KIC News
စစ်အုပ်စုစေခိုင်းချက်အရ မူးယစ်ဆေးသွားရောင်းသည့် ကလေးငယ် (၂) ဦး ဖမ်းမိခဲ့ကြောင်း ကေအဲန်ယူ ညောင်လေးပင်ခရိုင် ထုတ်ပြန်
ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး မြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၆) ရက်နေ့က WY (စိတ်ကြွမူးယစ်ဆေး) များအား စစ်အုပ်စုခိုင်း စေချက်အရ သွားရောက်ရောင်းချသည့် အသက်မပြည့်သေးသူ ကလေးငယ်နှစ်ဦးကို...
လှိုင်းဘွဲမြို့နယ် ကြံပင်စိုက်တောင်သူများ ကြံသကာဝယ်သူနည်း၍ စားဝတ်နေရေးအခက်ကြုံ
ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကြံပင်စိုက်၍ ကြံသကာကြိုချက် ထုတ်လုပ်ရောင်းချသည့် တောင်သူများသည် ယခုနှစ်ကြံထွက်ရာသီ၌ ကြံသကာ လာဝယ်သူနည်းပါး၍ စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများပြောပြချက်အရ သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်း စီးပွားဖြစ်ကြံစိုက်ပျိုးမှုမှထွက်ရှိသည့် ကြံသကာများကို ဖားအံမြို့အဝယ်ဒိုင်များမှ ကြံစိုက်တောင်သူများထံ လာရောက်ဝယ်ယူနေကျဖြစ်သော်လည်း...
ဖာပွန်နှင့် ကော့ကရိတ်တွင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်
ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅) မူတြော်ခရိုင်နှင့် တပ်မဟာ (၆) ဒူးပလာယာ ခရိုင်တို့တွင် စစ်အုပ်စုက နယ်မြေတိုးချဲ့ထိန်းချုပ်နိုင်ရန် ဖိအားပေးသည့်အနေဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အရှိန်တိုးမြှင့်လုပ်ဆောင်နေကြောင်း ကရင်စစ်ရေး သတင်းအရင်းအမြစ်က ပြောသည်။
ဖေဖော်ဝါရီ (၁၀) ရက်နေ့မှစတင်ပြီး ဖာပွန်မြို့နယ်၊...
မြဝတီမြို့ပေါ်ရှိ တစ်နိုင်တစ်ပိုင် လမ်းဘေးစက်သုံးဆီဆိုင်များကို စစ်အုပ်စု လိုက်လံဖမ်းဆီးနေ
ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့ပေါ်ရှိ တစ်နိုင်တစ်ပိုင် ရောင်းချနေသည့် လမ်းဘေးစက်သုံးဆီဆိုင်များကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစတင်ကာ စစ်အုပ်စုနှင့် လက်အောက်ခံ ဌာနဆိုင်ရာများက လိုက်လံ ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
မီးဘေးအန္တရာယ် ကာကွယ်ရန်နှင့် တရားမဝင်...
ဖားအံတွင် တရားမဝင်ထိုင်းကုန်ပစ္စည်းဖမ်းပြပြီး ဝန်ထမ်းများ ကိုယ်တိုင် သယ်ဆောင်ပေးနေ
ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်-ထိုင်းနယ်စပ်မှတစ်ဆင့် ဝင်လာသည့် တရားမဝင်ထိုင်း ကုန်ပစ္စည်းများကို စစ်အုပ်စုက ဖားအံမြို့အဝင်ဂိတ်နေရာများတွင် ဖမ်းဆီးစစ်ဆေးမှု ဆက်တိုက်လုပ်ဆောင်နေသော်လည်း ဖားအံမြို့ ဆယ်အိမ်စုရွာကမ်းနားဘက်တွင်မူ ဌာနဆိုင်ရာ ဝန်ထမ်းများမှ ထိုတရားမဝင်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးနေလျက်ရှိသည်ဟု မြို့ခံများထံမှ သိရသည်။
စစ်အုပ်စုထံ အခွန်မတင်ထားသည့် တရားမဝင် ထိုင်းကုန်ပစ္စည်းကားများကို...
