲအချိန်တွင် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှု‌ကြောင့် ‌ဒေသခံရွာသား သားအဖနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ‌ကော့ကရိတ်-မြဝတီအာရှလမ်းမ‌ဘေးတစ်‌လျှောက်ရှိ စစ်‌ကောင်စီတပ် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ် -စကခ...
Donate