Home Authors Posts by KIC News

KIC News

22364 POSTS 0 COMMENTS

စစ်အုပ်စုတပ်ကြောင့် တစ်နှစ်အတွင်း အမျိုးသမီး ၈၀၀ နီးပါး သေဆုံးခဲ့ဟု BWU ပြော

ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက် နက်ကြီး ပစ်ခတ်ခြင်းများကြောင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အမျိုးသမီး (၇၉၂) ဦး သေဆုံးခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s...

မြဝတီတောင်ပိုင်းက စစ်ရှောင် ၃,၀၀၀ ကျော် ရိက္ခာပြတ်လပ်မှု ကြုံနေရ

ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့တောင်ဘက်ဒေသ တိုက်ပွဲများကြောင့် နှစ်ရှည် နေရပ်စွန့်ခွာ နေထိုင်ရသည့် စစ်ရှောင်နေရာ (၈) ခုရှိ စစ်ဘေးရှောင် ၃,၀၀၀ ကျော်သည် အလှူရှင်နည်းပါးလာမှုကြောင့် ယခု ဇန်နဝါရီလမှစ၍ ဆန်နှင့် အခြေခံ စားသောက်ကုန်...

လှိုင်းဘွဲတွင် မဲရုံလုံခြုံရေး လာယူသည့် စစ်အုပ်စုတပ် အင်အားထပ်မံဖြည့်တင်း

ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မဲရုံလုံခြုံရေး အကြောင်းပြ၍ လှိုင်းဘွဲမြို့နယ်အတွင်း ဝင်ရောက်နေယူထားသည့် စစ်အုပ်စု တပ်ဖွဲ့ဝင် များသည် ယခုအချိန်ထိ ပြန်လည်ထွက်ခွာခြင်းမရှိဘဲ အင်အားဖြည့်တင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံများနှင့် နယ်မြေတာဝန်ရှိသူများထံမှ သိရသည်။ ရွေးကောက်ပွဲအပိုင်း (၂) တွင် ပါဝင်သည့်...

မြိုင်ကလေးဘိလပ်မြေစက်ရုံထွက် ကျောက်မီးသွေးအနံ့ဆိုး၍ အနီးဝန်းကျင်နေ ပြည်သူများ ပြောင်းရွှေ့အိပ်ရ

ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ သံလွင်မြစ်အနောက်ဘက်ခြမ်း လှာကာကျေးရွာအုပ်စုရှိ စစ်တပ်ပိုင် မြိုင်ကလေးတန်(၄၀၀၀) ဘိလပ်မြေစက်ရုံမှ စည်းကမ်းမဲ့ထားရှိသည့် ကျောက်မီးသွေးအနံ့ဆိုးကြောင့် ညအချိန် နေရာပြောင်းရွှေ့အိပ်ရကြောင်း အနီးဝန်းကျင်ကျေးရွာနေ ဒေသခံပြည်သူများက ပြောသည်။ ကျောက်မီးသွေး အလွန်အကျွံ အသုံးပြုလည်ပတ်နေသည့် ထိုဘိလပ်မြေစက်ရုံတွင် စုပုံနေရာ ချထားသော...

ထိုင်းနိုင်ငံတွင် ကရိန်းပြိုကျမှုထပ်မံဖြစ်ပွားပြီး လူထိခိုက်သေဆုံးမှုရှိ

ဇန်နဝါရီလ၊ (၁၅)ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ စမွန်စခွန်ပြည်နယ်တွင် ယနေ့ ဇန်နဝါရီလ ၁၅ရက်၊ နံနက် ၉ နာရီဝန်းကျင်အချိန် ဘန်ကောက်-စမွန်စခွန်လမ်းမကြီးရှိ ဆောက်လက်စတံတားပေါ်မှ ကရိန်းထပ်မံပြိုကျမှုဖြစ်ပွားပြီး လူထိခိုက်သေဆုံးမှုရှိကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။ နှစ်လမ်းမောင်းလမ်းပေါ် သွားလာနေသည့် ခရီးသည်မော်တော်ယာဥ်နှစ်စီးသို့ ကရိန်းပြိုကျခဲ့ခြင်းဖြစ်ပြီး လူ(၂)ဦး သေဆုံး၍ (၂)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားသည်ဟု...

