Home Authors Posts by KIC News

KIC News

21997 POSTS 0 COMMENTS

စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များ တာဝန်မှ နုတ်ထွက်ပေးရန် ကေအဲန်ယူ ဖားအံမြို့နယ် သတိပေးထုတ်ပြန်

ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအိုင်စီ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး လက်ရှိတာဝန်မှ နုတ်ထွက်ပေးရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ ဖားအံမြို့နယ်က ယနေ့ ဖေဖော်ဝါရီလ ၈ရက်နေ့တွင် သတိပေးစာထုတ်ပြန်ကြေညာလိုက်သည်။ ၎င်းထုတ်ပြန်ချက်တွင် ကေအဲန်ယူ-သထုံခရိုင်၊ ဖားအံမြို့နယ်၊ တပ်ရင်း...

ထိုင်းသို့ MOU ဖြင့် လူပို့မည့်ကိစ္စတိကျသည့် လုပ်ငန်းလမ်းညွှန်မှု မရှိသေးဟု ဆို

ဖေဖော်ဝါရီ ၈ ရက် ၂၀၂၂ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံသဘောတူစာချုပ်-MOU စနစ်ဖြင့် မြန်မာလုပ်သား ပို့ဆောင်မည့်ကိစ္စနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအပေါ် တိကျသည့် လုပ်ငန်းလမ်းညွှန်မှု မရှိသေးကြောင်း သိရသည်။ ထိုင်းနိုင်ငံဘက်က လုပ်သားလိုအပ်ချက်အရ အိမ်နီးချင်း မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သား...

KNU နယ်မြေထဲတွင် တစ်လအတွင်း အရပ်သား ၁၂ ဦးသေဆုံးပြီး ၃၂ ဦးထိခိုက်ဒဏ်ရရှိခဲ့

ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေထဲတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်ကောင်စီ တပ်ဘက်မှ လေကြောင်းတိုက် ခိုက်မှုအပြင် ကျေးရွာအတွင်း လက်နက်ကြီးနှင့်ပစ်ခတ်မှုများကြောင့် ဒေသခံ အရပ်သားပြည်သူ ၁၂ ဦးအသက်သေဆုံးရပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ယနေ့...

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲ DKBA နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ တက်မည်

ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ စိန်ရတု ပြည်ထောင်စုနေ့တွင် စစ်ကောင်စီ ဦးဆောင်ကျင်းပမည့် ငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲသို့ NCA အပစ်ရပ်ထားသည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)နှင့် (KNU/KNLA-PC) ကရင်ငြိမ်း ချမ်းရေးကောင်စီတို့ တက်ရောက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်အသီးသီးက အတည်ပြုပြော သည်။ အာဏာသိမ်းစစ်ကောင်စီ ဦးဆောင်ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင်...

စစ်‌ကောင်စီဖိတ်‌ခေါ်သည့် ငြိမ်းချမ်း‌ရေးအကြိုညှိနှိုင်း‌ဆွေး‌နွေးပွဲ မတက်‌ရောက်နိုင်ဟု ‌ကေအဲန်ယူ‌ပြော

‌ဖေ‌ဖော်ဝါရီ ၇ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ အာဏာသိမ်းစစ်‌ကောင်စီ ဦး‌ဆောင်ကျင်းပမည့် စိန်ရတုပြည်‌ထောင်စု‌နေ့ အခမ်းအနားတွင် EAOs တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များအ‌နေဖြင့် တက်‌ရောက်ရန်နှင့် ထာဝရငြိမ်းချမ်း‌ရေးအကြိုညှိနှိုင်း‌ဆွေး‌နွေးပွဲ လုပ်‌ဆောင်သွားရန် စစ်‌ကောင်စီ၏ ဖိတ်ကြားမှုအ‌ပေါ် တက်‌ရောက်‌ဆွေး‌နွေးရန်မရှိ‌ကြောင်း ‌ကေအဲန်ယူ ဗဟိုနိုင်ငံ ခြား‌ရေးဌာန တာဝန်ခံပဒို‌စော‌တောနီးက ‌ပြောသည်။ ‌ဖေ‌ဖော်ဝါရီလ ၁၂...

မြဝတီတွင် ‌ပြောင်းတင်ကားများ အဝင်အထွက်များခြင်း‌ကြောင့် ရာနှင့်ချီ၍ယာဉ်‌ကြော ပိတ်ဆို့မှုဖြစ်

‌ဖေ‌ဖော်ဝါရီ ၇ ရက် ၂၀၂၂ ခုနှစ် ။ ‌ကေအိုင်စီ ‌ပြောင်းထွက်ရာသီ မြဝတီမြို့တွင် ‌ပြောင်းဆန်တင်‌ဆောင်သည့် ထိုင်းကုန်တင်ကားများ အဝင်အထွက်များခြင်း‌ကြောင့် ရာနှင့်ချီ၍ ယာဉ်‌ကြောပိတ်ဆို့မှုများ ‌နေ့စဉ်လိုလို ဖြစ်‌နေ‌ကြောင်း သိရသည်။ ယခုလ ‌ဖေ‌ဖော်ဝါရီ ၁ ရက်‌နေ့မှစ၍ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့လယ်ယာ ထွက်ကုန် ‌ပြောင်းဆန်များကို မြဝတီနယ်စပ်မှ...

‌နွေဦး‌တော်လှန်‌ရေး ပထမနှစ်ပတ်လည် သတင်းစကား

‌နွေဦး‌တော်လှန်‌ရေး ပထမနှစ်ပတ်လည် သတင်းစကား ‌မောင်‌ကျော်စွာ (၂၀၂၂ခုနှစ်၊ ‌ဖေ‌ဖေါ်ဝါရီလ ၆ရက်) အများက “‌နွေဦး‌တော်လှန်‌ရေး”လို့ ချစ်စနိုး‌ခေါ်ကြတဲ့ ပြည်သူများရဲ့အ‌ရေး‌တော်ပုံကြီး ၁နှစ်ပြည့်‌မြောက်ခဲ့ပါ ပြီ။ ဖြတ်သန်းခဲ့၊ ဖြတ်သန်းဆဲ ‌တော်လှန်‌ရေးလက်‌တွေ့ထဲက‌နေ အထင်ရှားဆုံးမြင်ရတဲ့အချက်ကို ‌ပြောပြပါလို့ဆိုရင် “လူထုအုံကြွ‌တော်လှန်မှုကို ဘယ်သူမှမဖန်တီးနိုင်သလို ဟန့်တားလို့လည်း မရနိုင်ဘူး” ဆိုတဲ့အချက်ကို ‌ပြောပြရလိမ့် မယ်လို့ ထင်ပါတယ်။ မင်း‌အောင်လှိုင်...
Donate