KIC News
ဘုရားသုံးဆူတွင် တရုတ်လုပ်ငန်းများ တွင်ကျယ်လာခြင်းကြောင့် တရုတ်စာသင်တန်းများ အလုပ်ဖြစ်နေ
ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် တရုတ်လုပ်ငန်းများ တွင်ကျယ် လာခြင်းနှင့် တရုတ်စာတတ်မြောက်သူ အလုပ်သမားခန့်အပ်ခြင်းကြောင့် ယခု ၂၀၂၆ ခုနှစ်ဆန်းပိုင်း မှစပြီး တရုတ်စာ၊ စကားပြောသင်တန်းများ အလုပ်ဖြစ်လာကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
မြဝတီနှင့် ရွှေကုက္ကိုလ်ဘက်မှ...
ထိုင်းပစ္စည်းတင်ဆောင်သည့် တစ်နိုင်တစ်ပိုင်ကားများကို မြဝတီမြို့ပြင်၌ စစ်အုပ်စုရဲများ ဖမ်းဆီးပြီး ငွေညှစ်
ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် တစ်နိုင်တစ်ပိုင် ထိုင်းကုန်ပစ္စည်း လာရောက် တင်ဆောင်သည့် ကားငယ်များကို စစ်အုပ်စုလက်အောက်ခံ ရဲများက မြို့ပြင်နေရာများ၌ လိုက်လံဖမ်းဆီးကာ အဆမတန် ငွေညှစ်တောင်းခံနေကြသည်ဟု ကားဖမ်းဆီးခံရသူများက ပြောသည်။
မြဝတီမြို့တွင် ကုန်ပစ္စည်း လာရောက်တင်ဆောင်သည့် ကားငယ်များကို...
ပိုင်ကျုံမြို့အနီး စစ်အုပ်စုတပ်နှင့် ကေအဲန်ယူ ပစ်ခတ်မှုဖြစ်ပွား၊ ဒေသခံအများအပြား တိမ်းရှောင်နေရ
ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့အနီးတွင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်က နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် အာဏာသိမ်းစစ်အုပ်စု တပ်ဖွဲ့ဝင်တို့အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပိုင်ကျုံမြို့မြောက်ဘက်ရှိ နှစ်ဖက်တပ်ဆိုင်ထားသည့်...
ကျိုက်ထိုမြို့နယ်အတွင်း ခြေကုပ်ယူရန် ကြိုးပမ်းနေသည့် စစ်အုပ်စုတပ်ကြောင့် ဒေသခံများ နေရပ်မပြန်နိုင်
ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ ကျိုက်ထို(ဘီးလင်း)မြို့နယ်အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များ လှုပ်ရှားသွားလာနေသည့် နယ်မြေများကို ဖေဖော်ဝါရီလဆန်းရက်ကတည်းက ခြေကုပ်ယူရန် ဝင်ရောက်လာသည့် စစ်အုပ်စုတပ်ကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် ဒေသခံများသည် ယနေ့အထိ နေအိမ်မပြန်နိုင်သေးကြောင်း သိရသည်။
ဖေဖော်ဝါရီ (၅) ရက်နေ့ကတည်းက...
ဘန်ကောက်အခြေစိုက် OKRSO ကရင်အဖွဲ့ ဗဟိုအလုပ်အမှု ဆောင်သစ် ပြန်လည်တင်မြှောက်ပြီးစီး
ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် ပြည်ပရောက် ကရင် ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO) ၏ ဗဟိုအလုပ်အမှုဆောင်သစ် ပြန်လည်ရွေးချယ်တင်မြှောက်ပွဲကိုဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ပြုလုပ်ပြီးစီးခဲ့သည်။
အဆိုပါ အလုပ်အမှုဆောင် ရွေးချယ်ပွဲတွင်...
ဖန်းဖောင်ဒေးရှင်းမှ ကော်သူးလေ ကျောင်းသူ၊ ကျောင်းသား ၁၀၀ အတွက် ပညာသင်ဆုထောက်ပံ့မည်
ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ပညာသင်ယူရန်စိတ်အားထက်သန်မှုရှိပြီး အကူအညီလိုအပ်နေသည့် ကော်သူးလေဒေသရှိ ကျောင်းသူ၊ ကျောင်းသား အယောက် (၁၀၀)အတွက် လာမည့် ၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ်တွင် ဖန်းဖောင် ဒေးရှင်းမှ ပညာသင်ဆုထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။
ကရင့်ပညာရေးကဏ္ဍကိုမြှင့်တင်ပေးရန်ရည်ရွယ်ပြီး ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန-KECD လက်အောက်ရှိ အထက်တန်းတက် ကျောင်းသူ၊...
စစ်အုပ်စု လက်ခုပ်ထဲက ထွက်လာမယ့် ရုပ်ပြ/ရုပ်သေး အစိုးရဆီကနေ
စစ်အုပ်စု လက်ခုပ်ထဲက ထွက်လာမယ့် ရုပ်ပြ/ရုပ်သေး အစိုးရဆီကနေ
ဘာတွေ မျှော်လင့်နေကြတာလဲ
မောင်ကျော်စွာ
(၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၁ ရက်)
၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၆၇။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် လစာ၊ စရိတ်၊ ငွေကြေး ရသော အခြား မည်သည့်ရာထူးကိုမျှ လက်ခံခြင်းမပြုရ။
ဒီ...
တော်လှန်ရေးအရွေ့အားကောင်းလာရန် ကရင်နှင့် ကရင်နီလူငယ်များ တွေ့ဆုံနှီးနှောဖလှယ်
ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တော်လှန်ရေးအရွေ့အတွက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ကော်သူးလေရှိ ကရင်လူငယ် များနှင့် ကရင်နီပြည်နယ်ရှိ ကရင်နီလူငယ်များ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ တစ်နေရာတွင် တွေ့ဆုံနှီးနှောဖလှယ်ခဲ့ကြသည်။
ကရင်လူငယ်အစည်းအရုံး (KYO) နှင့် ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ၊ လူငယ်ရေးရာဌာန IEC (DOYA)...
စစ်မှုထမ်းစုဆောင်းခံရသူ တပ်ဖွဲ့ဝင် ၁၀ ဦး KNU တပ်မဟာ ၃ ထံ ဘက်ပြောင်းခိုလှုံ
ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃) ထံသို့ ယခုဖေဖော်ဝါရီလ တတိယပတ်အတွင်း စစ်အုပ်စု၏ မတရားစစ်မှုထမ်းစေခိုင်းခံရသူ တပ်ဖွဲ့ဝင်(၁၀)ဦး ဘက်ပြောင်း ခိုလှုံလာကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ ထုတ်ပြန်သည်။
လယ်ဒို (ကျောက်ကြီး )မြို့နယ်ရှိ စစ်အုပ်စုအခြေစိုက်တပ်စခန်း ခြေမြန်တပ်ရင်း ခမရ-၄၃၉...
ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်ရရှိရေး လူမျိုးစုများအားလုံး ပူးပေါင်းဆောင်ရွက်ရန် ချင်းအမျိုးသားနေ့တွင် KNU တိုက်တွန်း
ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို တည်ဆောက်နိုင်ရန်အတွက် တိုင်းရင်းသား လူမျိုးစုအားလုံးနှင့် တော်လှန်ရေးအင်အားစုများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် ယနေ့ (ဖေဖော်ဝါရီ ၂၀ ရက်) တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ကရင်အမျိုးသားအစည်းအရုံး...














