KIC News
ဘယ်ဆီကို ပြေးမလဲ
ဘယ်ဆီကို ပြေးမလဲ
· မိုးဆိုလည်း မိုး…
ဆောင်းဆိုလည်း ဆောင်း…
နွေဆိုလည်း နွေ…
ကော်သူးလေရဲ့ ကံကြမ္မာက
မျှမျှတတ အလှဆင်နိုင်ဖို့··တဲ့
ဒါနဲ့…
ရာသီဥတုနဲ့ အတူ
သစ်ပင်ဝါးပင်အောက်မှာ
မေတ္တာတွေ ပွင့်မြဲ…
သစ္စာတွေ ရှိဆဲ…
ဒါပေမဲ့ …
ဘယ်ဆီ ပြေးမလဲပေါ့…။
· စက္ကန့်တိုင်းမှာ
သောကတွေနဲ့…
စီရင်ချက်ကို ကြားနာရင်း…
လက်တွေ့မှာ
အဝတ်လျှော်ဖို့ ဆပ်ပြာမရှိဘူး…
ထမင်းချက်ဖို့ ဆန်မရှိဘူး…
ဆူးက ရင်ကိုစူးပြီး စူးတယ်
ဒဏ်ရာက ကြီးသထက် ကြီးလာတယ်
ရောဂါက နာတာရှည်လို ဖြစ်လာတယ်။
· တစ်ခါတစ်ခါ
ရင်ထဲမှာ...
အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးရိုက်နှက်သည်ဆိုပြီး KNU/KNLA-PC မှ တပ်မှူးနှင့်အဖွဲ့ဝင်ကို အရေးယူရန် စစ်ကောင်စီ နယ်လုံဝန်ကြီးစာပို့
ဧပြီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့နယ် ရေကျော်(မကျီးကျွန်း)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC) အဖွဲ့မှ (၇၀၃) တပ်ရင်းမှူး ဦးဆောင်သောအဖွဲ့က ဖမ်းဆီးခေါ်ဆောင်ရိုက်နှက်သည့်ကိစ္စနှင့်ပတ် သက်၍ အရေးယူပေးရန် ပြည်နယ်စစ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်မှ မတ်လ...
ကရင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာရောက်ဖြေဆိုခြင်းမရှိသည့် ကျောင်းသား/ကျောင်းသူ ၅ဝဝ ကျော်ရှိ
ဧပြီ ၁ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာရောက်ဖြေဆိုခြင်း မရှိ သည့် ကျောင်းသား/ကျောင်းသူ ဦးရေ ၅၅ဝ ရှိသည်ဟု ပြည်နယ်စစ်ကောင်စီ၏ ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို...
မော်ခီးစခန်းကို ပြန်သိမ်းရန် ဥကရစ်ထစခန်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားရောက်ရှိနေဟု KNLA ပြော
ဧပြီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ပြီးခဲ့သည့် မတ်လတတိယအပတ်က ကျသွားသည့် မော်ခီးစခန်းကို ပြန်သိမ်းယူရန် စစ်ကောင်စီ တပ်ဖွဲ့ဝင်အများ အပြားသည် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA ထိန်းချုပ်နယ်မြေရှိ ဥကရစ်ထစခန်းသို့ ရောက်ရှိလာကြောင်း နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်မှူးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ...
စစ်ဘေးရှောင်ထံ စားသောက်စရာပေးပို့ကူညီနေသူများအား အသွားအလာကန့်သတ်ထားသဖြင့် အခက်တွေ့နေ
ဧပြီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြဝတီတောင်ဘက် ဝေါလေလမ်းကြောင်းတစ်လျှောက် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေသူများထံ စားသောက် စရာပေးပို့ကူညီနေသူများအား ထိုင်းစစ်တပ်မှ အသွားအလာကန့်သတ်ထားသဖြင့် ကူညီပေးရေးအဖွဲ့များ အခက်တွေ့နေသည်ဟု ပြောဆိုကြသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီ-ဝေါလေလမ်းပိုင်းတွင် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲကြောင့် သောင်ရင်းမြစ်ဘေးနေရာများတွင်...















