KIC News
မေတ္တာလင်းမြိုင်ကျေးရွာတွင် ကလေးသူငယ်များကို မှတ်ပုံတင် အတင်းလုပ်ခိုင်းနေ
အောက်တိုဘာလ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ခြမ်း၊ လေးကေ့ကော်မြို့သစ်အနီးရှိ မေတ္တာလင်းမြိုင်ကျေးရွာတွင် အောက်တိုဘာလ(၂၁)ရက်နေ့မှစပြီး စစ်ကောင်စီတပ်များက ကလေးလူငယ်များကို အတင်းအဓမ္မ မှတ်ပုံတင် လုပ်ခိုင်းနေကြောင်း ဒေသခံများက ပြောသည်။
မယ်ထော်သလေးကျေးရွာအုပ်စု မေတ္တာလင်းမြိုင်ကျေးရွာတွင် ယခုလဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်များက ကျေးရွာ အတွင်းရှိ (၁၀)နှစ်အရွယ်နှင့်...
စစ်ကောင်စီ၏ ၃ ညဆက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်ကော့ကရိတ်ဒေသခံများ စားသောက်နေထိုင်ရေး အခက်အခဲကြုံနေရ
အောက်တိုဘာ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီလေကြောင်းမှ ၃ ည ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဘေးလွတ်ရာသို့ ညစဉ်တိမ်းရှောင်နေကြရသော ကော့ကရိတ်မြို့အနီးရှိ ကျေးရွာဒေသခံများသည် စားသောက်ရေးနှင့် နေရာထိုင်ခင်းအခက်အခဲများ ကြုံနေကြရကြောင်းဒေသခံများထံမှ သိရသည်။
ကော့ကရိတ်ဒေသအတွင်း အောက်တိုဘာလ ၂၁ ရက်က စစ်ကောင်စီဌာနဆိုင်ရာရုံးများကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ...
ကတိုင်တိ BGF စခန်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘောကျို့လယ်ရွာရှိ ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
အောက်တိုဘာ၊ ၂၄ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
မူတြော်ခရိုင်(ဖာပွန်) ဒွယ်လိုးမြို့နယ် ကတိုင်တိကျေးရွာရှိ နယ်ခြားစောင့်တပ်-BGF ၊ စစ်ကောင်စီပူး ပေါင်းတပ်စခန်းမှ ယနေ့ အောက်တိုဘာလ ၂၄ရက်နေ့ နံနက်ပိုင်းတွင် ဘောကျို့လယ်ကျေးရွာထဲသို့ လက်နက်ကြီးပစ်ခတ်သည့်အတွက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံထံမှ သိရသည်။
ယနေ့ နံနက်ပိုင်းက ဘောကျို့လယ်ကျေးရွာတွင်...
ကတိုးကော့နှတ်ကျေးရွာများတွင် ဘာသာရေးပွဲများ ယခင်နှစ်ကထက် ပိုမိုပြုလုပ်လာ
အောက်တိုဘာ ၂၄ရက်၊၂၀၂၂ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကတိုးကော့နှတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ဘာသာရေးပွဲ တော်များကို ယခင်နှစ်ကထက် ပိုပြီးပြုလုပ်လာကြောင်း အမည်မဖော်လိုသည့် ဒေသခံများ ကပြောသည်။
မော်လမြိုင်မြို့ နယ်၊ ကတိုးကော့နှတ်ကျေးရွာအုပ်စုအတွင်း ရှိကော့နှတ်၊ သံဃာပိုင်၊ ကော့လှာ၊ ကတိုး၊ ဖဲထော်၊ ကွမ်တာကျေးရွာများတွင် နိုင်ငံရေးမတည်ငြိမ်မှုဖြစ်နေသော်လည်း စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယခင်နှစ်ကထက်ပိုမိုပြုလုပ်လျက်ရှိပြီး...
ကော့ကရိတ်မြို့တွင် လုံခြုံရေးတိုးမြှင့်ပြီး စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းအဖွဲ့များ သံချပ်ကာ အမြှောက် ကားဖြင့် ညလုံးပေါက်လှည့်ပတ်
အောက်တိုဘာ ၂၂ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့ စစ်ကောင်စီရုံး အခြေစိုက်ရာနေရာများရှိ စစ်ကောင်စီရဲနှင့် စစ်တပ်ကတုတ်များအား အောက်တို ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်မှုအပြီး ညပိုင်းမှစတင်၍ စစ်ကောင်နှင့် BGF ပူးပေါင်းတပ်များမှ မြို့တွင်း သံချပ်ကာယာဉ်များဖြင့် ခြောက်လှန့်ပစ်ခတ်...
စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် တဂေးရွာနှင့် အနီးအနားရွာရှိ ဒေသခံများတိမ်းရှောင်နေရ
အောက်တိုဘာ ၂၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆) နယ်မြေ၊ နို့တကော (ကြာအင်း ဆိပ်ကြီး) မြို့နယ်ရှိ တဂေးရွာနှင့်အနီးအနားကျေးရွာများတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားပြည်သူ ရာချီထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့မှ ယနေ့အချိန်ထိ...
ကတိုင်တိနှင့် အနီးအနားရှိ ကျေးရွာများကို KNU က ငွေကြေးထောက်ပံ့ပေး
အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ (၅)ထိန်းချုပ်နယ်မြေရှိ ကတိုင်တိကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများကို ယမန်နေ့ အောက်တို ဘာလ (၂၀)ရက်နေ့တွင် (KNU)တပ်မဟာ(၅) တာဝန်ရှိသူများက ငွေကြေးလာရောက် ထောက်ပံ့ပေးခဲ့သည်ဟု ရွာသားများက ပြောသည်။
ကတိုင်တိကျေးရွာနှင့် အနီးအနားရှိ ကိုင်းတော၊...















