KIC News
ညောင်တုန်းမြို့နယ် ကရင်စာ/ယဥ် တွဲဖက်အတွင်းရေးမှူးအား ပုဒ်မ (၃)ခု ဖြင့် စစ်ကောင်စီ တရားစွဲ
ဇွန်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် ပြီးခဲ့သည့်ဇွန်လအတွင်းက စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံလိုက်ရသော မြို့နယ် ကရင်တိုင်းရင်းသား စာပေနှင့် ယဥ်ကျေးမှု အသင်း၏ တွဲဖက်အတွင်းရေးမှူး စမြကြီးအား စစ်ကောင်စီက ပုဒ်မ(၃)ခုတပ်စွဲ၍ တရားစွဲဆိုထားကြောင်း နီးစပ်ရာအသိုင်းအဝိုင်းမှ သိရသည်။
စစ်ကောင်စီက ဇွန်လ(၉)ရက်မှ (၁၁)ရက်အတွင်းတွင်...
သံတောင်ကြီးရှိ စစ်ဘေးရှောင်ကလေးများ ကျောင်းပညာရေးထောက်ပံ့မှု လိုအပ်နေ
ဇွန်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအများစုနှင့် လိပ်သိုဒေသပိုင်းတွင် ပစ်ခတ်မှုများဖြစ်ပွားပြီး နယ်မြေအခြေအနေကောင်းမွန်ခြင်း မရှိသေးသဖြင့် စစ်ဘေးတိမ်းရှောင်နေရသော ကျောင်းနေအရွယ်ကလေးများအတွက် ပညာသင်ယူနိုင်ရန် ထောက်ပံ့မှုများ လိုအပ်နေကြောင်း စစ်ဘေးရှောင်မိခင်များထံမှ သိရသည်။
လိပ်သိုဒေသနှင့် သံမိုးတောင်၊ တောပြာကလေး၊ တောပြာကြီး၊ စည်ပင်ကြီး၊...
ရွှေကုက္ကိုလ်ဒေသကို ထိုင်းနိုင်ငံဘက်ခြမ်းမှပေးသည့် WiFi အင်တာနက်လိုင်းများ ဖြတ်တောက်
ဇွန်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြဝတီမြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသတွင် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့မှစ၍ လျှပ်စစ်မီးဖြတ်တောက်ထားရာမှ ယခုရက်ပိုင်းတွင် ထိုင်းနိုင်ငံဘက်မှယူထားသည့် အင်တာနက် WiFi လိုင်းများကိုလည်း ဖြတ်တောက်ခြင်းခံနေရ ကြောင်း ရွှေကုက္ကိုလ်ဒေသခံတစ်ဦးက ကေအိုင်စီသို့ပြောသည်။
အဆိုပါ ဒေသတွင် ပြည်ပမှလာရောက်သည့်...
ကရင်နီပြည်နယ် ဒီးမောဆိုနှင့်ဖရူဆိုမြို့နယ်ရှိစစ်ဘေးရှောင်များ စားနပ်ရိက္ခာများလိုအပ်နေ
ဇွန်လ ၂၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမောဆိုမြို့နယ်နှင့်ဖရူဆိုမြို့နယ်ရှိ စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာအကူ အညီ များ မရရှိကြသည်မှာ အချိန်တန်ကြာပြီးဖြစ်၍ လက်ရှိတွင် အကူအညီအထောက်အပံ့များ လိုအပ်နေကြောင်း ၎င်းစစ်ဘေးရှောင်များထံမှသိရသည်။
အဆိုပါမြို့နယ်ရှိ စစ်ဘေးရှောင်များသည် ကျန်းမာရေးစောင့်ရှောက်မှုရရှိသော်လည်း စားနပ်ရိက္ခာနှင့် မိုးတွင်း ကာလ အမိုးအကာ အသုံးအဆောင်ပစ္စည်းများ ...
PDFများ ဥပဒေဘောင်အတွင်းသို့ပြန်ဝင်လာရန် စစ်ကောင်စီမှ လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိ
ဇွန်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ(PDF)နှင့် လက်နက်ကိုင်အဖွဲ့အစည်းများကို ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာရန်အတွက် လက်ကမ်းစာစောင်များဖြန့်ဝေလျက်ရှိကြောင်း ဒေသခံများကပြောသည်။
ကော့သောင်းမြို့ပေါ်တွင် ယမန်နေ့ ဇွန်လ၂၀ရက်နေ့ ညနေပိုင်းအချိန်တွင် အာဏာသိမ်းစစ်ကောင်စီ လက် အောက်ခံ အဖွဲ့အစည်းများမှ မီးသတ်ဝတ်စုံနှင့် အရပ်သားဝတ်စုံများဝတ်ဆင်ကာ...
စစ်ကောင်စီ ဖမ်းဆီးခံရသော ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်၏ဖခင်အား မိသားစုဝင်များတွေ့ ခွင့်မရ သေး
ဇွန်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်နေ သော ထားဝယ်ခရိုင်သပိတ်ကော်မတီ၏ တာဝန်ခံဖြစ်သော ကိုမင်းလွင်ဦး၏ဖခင်အား ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က စစ်ကောင်စီမှနေအိမ်သို့ ဝင်ရောက်ဖမ်းဆီးသွားပြီးနောက် ယခုအချိန်ထိ မိသားစုဝင်များနှင့်တွေ့ ခွင့်မပေးသေးကြောင်း မိသားစုဝင်များထံမှသိရသည်။
ဇွန်လ...
ကော့ကရိတ်မြို့တွင် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် လက်အောက်ခံတပ်တို့ တိုက်ပွဲများပြင်းထန်နေ
ဇွန်လ ၂၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယနေ့ နေ့လည် ၁နာရီဝန်ကျင်အချိန်တွင် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA)ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီလက်အောက်ခံတပ်တို့ အကြား တိုက်ပွဲပြင်းထန်နေကြောင်း မြို့ခံများထံမှသိရသည်။
ကော့ကရိတ်မြို့အဝင် ပုလဲဖြူလူမှုကယ်ဆယ်ရေးရုံးအရှေ့ သုသာန်တွင် တပ်စွဲထားသည့် စစ်ကောင်စီ လက်...
KNU၏ အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး ဆိုင်ရာ သင်တန်းပြုလုပ် ပြီးစီး
ဇွန်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင်တွင် ခေါင်းဆောင်မှု၊ အုပ်ချုပ် ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာသင်တန်းကို ခရိုင်ခေါင်းဆောင်များနှင့် ဌာနဆိုင်ရာ အရာရှိများအား ဇွန်လ (၅) ရက်နေ့မှ (၁၇) ရက်အထိ သင်တန်းပြုလုပ်ခဲ့ကြောင်း ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ကေအဲန်ယူ၏...
ပန်းပန်သပိတ်ပြုလုပ်သည်ဟု စွပ်စွဲချက်ဖြင့် ကော့ကရိတ် ဒေသခံ ၁၅ ဦးခန့် ဖမ်းဆီးထိမ်းသိမ်းခံထားရ
ဇွန် ၂၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ဇွန်လ ၁၉ ရက်နေ့က ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အနေ ဖြင့် ပန်းသပိတ်လှုပ်ရှားမှုတွင် ပါဝင်သည်ဟုဆိုကာ ကော့ကရိတ်မြို့ရှိ ရပ်ကွက်နေ ဒေသခံ ၁၅ ဦးကို မြို့မ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ကာ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း...














