Home Authors Posts by KIC News

KIC News

22507 POSTS 0 COMMENTS

အရှေ့တောနယ်ဒေသရှိ စစ်ဘေးရှောင် ပြည်သူများ ရိက္ခာပြတ်လပ်လာနေ

ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသတွင် စစ်ကောင်စီက ဆန်သယ်ယူခွင့် ပိတ်ထားမှုအချိန်ကာလ ကြာလာသည်နှင့်အမျှ ဒေသတွင်း စစ်ရှောင်နေကြရသော စစ်ဘေးရှောင်ပြည် သူများမှာ လက်ရှိတွင် ရိက္ခာပြတ်လပ်မှုကြုံတွေ့လာရသည်ဟု ဒေသခံများက ပြောသည်။ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသတွင် ပြီးခဲ့သည့်နှစ် အောက်တိုလာလ...

ဘုရားသုံးဆူဒေသ စစ်ရှောင်ဒေသခံများ ထိုင်းဘက်ခြမ်းတွင်နေထိုင်ကြရဆဲ

ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူဒေသတွင် စစ်ကောင်စီစစ်တပ်မှ စစ်ကူနှင့် လက်နက်ခဲယမ်းဖြည့် တင်းကာ စစ်ဆေးတင်းကြပ်မှုများပိုမိုလုပ်ဆောင်နေမှုအခြေအနေများကြောင့် ထိုင်းဘက်အခြမ်းတွင် တိမ်းရှောင်နေကြရသော စစ်ရှောင်ဒေသခံများ နေထိုင်နေကြရဆဲဖြစ်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်တုန်းက စစ်ကောင်စီ ဌာနဆိုင်ရာရုံးများတိုက်ခိုက်ခံရပြီးနောက်ပိုင်းမှ ယခုအချိန်ထိ စစ်ကောင်စီတပ်က ဘုရားသုံးဆူမြို့...

KNU ဖားအံခရိုင် ဦးဆောင်မှုဖြင့် လှိုင်းဘွဲမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတု ကရင်အမျိုးသားနေ့ ကျင်းပ

ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဖားအံခရိုင် ဦးဆောင်မှုဖြင့် ယနေ့ ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ကရင်အမျိုးသားနေ့ကို လှိုင်းဘွဲမြို့နယ်၊ သရေဖိုးကွီးကျေးရွာတွင် ပထမဦးဆုံးအကြိမ် ပြုလုပ် ကျင်းပခဲ့ပြီး ရာနှင့်ချီသည့် ဒေသခံများ ပါဝင်တက်ရောက်ခဲ့ကြသည်။ လက်ရှိ နိုင်ငံရေးရှုပ်ထွေးသည့် ကာလဖြစ်သော်လည်း တန်းတူအခွင့်အရေး...

ကိုယ့်ကြိုးစားမှုဖြင့်လူထု လွတ်မြောက်အောင်ကြိုးစားကြရန် KNU ခေါင်းဆောင် ပဒိုနော်ဒါးဒါး အားပေးတိုက်တွန်း

ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကိုယ့်ကြိုးစားမှုဖြင့်လူထုလွတ်မြောက် အောင်ကြိုးစားကြရန် ဖားအံခရိုင်တစ်နေရာ၌ ယနေ့ ဖေဖော် ဝါရီလ(၁၁)ရက်နေ့တွင် ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတု ကရင်အမျိုးသားနေ့ အခမ်း အနားတွင် ကေအဲန်ယူ-ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုနော်ဒါးဒါးက ကရင်လူငယ်များကို အားပေးတိုက်တွန်းလိုက်သည်။ ပဒိုနော်ဒါးဒါးက “ကရင်လူငယ်တွေ အရင်ကခေါင်းဆောင်ကြီးတွေ ဘာတွေပြောခဲ့လဲ ဘာတွေလုပ်ခဲ့...

စစ်ကောင်စီတပ်နှင့်ရဲများ ဘုရားဖူးဟန်ဆောင်ကာ CDM ဝန်ထမ်းများအား ဝင်ရောက်စစ်ဆေးမှုလုပ်ဆောင်

ဖေဖော်ဝါရီလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့များသည် ဘုရားဖူးများဟန်ဆောင်ကာ CDM(အာဏာဖီဆန်ရေးလှုပ်ရှားမှု) ပြုလုပ်သူ အစိုးရဝန်ထမ်းများကို လိုက်လံစစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။ မော်လမြိုင်မြို့အနီး ကော့နှပ်ကျေးရွာ အုပ်စုထဲတွင် ယခုတလော...

ကော့ကရိတ်မြို့တွင် မာရှယ်လောထုတ်ပြန်ပြီးနောက် ဖမ်းဆီးအရေးယူခံသူ ၅၀ကျော် အထိရှိနေ

ဖေဖော်ဝါရီလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အာဏာသိမ်း စစ်ကောင်စီက မာရှယ်လော(Martial Law) စစ်အုပ်ချုပ်ရေး နယ်မြေအဖြစ် ကြေညာပြီးနောက်ပိုင်း ဖမ်းဆီးအရေးယူခံရသူ ၅၀ ဦးကျော်ရှိနေပြီဖြစ်ကြောင်း ကော့ကရိတ်မြို့ဒေသခံများက ပြောသည်။ ကော့ကရိတ်မြို့တွင် စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ဖေဖော်ဝါရီလ ၂ရက်နေ့ကြေညာ စာထုတ်ပြန်ပြီးနောက်တွင် ထုတ်ပြန်ထားသည့်အချိန်အနည်းငယ်ကျော်လျှင်...
Donate