Home Authors Posts by KIC News

KIC News

22002 POSTS 0 COMMENTS

လေးကေကော်ဒေသ စစ်ဘေးရှောင်များ နေရပ်ပြန်လာကြရန် စစ်ကောင်စီ ၄၄တပ်မမှူး စည်းရုံးပြောဆို

နိုဝင်ဘာ ၂၂ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကစ၍ စစ်ဘေးရှောင်နေကြရသည့် လေးကေကော်ဒေသ စစ်ဘေးရှောင်များကို မိမိနေရပ်သို့ ပြန်လည်ဝင်ရောက်နေထိုင်ကြရန် စစ်ကောင်စီ၏ တပ်မ ၄၄ တပ်မမှူးက နိုဝင်ဘာလ တတိယပတ်အတွင်း စည်းရုံးပြောဆိုမှုများ ပြုလုပ်နေကြောင်း ဒေသခံစစ်ရှောင်များထံမှ သိရသည်။ သောင်ရင်းမြစ်ကမ်းဘေးတစ်လျှောက်တွင် အစုအဖွဲ့လိုက် စစ်ဘေးရှောင် နေထိုင်နေကြရသည့်...

(စကစ) စစ်အုပ်စုကို တညီတညွတ်တည်းဆန့်ကျင်နိုင်ရင် ရရှိလာမယ့် အကျိုးကျေးဇူး ၆ ရပ်

(စကစ) စစ်အုပ်စုကို တညီတညွတ်တည်းဆန့်ကျင်နိုင်ရင် ရရှိလာမယ့် အကျိုးကျေးဇူး ၆ ရပ် မောင်ကျော်စွာ (၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်) အကြမ်းဖက် (စကစ) စစ်အုပ်စုရဲ့ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် နောက်ဆုံးလုပ်ငန်းဟာ “အထွေထွေ ရွေးကောက်ပွဲ” ကျင်းပပေးဖို့ ဖြစ်ပါတယ်။ ဒီက နေ့အချိန်အထိ မြင်တွေ့ကြားသိနေရတဲ့ အချက်အလက်တွေအရ...

တောင်ကလေးစခန်းတိုက်ပွဲတွင် စစ်ကောင်စီ ၁ဝ ဦးကျဆုံးပြီး သေနတ် ၈ လက်နှင့်ကျည်များသိမ်းဆည်းရမိ

နိုဝင်ဘာ ၂၁ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးရဲစခန်းဝင်းတွင် ခြေကုပ်နေထိုင်သည့် စစ်ကောင်စီပူး ပေါင်တပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်မဟာ ၆ ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ဦးကျဆုံးကာ သေနတ် ၈ လက်နှင့် ကျည်ဆံများ...

စစ်ကောင်စီ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ကလေးရွာသား ၂ ဦးသေဆုံးပြီး ၁ဝ ဦးနီးပါး ဒဏ်ရာရ

နိုဝင်ဘာလ ၂၁ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တို့ ယနေ့ ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ကျေးရွာအတွင်း စစ်သုံးလေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ရွာသား ၂ ဦး ထိမှန်သေဆုံးပြီး ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု...

စစ်ကောင်စီတပ် ထိုးစစ်ဆင်လာပြီး ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်သဖြင့် ဒေသခံများ ရွာလုံးကျွတ်တိမ်းရှောင်

နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ (တပ်မဟာ ၆ နယ်မြေ၊ )ကျုံဒိုးမြို့နယ်ရှိ လောင်းကိုင်ကျေးရွာတွင် ယနေ့နံနက် (၇)နာရီခန့်တွင် စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော် ရွာထဲ ဝင်လာပြီး ရမ်းသမ်းပစ်ခတ်မှုများ အဆက်မပြတ်လုပ်ဆောင်ခဲ့သည့်အတွက် ထိုဒေသရှိ ဒေသခံများ ရွာလုံးကျွတ်တိမ်းရှောင်နေကြရသည်ဟု...

သံတောင်မြောက်ပိုင်းရှိ စစ်ဘေးရှောင် ၈၀၀ ခန့် အနွေးထည်နှင့် ရိက္ခာအကူအညီများ လိုအပ်နေ

နိုဝင်ဘာ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မြောက်ပိုင်းကျေးရွာများရှိ စစ်ဘေးရှောင် (၈၀၀)ခန့်သည် လက်ရှိအချိန်တွင် စားဝတ်နေရေးခက်ခဲ၍ ဆောင်းတွင်းကာလ အအေးပိုလာမှုကြောင့် အနွေးထည်များ လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို အကူအညီပေးနေသော Tun Myanmar Donation အဖွဲ့ထံမှ သိရသည်။ သံတော်ကြီးမြို့နယ် မြောက်ပိုင်းရှိ...

တောင်ကလေးရွာတွင် စစ်ရဟတ်ယာဉ်များဖြင့် လာရောက်ဗုံးကြဲချသည့်အတွက် ဒေသခံ ၂,၀၀၀ နီးပါးတိမ်းရှောင်နေရ

နိုဝင်ဘာ ၂၁ ရက်၊ ၂ဝ၂၂ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာတွင် ယနေ့နိုဝင်ဘာ ၂၁ ရက်နေ့နံနက်ပိုင်းအချိန်တွင် စစ်ကောင်စီတပ်မှ စစ်သုံးရဟတ်ယာဉ်များဖြင့် လာရောက်ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်သည့်အတွက် ဒေသခံလူထု ၂,၀၀၀ နီးပါး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု သိရသည်။ တောင်ကလေးကျေးရွာ ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီ တပ်ဖွဲ့နှင့်...
Donate