KIC News
မြဝတီတွင် ပြောင်းတင်ကားများ အဝင်အထွက်များခြင်းကြောင့် ရာနှင့်ချီ၍ယာဉ်ကြော ပိတ်ဆို့မှုဖြစ်
ဖေဖော်ဝါရီ ၇ ရက် ၂၀၂၂ ခုနှစ် ။ ကေအိုင်စီ
ပြောင်းထွက်ရာသီ မြဝတီမြို့တွင် ပြောင်းဆန်တင်ဆောင်သည့် ထိုင်းကုန်တင်ကားများ အဝင်အထွက်များခြင်းကြောင့် ရာနှင့်ချီ၍ ယာဉ်ကြောပိတ်ဆို့မှုများ နေ့စဉ်လိုလို ဖြစ်နေကြောင်း သိရသည်။
ယခုလ ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့လယ်ယာ ထွက်ကုန် ပြောင်းဆန်များကို မြဝတီနယ်စပ်မှ...
နွေဦးတော်လှန်ရေး ပထမနှစ်ပတ်လည် သတင်းစကား
နွေဦးတော်လှန်ရေး ပထမနှစ်ပတ်လည် သတင်းစကား
မောင်ကျော်စွာ
(၂၀၂၂ခုနှစ်၊ ဖေဖေါ်ဝါရီလ ၆ရက်)
အများက “နွေဦးတော်လှန်ရေး”လို့ ချစ်စနိုးခေါ်ကြတဲ့ ပြည်သူများရဲ့အရေးတော်ပုံကြီး ၁နှစ်ပြည့်မြောက်ခဲ့ပါ ပြီ။ ဖြတ်သန်းခဲ့၊ ဖြတ်သန်းဆဲ တော်လှန်ရေးလက်တွေ့ထဲကနေ အထင်ရှားဆုံးမြင်ရတဲ့အချက်ကို ပြောပြပါလို့ဆိုရင် “လူထုအုံကြွတော်လှန်မှုကို ဘယ်သူမှမဖန်တီးနိုင်သလို ဟန့်တားလို့လည်း မရနိုင်ဘူး” ဆိုတဲ့အချက်ကို ပြောပြရလိမ့် မယ်လို့ ထင်ပါတယ်။
မင်းအောင်လှိုင်...
တစ်နှစ်ပြည့် အလုပ်သမားထု သပိတ်စစ်ကြောင်းကိုဂုဏ်ပြုသည့် လူငယ်သပိတ် ၃ခု ပြောက်ကျား ဆန္ဒထုတ်ဖော်
ဖေဖော်ဝါရီ ၆ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပြီး ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၆ရက်နေ့တွင် ပြုလုပ်ခဲ့သော အလုပ်သမားထု ဦးဆောင်သည့် သပိတ်စစ်ကြောင်း တစ်နှစ်ပြည့်ကို ဂုဏ်ပြုသည့်အနေဖြင့် သပိတ်ကော်မတီ သုံးခုမှ အလုပ်သမား၊ ကျောင်းသား၊ လူငယ်ရဲဘော်မောင်မယ်များ ပူးပေါင်း၍ ရန်ကုန်မြို့တစ်နေရာတွင် ပြောက်ကျားသပိတ်ဖြင့် ယနေ့...
တစ်မျိုးသားလုံး၏ အကျိုးစီးပွားအတွက် ကေအဲန်ယူ လုပ်ဆောင်ရမည်ဟု အဖွဲ့ ၇၅နှစ်ပြည့်တွင် ဥက္ကဌ စောမူတူးစေးဖိုး တိုက်တွန်းပြောဆို
ဖေဖော်ဝါရီ ၆ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖွဲ့စည်းတည်ထောင်ခဲ့သည့် (၇၅)နှစ်ပြည့်မြောက်သည့်နေ့တွင် လက်ရှိဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ကေအဲန်ယူသည် ကရင်တစ်မျိုးသားလုံးအတွက် ဖွဲ့စည်းတည်ထောင်ခဲ့သောကြောင့် ကရင်တစ်မျိုးသားလုံး အကျိုးစီးပွားအတွက် လုပ်ဆောင်ရမည်ဖြစ်သည်ဟု ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ပေးပို့သည့် သဝဏ်လွှာ၌ ပြောဆိုခဲ့သည်။
၂၀၂၂၊ ဖေဖော်ဝါရီ ၅ရက်နေ့တွင် ကျရောက်သော ကေအဲန်ယူ၏ ၇၅နှစ်မြောက်...
အချိန်ခါမဟုတ် မိုးရွာသွန်းမှုကြောင့် လေးကေကော် စစ်ရှောင်များ နေရာထိုင်ခင်း ခက်ခဲနေ
ဖေဖော်ဝါရီ ၆ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
လေးကေကော်တိုက်ပွဲကြောင့် သောင်ရင်းမြစ်ဘေးတစ်လျှောက်တွင် ၂လနီးပါး စစ်ဘေးရှောင်နေရသည့် စစ်ဘေး ရှောင်နေရသူများမှာ ဖေဖော်ဝါရီ ၄ရက်နှင့် ၅ရက်နေ့များက အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် အမိုးအကာ မလုံလောက်ဘဲ နေရာထိုင်ခင်း အခက်အခဲရှိနေကြကြောင်း စစ်ဘေးရှောင်များ၏ ပြောပြချက်အရ သိရသည်။
လေးကေကော် ရပ်ကွက် ၃တွင်...














