KIC News
လုံခြုံရေးတင်းကြပ်သည့်ကြားမှ မကြာခဏ ဗုံးဖောက်ခွဲမှုနှင့် ဗုံးတွေ့ရှိမှုများကြောင့် စစ်ကောင်စီနှင့် ဆက်စပ်အဖွဲ့များအပေါ် မြို့ခံများ သံသယဖြစ်နေ
အောက်တိုဘာလ ၁၉ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြဝတီ-မဲဆောက်တံတားထိပ်တွင် လုံခြုံရေးတိုးမြှင့်တင်းကြပ်ထားသည့်အကြားတွင် မကြာခဏ ဗုံးဖောက်ခွဲမှုနှင့် ဗုံးတွေ့ရှိမှုများဖြစ်နေခြင်းကြောင့် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် -BGF အဖွဲ့များအပေါ် သံသယဖြစ်မိကြောင်း မြို့ခံများအကြား ဝေဖန်သုံးသပ်ပြောဆိုမှုများရှိနေသည်။
ယမန်နေ့ အောက်တိုဘာလ ၁၈ရက်က မြ၀တီမြို့ အမှတ် ၄ ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး ပေါ်ရှိ...














