Home သတင်း ကိုဗစ်ပိုးကူးစက်မှုမြင့်မားလာမှု‌ကြောင့် မဲ‌ဆောက်မြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်

ကိုဗစ်ပိုးကူးစက်မှုမြင့်မားလာမှု‌ကြောင့် မဲ‌ဆောက်မြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်

1493

ဇူလိုင် ၉ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မြန်မာနိုင်ငံသား အများအပြား‌နေထိုင်သည့် ထိုင်း-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မဲ‌ဆောက်မြို့တွင် Covid-19 ကပ်‌ရောဂါကူးစက်မှု မြင့်မားလာသည့်အတွက် ဇူလိုင်လ ၈ ရက်‌နေ့မှစတင်၍ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်သည်ဟု သိရသည်။

အဆိုပါထုတ်ပြန်သည့် ညမထွက်ရအမိန့်တွင် မြန်မာနိုင်ငံသားအပါအဝင် ထိုင်းနိုင်ငံသား မဟုတ်သူ များအားလုံးကို ည ၈ နာရီမှစတင်၍ နံနက် ၄ နာရီအတွင်း အပြင်ထွက်ခွင့်မရသလို ထိုင်းနိုင်ငံသား ဖြစ်ပါက ည ၁၁ နာရီမှ နံနက် ၄ နာရီအတွင်း အပြင်ထွက်ခွင့်မရ‌ကြောင်း ထုတ်ပြန် ထားသည်။

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့အ‌ခြေစိုက် မြန်မာနိုင်ငံသားများအ‌ရေး ကူညီ‌ဆောင်ရွက်‌ပေး‌နေသည့် ‌ရောင်ခြည် ဦးအလုပ်သမားများအဖွဲ့မှ ဦးမိုး‌ကျော်က “ညမထွက်ရအမိန့်လည်း ထုတ်ထားတယ်။ ပြီး‌တော့ ရပ်ကွက် အချို့ကိုလည်း Lockdown ချထားတာရှိတယ်။ ဂိတ်‌တွေချထားပြီး အဝင်အထွက်‌တွေ စစ်တယ်။ ပြီး ‌တော့ မယ်‌တောင်မှာရှိတဲ့ ဆင်နှစ်‌ကောင်စက်ရုံတို့ လမ်းကြား‌တွေမှာ ကျန်းမာ‌ရေးစစ်‌ဆေး‌ရေးဂိတ် ‌တွေ ချထားတာရှိတယ်။ ပစ္စည်း‌တွေသွားလှူရင် အဲမှာပဲချရမယ်‌ပေါ့။ အဲကိုဝင်လို့‌တော့မရဘူး။ အဲဒီ ဟာမျိုး ‌တွေ စီစဉ်ထားတာ‌တွေ့ရတယ်။ ” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် မဲ‌ဆောက်မြို့အတွင်းရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်လုပ်‌နေကြသည့် မြန်မာနိုင်ငံ သားစက်ရုံအလုပ်သမားများလည်း Covid-19 ကူးစက်ခံရသူများရှိသည့်အတွက် စက်ရုံနှင့် အလုပ်သမား များ‌နေထိုင်သည့် တန်းလျားများကိုလည်း အဝင်အထွက် ပိတ်ထားလိုက်ခြင်းရှိသည်ဟု ၎င်းက ဖြည့်စွက်‌ပြောသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တွင် မြို့နယ် (၉) မြို့နယ်ရှိသည့်အနက် မဲ‌ဆောက်မြို့နယ်တွင် Covid-19 ကူးစက် မှုအများဆုံးဖြစ်ပြီး ဇူလိုင်လ ၁ ရက်မှ ဇူလိုင်လ ၈ ရက်‌နေ့အထိ မဲ‌ဆောက်မြို့နယ်တွင် Covid -19 ကူးစက်သူ ၁၂၁၇ ဦးရှိ‌ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။

Covid-19 ‌ရောဂါကူးစက်မှု ဖြစ်ပွားသည့်အချိန်မှစတင်၍ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲ‌ဆောက် နှစ်နိုင်ငံချစ်ကြည်‌ရေးတံတားကိုလည်း အဝင်အထွက် တရားဝင်ပိတ်ထားလိုက်သည့်အတွက် ထိုင်းနိုင်ငံအတွင်း တရားမဝင် နိုင်ငံဖြတ်‌ကျော်မှုမရှိ‌စေရန် ထိုင်းနယ်စပ် ‌သောင်ရင်းမြစ်ကမ်းတစ် ‌လျှောက်တွင် ထိုင်းစစ်တပ်ဘက်မှ လုံခြုံ‌ရေးတင်းကြပ်ထားလျက်ရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်‌ရောဂါ ကူးစက်ခံရသူ စုစု‌ပေါင်း (၃၁၇,၅၀၆)ရှိပြီး ‌သေဆုံးသူ (၂,၅၃၄) ဦးရှိသည်ဟု ထိုင်းကျန်းမာ‌ရေးဌာန၏ ယမန်‌နေ့ ဇူလိုင်လ (၉) ရက်‌နေ့ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။