KIC News
စစ်ကောင်စီသည် ကရင်လူမျိုးအပေါ် ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေကြောင်း KNU ပြော
ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီသည် ကရင်လူမျိုးအပေါ် ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေကြောင်း KNU- ကရင်အမျိုးသားအစည်းအရုံးတွဲဘက်အထွေထွေအတွင်းရေးမှူး-၁ ပဒိုစောဆဲပွယ်က ယနေ့ ဒီဇင်ဘာလ ၁၀ရက်နေ့တွင် ဗဟိုဌာနချုပ်၌ ကျင်းပပြုလုပ်သည့် နိုင်ငံတကာလူ့အခွင့်အရေးနေ့အခမ်းအနားတွင် ပြောသည်။
မြန်မာစစ်တပ်သည် ကရင်လူမျိုးအပေါ် ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် ...
ကရင်နီရှိ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့် အနွေးထည်များလိုအပ်နေ
ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကယား(ကရင်နီ)ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူသည် လက်ရှိအချိန်တွင် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ဆောင်းရာသီ အအေးပိုလာမှုကြောင့် အနွေးထည်လိုအပ်ချက်များရှိနေကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။
တိုက်ပွဲဖြစ်သည့်အချိန်တွင် နီးစပ်ရာတောတောင်များ၊ ၎င်းတို့ဆွေမျိုးများရှိသည့်ရွာများနှင့် အနည်း ငယ်လုံခြုံသည့်နေရာများတွင် သွားနေထိုင်ကြရသည့် စစ်ဘေးရှောင်ပြည်သူများသည် လေး၊...
ကော့ကရိတ်-ကြာအင်းဆိပ်ကြီး-ကျိုက်ဒုံလမ်းပိုင်း ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ် အင်အားတိုးချဲ့လုပ်ဆောင်နေ
ဒီဇင်ဘာလ ၁ဝ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်ရှိ ကော့ကရိတ်-ကြာအင်းဆိပ်ကြီး-ကျိုက်ဒုံလမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်မှ ကျေးရွာများဘက် လက်နက်ကြီးပစ်ထုတ်ကာ စစ်အင်အားတိုးချဲ့မှုများ နေ့စဉ်လုပ်ဆောင်နေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ကော့ကရိတ်တောင်ပိုင်း ဒေသကျေးရွာများအတွင်း ဆက်သွယ်သွားထားသည့် ကျေးရွာချင်းဆက်လမ်းပိုင်းများဖြစ်သော ကော့ကရိတ်-ကျိုက်ဒုံလမ်းမနှင့်...
လက်နက်ကိုင်အဖွဲ့အစည်းများ၏ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း
လက်နက်ကိုင်အဖွဲ့အစည်းများ၏ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း
(ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်)
“နိုင်ငံရေးအကြောင်းလည်း ဘာမှမသိဘူး။ သူများက ပေးဆိုပေးလိုက်ရတယ်။ ဘာဖိုးပဲလာကောက်ကောက် ထည့်ရမယ်ဆိုရင် ဘယ်သူမှ ပြန်မေးမရဲကြဘူး။ ငါးသောင်းထည့်ရမယ်ဆိုလည်း ထည့်တာပဲ။ တစ်သောင်း ထည့်ရမယ်ဆိုလည်း ထည့်တာပဲ။ သူတို့က လက်နက်ကိုင်ထားတယ်လေ။ တစ်ချို့ဆိုဆဲဆိုမိုက် ရိုင်းတာတွေရှိတာပေါ့။”
ဒါကတော့ စစ်သားစုဆောင်းတာကိုရှောင်ဖို့...
လူ့အခွင့်အရေးနေ့အပေါ် အမှတ်တရစကား
လူ့အခွင့်အရေးအနေ့အပေါ် အမှတ်တရစကား
မြန်မာနိုင်ငံတွင် တိုင်းပြည်အာဏာကို စစ်တပ်သိမ်းယူပြီးနောက် ကရင်ဒေသအတွင်း ဖြစ်ပေါ်နေသည့် လူ့အခွင့် အရေးချိုးဖောက်မှုအခြေအနေနှင့်ပတ်သက်ပြီး ယခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့် အရေးနေ့တွင် ကရင်လူမှုအဖွဲ့အစည်း ခေါင်းဆောင် အချို့၏ အမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။
နော်စေးစေးဟဲ(ကရင်အမျိုးသမီးအစည်းအရုံး- KWO ၊ အတွင်းရေးမှူး-၂)
လတ်တလောမှာတော့...
Karen National Union Kyaukkyi Facebook Page သည် ငွေလိမ်လည်တောင်းသည့် Page အတုဖြစ်ဟု KNU...
ဒီဇင်ဘာလ ၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ ကျောက်ကြီးမြို့နယ် အမည်ခံပြီး Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် Page အတုထောင်ကာ အလှူရှင်များထံ ငွေများလိမ်လည်တောင်းသည့် Karen Nation Union Kyaukkyi Facebook Page တစ်ခုသည် ကေအဲန်ယူ-သတင်းနှင့်...
ပုလောမြို့ပေါ် စစ်ဆင်ရေးစတင်ပြီး နေရာသုံးခုကို PDF တပ်ဖွဲ့များ တစ်ချိန်တည်းတိုက်ခိုက်
ဒီဇင်ဘာလ ၉ ရက်၊၂၀၂၂ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့တွင် မြို့ပြစစ်ဆင်ရေးကို စတင်ပြီးတပြိုက်နက် မြို့ပေါ် ရှိ စစ်ကောင်စီများရှိသော နေရာသုံးခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)မှ စတင်တိုက်ခိုက်ခဲ့ကြောင်း (Palaw People Defense’s Fore)မှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၈)ရက်နေ့ နံနက်...
KNU တပ်မဟာ ၅တွင် တစ်ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂ နေရာပြုလုပ်ခဲ့
ဒီဇင်ဘာလ ၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေထဲတွင် ယမန်နေ့ ဒီဇင်ဘာလ (၇)ရက်နေ့တစ်ရက်ထဲတွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ၂ နေရာပြုလုပ်ခဲ့သည်ဟု ကေအဲန်ယူ၏ သတင်းထုတ်ပြန်ထားချက်အရ သိရ သည်။
ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၄ နာရီ ၂၅ မိနစ်တွင်...