လူသားချင်းစာနာမှုအကူအညီလိုအပ်မှုအခြေအနေ ဒေါက်တာစင်သီယာ မောင်နှင့် နယူးဇီလန် အစိုးရတာဝန်ရှိသူများ ဆွေးနွေးခဲ့
ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ခံစားနေရသည့် စစ်ဘေးရှောင်ပြည်သူများနှင့် နယ်စပ်ဒေသရှိ ဒုက္ခသည်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ ပိုမိုလိုအပ်သည့် အခြေအနေကို မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်က နယူးဇီလန်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နယူးဇီလန်နိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့...
မြဝတီတောင်ပိုင်းကစစ်ရှောင်များ စားနပ်ရိက္ခာ ပိုမိုခက်ခဲလာ
ဖေဖော်ဝါရီ (၁၉) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းတွင် စစ်အုပ်စု၏ထိုးစစ်ဆင်မှု၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့်တိုက်ပွဲ ဆက်လက်ပြင်းထန်နေခြင်းကြောင့် စစ်ဘေးရှောင်ကာလကြာရှည်နေ၍ စားနပ်ရိက္ခာရရှိမှု ပိုခက်ခဲလာကြောင်း ဒေသခံစစ်ရှောင်များကပြောသည်။
မြဝတီတောင်ပိုင်းတွင် ဇန်နဝါရီလမှ ယခုဖေဖော်ဝါရီအထိ တိုက်ပွဲအရှိန်တိုးမြင့်ဖြစ်ပေါ်နေပြီး နေရပ်ရှောင်အရေအတွက်လည်း တရိပ်ရိပ်တက်လာသည်။
လေကြောင်းအန္တရာယ်နှင့်တိုက်ပွဲကြောင့် ပုံမှန်အသက်မွေးဝမ်းကြောင်းပြုနေသည့် အလုပ်အကိုင်များ ရပ်နားထားရသလို ကူညီထောက်ပံ့မှုလည်းကာလရှည်ကြာပြတ်တောက်နေသဖြင့် ရပ်တည်မှုအခက်အခဲဖြစ်လာသည်ဟု စစ်ဘေးရှောင်များကပြောသည်။
“ကြာတော့...
ညောင်လေးပင်ခရိုင်တွင် စစ်မှုထမ်းပေါ်တာ တကျော့ပြန်လုပ်လာ
ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)/ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်တွင် ယခုဖေဖော်ဝါရီလအတွင်း စစ်အုပ်စုက စစ်မှုထမ်းဆောင်ရန် အတင်းအကြပ်ခိုင်းစေ ပေါ်တာဆွဲမှုများ တကျော့ပြန်လုပ်လာ၍ မြို့ပေါ်သို့အသွားအလာမလုပ်ရဲကြကြောင်း ဒေသခံများထံမှသိရသည်။
ညောင်လေးပင်ခရိုင်တွင် စစ်မှုထမ်းဥပဒေစတင်အသက်မဝင်ခင် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ စစ်အုပ်စု ကောင်းစွာထိန်းချုပ်ထားနိုင်သော မြို့ပေါ်နေရာများတွင် စစ်မှုထမ်းရန်ပေါ်တာဆွဲမှုများ...
မဲခေါင်ဒေသတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာ ဖြေရှင်းရန် GMS Breath Council ကို ဖွဲ့စည်း
ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မဲခေါင်မြစ်ဝှမ်းဒေသအတွင်း နှစ်စဉ်ကြုံတွေ့နေရသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့နှင့် လေထုညစ် ညမ်းမှုပြဿနာကို ပူးပေါင်းဖြေရှင်းရန်အတွက် Greater Mekong Subregion Breath Council (GMS Breath Council) ကို ပြီးခဲ့သည့် ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း...
မဲဆောက်တွင် ခွေးရူးပြန်ကာကွယ်ဆေး ထိုးပေးမည်ဖြစ်ကြောင်း ကြေညာ
ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ရှိ ရပ်ကွက်ပေါင်း(၂၀)တွင် ရောဂါကူးစက်ပျံ့နှံ့မှုနှုန်းကို ထိန်းချုပ်ရန် လာမည့် ဖေဖော်ဝါရီ(၁၆)ရက်နေ့မှစတင်၍ အရေးပေါ် ကွင်းဆင်းခွေးရူးပြန် ကာကွယ်ဆေးထိုးပေးခြင်းအစီအစဥ် စတင်သွားမည်ဖြစ်ကြောင်း မဲဆောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနတို့က အသိပေးကြေညာသည်။
ဆန်တွန်ပင်၊ ဘန်နူရာ၊ ဒွန်ချိုင်း၊ ပူဒန်း၊...














