KIC News
နိုင်ငံရေး/စစ်ရေး အနိမ့်ဆုံးသဘောတူညီချက်ရရှိရေး ကြိုးပမ်းကြဖို့
မောင်ကျော်စွာ
(ဇွန်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်)
မြန်မာပြည်တဝန်းမှာ ‘တိုက်ပွဲတွေ’ ဖြစ်နေပုံက အချိတ်အဆက်မရှိဘဲ သူ့အနေအထားနဲ့သူ တိုက်နေခိုက်နေ ကြသလို ဖြစ်နေတာကို သတိပြုမိပါတယ်။ တိုက်တဲ့နေရာတွေကတော့ တိုက်နေပြီး တချို့နေရာတွေ ငြိမ်နေကြတယ်။ တချို့နေရာတွေမှာတော့ တိုက်ပွဲမရှိသလောက်ပါပဲ။ ငြိမ်နေတဲ့နေရာဒေသတွေ၊ တိုက်ပွဲမရှိတဲ့ဒေသတွေကို အမြင် စောင်းပြီး တွက်ကပ်တဲ့သဘောမျိုးနဲ့...
သံတောင်ကြီးတွင် ကျောင်းပြန်မဖွင့်ပါက မာရှယ်လောထုတ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
ဇွန်လ ၂၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၂)ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင် သံတောင်ကြီးမြို့ဟောင်းရှိ အထက်တန်းကျောင်းအား လာမည့် တနင်္လာနေ့အမီ ပြန်မဖွင့်နိုင်ပါက မြို့အတွင်း မာရှယ်လောစနစ် ထုတ်ပြန်မည်ဟု ပြီးခဲ့သည့်ရက်ပိုင်းတွင် စစ်ကောင်စီက ဒေသခံများအား ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း နယ်မြေခံသတင်းအရင်းအမြစ်များမှ သိရသည်။
ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်...
ကော့ကရိတ်မြို့တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့
ဇွန်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဇွန်လ(၂၁)ရက်နေ့က ဖြစ်ပွားခဲ့သော ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီ လက်အောက်ခံတပ်တို့အကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၇)ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်နှင့် နီးစပ်သူဘက်က ပြောသည်။
ကော့ကရိတ်မြို့အဝင် ပုလဲဖြူလူမှုကယ်ဆယ်ရေးရုံးအရှေ့ သုသာန်တွင်...
နတ်သံကွင်းတွင် မသင်္ကာမှုဖြင့် အမျိုးသား(၇)ဦးထက်မနည်း စစ်ကောင်စီတပ် ဖမ်းဆီးထား
ဇွန်လ ၂၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ နတ်သံကွင်းတွင် စစ်ကောင်စီနှင့်တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားသော ပြီးခဲ့သည့် ဇွန်လ(၆)ရက် နေ့နောက်ပိုင်း အမျိုးသား(၇)ဦးထက်မနည်း မသင်္ကာမှုဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံလိုက်ရပြီး လက်ရှိအချိန်ထိ ပြန်မလွတ်သေးကြောင်း သိရသည်။
အဆိုပါအမျိုးသားများအား စစ်ကောင်စီက တော်လှန်ရေးအင်အားစုများနှင့်ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲ၍ ဖမ်းဆီးထားခြင်းဖြစ်ပြီး...
ကျောက်လုံးကြီးစစ်ကောင်စီတပ်စခန်း တစ်လအတွင်း (၃)ကြိမ်တိုက်ခိုက်ခံရပြီး (၁၀)ဦးထက်မနည်းသေဆုံး
ဇွန်လ ၂၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၂)ထိန်းချုပ်နယ်မြေ၊ တောင်ငူ ခရိုင်၊ လိပ်သိုဒေသလေလော်ဒေးကျေးရွာအနီးရှိ ကျောက်လုံးကြီး စစ်ကောင်စီတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များက ယခု ဇွန်လအတွင်း (၃)ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း တပ်မဟာ(၂) တပ်ရင်း(၅)၏ ယမန်နေ့ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်...
နောင်ကိုင်းကျေးရွာအုပ်စု KNU ခန့်ကျေးရွာလုံခြုံရေးမှူးတစ်ဦး သတ်ဖြတ်ခံရ
ဇွန်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ် မြို့မြောက်ပိုင်း နောင်ကိုင်းကျေးရွာအုပ်စု သဝေါသောကျေးရွာ KNU -ကရင်အမျိုးသားအစည်းအရုံးခန့် ကျေးရွာလုံခြုံရေးခေါင်းဆောင်တစ်ဦး ဖြစ်သူ စောဖားပယော်ကို ယမန်နေ့ ဇွန်လ ၂၂ ရက်ညတွင် အမည်မသိ လက်နက် ကိုင် တစ်စုက နေအိမ်၌ လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း...
စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကော့ကရိတ်မြို့ပေါ် အရပ်သားပြည်သူ ထိခိုက်မှုဆက်တိုက်ဖြစ်နေ
ဇွန်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်သဖြင့် အရပ်သားပြည်သူများ ထိခိုက်မှုဆက်တိုက်ရှိနေ ကြောင်းဒေသခံများက ပြောသည်။
ဇွန်လ ၂၁ရက်နေ့တွင် ကော့ကရိတ်မြို့ ၏ တောင်ဘက်ပိုင်း ကမိုင်ကုန်းလမ်းဆုံ ဒေါနအလှ ရေကူးကန်နှင့် ပုလဲဖြူလူမှုကယ်ဆယ်ရေးရုံးရှေ့ရှိ သင်္ချိုင်းကုန်းနေရာ တိုက်ပွဲဖြစ်...














