KIC News
ရေးမြို့နယ်တွင် Mytel ဖုန်းတာဝါတိုင် ၃ ခုမီးရှိူ့ဖျက်ဆီးခံရပြီးနောက် ကျေးရွာတွင်း ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်
ဧပြီ ၅ ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအိုင်စီ
မွန်ပြည်နယ် ၊ ရေးမြို့နယ် ကနင်ကမော့၊ နင်းစုံ၊ ဘဲလမုရွာရှိ စစ်ကောင်စီတပ်ပိုင် Mytel တာဝါတိုင် ၃ ခုကို ဧပြီလ ၄ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်များရောက်ရှိလာပြီး ကျေးရွာတွင်း ဝင်ရောက်စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်လျက်ရှိသည်ဟု...
ခလယ်-တံခွန်တိုင်ရဲစခန်းရှေ့ ည ၇ နာရီကျော် ဖြတ်သန်းသွားလာပါက ပစ်မည်ဟု စစ်ကောင်စီပြော
ဧပြီ ၅ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလယ်-တံခွန်တိုင်ရဲစခန်းရှေ့တွင် ဧပြီလ ၃ ရက်နေ့မှစပြီး ညပိုင်း ၇ နာရီကျော်မှ နံနက်မိုးလင်းအထိ ဖြတ်သန်းသွားလာခွင့် မပြုတော့သည့်အပြင် မသင်္ကာသူများ တွေ့ရှိပါကလည်းပစ်မိန့်ပေးထားသည်ဟု ဝင်းရော်ဒေသ ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။
တံခွန်တိုင်ရဲစခန်းအနီးတွင် ပြီးခဲ့သည့် ဧပြီလ...
စစ်ကောင်စီတပ်နှင့် BGF တပ်များ၏ ပစ်ခတ်မှုကြောင့် တစ်လအတွင်း အရပ်သား ၂၅ ဦးသေဆုံးပြီး ၃၁...
ဧပြီလ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်မြေထဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် -BGF တပ်များ၏ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် တစ်လအတွင်း အရပ်သားပြည်သူ ၂၅ ဦးသေဆုံးခဲ့ရပြီး ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်ဟု ယနေ့ ထုတ်ပြန်သည့် ကေအဲန်ယူ၏...
လက်ရှိနိုင်ငံရေးအကြပ်အတည်းကို နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးဖြေရှင်းသွားမည့်ပုံစံ PPST ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိသေး
ဧပြီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို နိုင်ငံနည်းလမ်းအရ ဆွေးနွေးအဖြေရှာသွားရန် အပစ်ရပ် တိုင်းရင်း သားလက်နက်ကိုင် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် ဆုံးဖြတ်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဆွေးနွေးဖြေရှင်းမည့်လမ်းပြမြေပုံ ပုံစံများကိုမူ အသေးစိတ်ထုတ်ဖော်ပြော ကြားနိုင်ခြင်းမရှိသေးကြောင်း...
KNU တပ်မဟာ ၆ တွင် တစ်ရက်အတွင်း တိုက်ပွဲ ၃ နေရာ ပြင်းထန်
ဧပြီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ၊ ကော့ကရိတ်မြို့ နယ်နှင့် ကျုံဒိုးမြို့နယ်တို့တွင် ယနေ့ ဧပြီလ ၄ ရက်နေ့တွင် တစ်ရက်အတွင်း တိုက်ပွဲ (၃)နေရာ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံထံမှ သိရသည်။
ယနေ့ ကော့ကရိတ်မြို့အနီး...
မြဝတီ-ကော့ကရိတ်အာရှလမ်းသစ်တွင် တိုက်ပွဲဖြစ်လမ်းပိတ်သဖြင့် ထို့ကော်ကိုး-မဲ့ပလဲ့လမ်းကို ပြောင်းလဲသွားလာနေ
ဧပြီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြဝတီ ကော့ကရိတ် အာရှလမ်းသစ် လမ်းပိတ် တိုက်ပွဲဖြစ်၊ ကားမီးရှို့ ဖြစ်စဥ်များကြောင့် မြဝတီ ဒေသခံများ ထီလုံ-ထို့ကော်ကိုး- မဲ့ပလဲ့ တောင်ပတ်ကားလမ်းကြောင်းကို ပြောင်းလဲအသုံး ပြုသွားလာနေကြကြောင်း မြဝတီ ကားသေးလိုင်းကားသမားများပြောစကားအရ သိရသည်။
လိုင်းကားသမားတစ်ဦးက "ဒီနေ့တော့...
ကျိတ်ကျေးရွာတွင် လေယာဉ်ဖြင့် နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ် လာရောက်ပစ်ခတ်
ဧပြီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်(ကော့ကရိတ်မြို့တောင်ပိုင်း)ရှိ ကျိတ်ကျေးရွာတွင် ယမန်နေ့ ဧပြီလ ၃ ရက်နှင့် ယနေ့ ဧပြီ ၄ ရက်နေ့တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် နှစ်ရက်ဆက်တိုက် လာရောက်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံထံမှ သိရသည်။
စစ်ကောင်စီ...
တော်လှန်ရေးအဖွဲ့ ပူးပေါင်းလာသူ ခမရ ၅၈၅ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်နှင့် မေးမြန်းချက်
"ဘာမှန်းမသိတဲ့ ကျနော်နဲ့အတူ လမ်းပျောက်နေကြသော လက်တွဲဖော်တွေ ကြားထဲမှာလည်း လမ်းပျောက်ပြီးတော့ ဆက်မနေချင်လို့ပေါ့။" ဗိုလ်မှူး တင်လင်းအောင် KNU-ကရင်အမျိုးသားအစည်းအရုံး ဦးဆောင်သည့် တော်လှန်ရေးအဖွဲ့အစည်းများထံ လာရောက်ပူးပေါင်းခဲ့သည့် လေးကေကော်ဒေသကို ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် ခမရ -၅၈၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး တင်အောင်အား ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။...















