KIC News
မုန်းမြို့နယ်ရှိ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်ခဲ့
အောက်တိုဘာ ၂၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ညောင်လေးပင်ခရိုင်၊ (တပ်မဟာ ၃နယ်မြေ) မုန်းမြို့နယ် တခေါ့ပွာကျေးရွာမှ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ရက်နေ့တွင် အင်းအား ၇၀ ခန့်ရှိ စစ်ကောင်စီတပ်သည် အောင်းလောင်းစိန်ကျေးနှင့် တခေါ့ပွာကျေးရွာကို...
စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲမည်ကို ကတိုင်တိကျေးရွာဒေသခံများ စိုးရိမ်
အောက်တိုဘာလ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မူတြော်(ဖာပွန်)ခရိုင်၊ ကတိုင်တိကျေးရွာတွင် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF) နှင့် နယ်မြေခံ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA)အကြား ပစ်ခတ်တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် စစ်ကောင်စီ တပ်များက ကျေးရွာအတွင်းသို့ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်နေကြရကြောင်း ဒေသခံများက ပြောသည်။
KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅)ထိန်းချုပ်နယ်မြေရှိ...
စစ်ကောင်စီ၏ ကွီလုံတိုင်စစ်စခန်းကို KNLA သိမ်းပိုက်၊ စစ်သုံ့ပန်း ၁၇ဦး ဖမ်းမိပြီး လက်နက် ၄၀ကျော် သိမ်းဆည်းခဲ့
အောက်တိုဘာ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ နို့တကော(ကြာအင်းဆိပ်ကြီး)မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကွီလုံတိုင်စခန်းကို ယနေ့ နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း ၁၇နှင့် တပ်ရင်း-၁၈ ပူးပေါင်းတပ်ဖွဲ့တို့ တက်ရောက်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၁၇ ဦး အရှင်ဖမ်းမိကာ လက်နက်အလက်ပေါင်း...
ကားမီးရှို့ခံရပြီးနောက်ပိုင်း ပစ်ခတ်မှုကြောင့် ဒေသခံရွာသူတစ်ဦး လက်နက်ကြီးကျည်ထိမှန်
အောက်တိုဘာ ၂၆ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့၊ ရွှေကြက်မင်းဘုရားလမ်းမှ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အာရှလမ်းအနီးတဝိုက်ကို ယနေ့မွန်းလွှဲပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကျောက်စရစ်ကုန်းရွာသူတစ်ဦးမှာ ကျည်ထိမှန်ကာ ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။
အသက် ၁၅နှစ်ဝန်းကျင်ရှိ အဆိုပါရွာသူမှာ ရွာထဲရှိနေစဉ် ကျရောက်လာသည့် လက်နက်ကြီးကျည်ကြောင့် ကျောပြင် တွင် ဒဏ်ရာပြင်းထန်ကာ သွေးထွက်များနေခြင်းကြောင့်...
ကရင်ပြည်နယ်တွင် စစ်ကောင်စီ လေယာဉ်ပျံဝဲ ဖြတ်သန်းမှု ပိုများလာ
အောက်တိုဘာ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်၊၊ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံ၊ ကော့ကရိတ်နှင့် မြဝတီမြို့နယ်များတွင် ယခုတလော ညဘက်အချိန်မတော် လေယာဉ်များ ပျံဝဲဖြတ်သန်းသွားလာမှု ပိုများလာသောကြောင့် စိုးရိမ်ကြောက်ရွံ့မှုများဖြင့် နေထိုင်နေကြရကြောင်း ဒေသခံလူထုများက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်နေ့က ကော့ကရိတ်မြို့အတွင်းသို့ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-...
ဖားကန့်ဒေသ လေကြောင်းတိုက်ခိုက်ခံရမှုမှာ နိုင်ငံတကာရာဇဝတ်မှုမြောက်ကြောင်း သက်သေခံလျက်ရှိဟု KNU ပြော
အောက်တိုဘာလ ၂၅ ရက်၊ ၂၀၂၂ ခုနှစ် ။ ကေအိုင်စီ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကျင်းပသည့် တေးဂီတဖျော်ဖြေပွဲအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်၍ စစ်ရာဇဝတ်မှုမြောက်ကြောင်း သက်သေခံလျက်ရှိဟု KNU-ကရင်အမျိုးသားအစည်းအရုံးက ယနေ့ သဘောထားထုတ်ပြန်လိုက်သည်။
အောက်တိုဘာလ...
ကော့သောင်းမြို့တွင်း မီတာကြေးအဆမတန်တက်လာ၍ ဒေသခံများအတွက် ပိုမိုခက်ခဲလာ
အောက်တိုဘာ၂၅ ရက်၊၂၀၂၂ခုနှစ်။ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ယခင်လများမှစ၍ လျှပ်စစ်မီတာကြေး အဆမတန်ပေးဆောင် နေရသောကြောင့် အခက်အခဲများ ပိုမိုကြုံတွေ့နေကြရသည်ဟု ကော့သောင်းမြို့ခံများက ပြောသည်။
ကော့သောင်းမြို့တွင် ယခင်ဇန်နဝါရီလက လျှပ်စစ်မီတာခ တစ်ယူနစ်ကို ကျပ်နှစ်ရာသာပေးဆောင်ခဲ့ရသော် လည်း ဖေဖော်ဝါရီလတွင် တစ်ယူနစ် ၉၅၀ မှစတင်ကာ ယခုအောက်တိုဘာလတွင်မူ (၁,၂၄၀)ကျပ်ထိ ပေးဆောင် နေရကြောင်း...