မြန်မာနှင့် ထိုင်းအပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံကို ဗီဇာလုပ်ငန်းစဉ် ဆိုင်းငံ့ရန် အမေရိကန်အစိုးရ ပြင်ဆင်

ဇန်နဝါရီလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာနှင့် ထိုင်းနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံက လာရောက်လှည့်ပတ်သူများအတွက် ဗီဇာဝန်ဆောင်မှု လုပ်ငန်းစဉ်များကို လာမည့် ဇန်နဝါရီလ ၂၁ ရက်နေ့မှစပြီး ထရမ့် ဦးဆောင်သည့် အမေရိကန်အစိုးရက ယာယီဆိုင်းငံ့ရန် ပြင်ဆင်နေကြောင်း သိရသည်။ အမေရိကန် နိုင်ငံခြားရေးဌာန၏...

ကော့ကရိတ်ရွေးကောက်ပွဲ နယ်မြေချဲ့ထွင်ရေး စစ်အုပ်စုစစ်ကြောင်းတိုး၍ ပစ်ခတ်မှုများပိုလုပ်လာ

ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ရွေးကောက်ပွဲနယ်မြေချဲ့ထွင်ရေးအတွက် ပြီးခဲ့သည့် ဇန်နဝါရီ (၁၀)ရက်နေ့နောက်ပိုင်းမှစတင်ပြီး စစ်အုပ်စုက မြေပြင်စစ်ကြောင်းရှေ့ဆက်တိုးမှုနှင့် ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။ မိဖာလဲ၊ နောင်ကိုင်း၊ ကမိုင်ကုန်း၊‌ မောင်းမက အစရှိသည့် ကော့ကရိတ် တောင်ပိုင်း၊‌မြောက်ပိုင်းအပါအဝင်...

အွန်လိုင်းလောင်းကစားနှင့် ဆက်နွယ်မှု စွပ်စွဲချက်ဖြင့် မဲဆောက် အမတ်တစ်ဦး ဖမ်းဆီးခံရ

ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များနှင့် ဆက်နွယ်မှု စွပ်စွဲချက်ဖြင့် တာ့ခ်ခရိုင်ကိုယ်စားပြု၊ နိုင်ငံရေးပါတီတစ်ခုက အမတ်ဖြစ်သူ မစ္စတာ Ratchapong ကို ထိုင်းရဲတပ်ဖွဲ့မှ ယမန်နေ့တွင် ဘန်ကောက်မြို့၌ ဖမ်းဆီးလိုက်သည်ဟု ထိုင်းသတင်းများတွင် ရေးသားကြသည်။ အသက် ၃၂ နှစ်အရွယ်...

စစ်အုပ်စုတပ်ဖွဲ့ဝင် နှစ်ဦး KNU တပ်မဟာ (၇)ထံ ခိုလှုံ

ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်အုပ်စု၏အတင်းအကြပ် စစ်မှုထမ်းစုဆောင်းခြင်းခံရသူ တပ်ဖွဲ့ဝင် နှစ်ဦးသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တပ်မဟာ(၇)ထံသို့ ဇန်နဝါရီလ(၁၂)ရက်နေ့တွင် လက်နက်နှင့်တကွ ဘက်ပြောင်းခိုလှုံလာကြောင်း ကေအဲန်ယူက ဇန်နဝါရီ(၁၄)ရက်နေ့တွင် ထုတ်ပြန်သည်။ စစ်အုပ်စု၏ ခြေမြန်တပ်ရင်း ခမရ-၅၄၈ တပ်ဖွဲ့မှ ထွက်ပြေးလွတ်မြောက်လာသည့် အသက်(၂၅)နှစ်အရွယ် စည်သူဟိန်းဆိုသူနှင့်...

နေလာရင် နှင်းပျောက်တဲ့ အခြေအနေမျိုး၊ အချိန်တန်ရင် သမိုင်းမှာ ကမ္ဗည်းမတင်နိုင်တဲ့ သာမန်ဖြစ်စဥ်သာ ဖြစ်တယ် “

နေလာရင် နှင်းပျောက်တဲ့ အခြေအနေမျိုး၊ အချိန်တန်ရင် သမိုင်းမှာ ကမ္ဗည်းမတင်နိုင်တဲ့ သာမန်ဖြစ်စဥ်သာ ဖြစ်တယ် " ကော်သူးလေနိုင်ငံ ကြေညာခြင်းအပေါ် တရားလွှတ်တော်ရှေ့ စောဘဦးလေနှင့် မေးမြန်းခြင်း ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကော်သူးလေအာမီ-KTLA ခေါင်းဆောင် စောနယ်ဒါးမြက ကော်သူးလေသမ္မတနိုင်ငံကို တည်ထောင်ကြောင်း ပြီးခဲ့သည့်...
Donate