KIC News
ဝင်းရော်ဒေသတွင် ရေးကြီး၍ တောင်ဒီးရွာရှိ ကလေးငယ်တစ်ဦး ရေနစ်သေဆုံး၊ စစ်ရှောင်အချို့နေရာပြောင်းရ
ဇူလိုင်၊ ၁၉ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသတွင် ယမန်နေ့ ဇူလိုင်လ ၁၈ရက်နေ့ကစ၍ မိုးအဆက် မပြတ် ရွာသွန်းပြီး တောင်ကျရေကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ တောင်ဒီကျေးရွာနေ ၃နစ်အရွယ် ကလေးငယ် တစ်ဦး ရေနစ်သေဆုံးပြီး စစ်ရှောင်အချို့လည်း နေရာထပ်မံပြောင်းရွေ့နေထိုင်ရသည်ဟု ဒေသခံထံမှသိရသည်။
အဆိုပါ ရေနစ်သေဆုံးသည့်...
စစ်ကောင်စီ၏လေကြောင်းပစ်ခတ်မှုကြောင့် သံတောင်မြောက်ပိုင်းရှိ ဒေသခံနေအိမ်အလုံး (၃၀) ထက် မနည်းပျက်စီး
ဇူလိုင်လ(၁၉)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်နှင့်ကရင်နီ(ကယား)ပြည်နယ်အစပ် သံတောင်ကြီးမြို့နယ်မြောက်ပိုင်းရှိ ဝါသောခိုကျေးရွာနှင့် ကလေထ ကျေးရွာတို့တွင် ယနေ့ ဇူလိုင်လ(၁၉)ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းဖြင့် ထပ်မံ ပစ်ခတ်မှုကြောင့် ဝါသောခိုကျေးရွာမှ ဒေသခံများ၏နေအိမ်အလုံး (၃၀)ထက်မနည်း ထိခိုက်ပျက်စီးခဲ့ ကြောင်း ထိုဒေသခံများထံမှ သိရသည်။
အဆိုပါ လေကြောင်းပစ်ခတ်မှုတွင် ဝါသောခိုကျေးရွာမှနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသော်လည်း ဒေသခံ...
ကော့ကရိတ်မြို့တွင်းနှင့် မြို့အနီး နေရာအနှံ့တွင် တိုက်ပွဲများပြင်းထန်နေ
ဇူလိုင်လ ၁၉ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းနှင့် မြို့အနီးရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာများတွင် ယနေ့ ဇူလိုင်လ ၁၉ရက်နေ့ နံနက်အစောပိုင်းကစ၍ နေရာအနှံ့ပစ်ခတ်တိုက်ခိုက်မှုများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံ များက ပြောသည်။
ယနေ့ နံနက် ၆ နာရီကစလို့ ကော့ကရိတ်မြို့နယ် ကော့နွဲ ဒေသဘက်နှင့် မြို့အနီး...
လက်ခတ်တောင်အနီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ဦးသေဆုံး၊ တပ်ဖွဲ့ဝင် ၅ဦးဒဏ်ရာရဟု ကော်ဘရာထုတ်ပြန်
ဇူလိုင်လ ၁၈ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့အပြင်ဘက်ခြမ်းရှိ လတ်ခတ်တောင်အနီးတွင် ယနေ့ ဇူလိုင်လ ၁၈ရက် နံနက် ၇နာရီ အချိန်တွင် စစ်ကောင်စီနှင့် ကော်ဘရာစစ်ကြောင်း ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး တစ်ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက တိုက်ပွဲအပြီး ယနေ့တွင်...
ဝန်ကြီးများအိမ်ရာနှင့် နယ်စပ်ရေးရာဌာနရုံးများကို လောင်းလုံ PDF ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်
ဇူလိုင်လ၁၈ရက်၊၂၀၂၃ခုနှစ်၊ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ တိုင်းဒေသကြီးလွှတ်တော်ဝန်ကြီးများ အိမ်ရာ၊ နယ်စပ်ရေး ရာဌာနရုံး နှင့်(ထားဝယ်-လောင်းလုံး)ဆက်သွယ်ထားသော ကမြောကင်းတံတား အနီး ကင်းပုန်းချထားသော စစ်ကောင်စီ တပ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDFမှ ယနေ့ ဇူလိုင် လ ၁၈ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် ထားဝယ်မြို့ရှိ တိုင်းဒေသကြီး...
စစ်ကောင်စီတပ်များ စစ်ကြောင်းထပ်မံထိုးလာမည်ကို ဘီးလင်းဒေသခံများ စိုးရိမ်နေ
ဇူလိုင်လ ၁၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ၊ ဒူးသထူ(သထုံ)ခရိုင် ဘီးလင်းမြို့ နယ်အတွင်းရှိ ကျေးရွာများသို့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီ တပ်များသည် ယမန်နေ့က ပြန်လည်ဆုတ်ခွာသွားပြီးဖြစ်သော်လည်း စစ်ကြောင်း ထပ်မံပြန်လည်ဝင်ရောက် လာနိုင်ခြင်းကြောင့် စိုးရိမ်စိတ်ဖြင့်နေထိုင်နေရကြောင်း နေရပ်ပြန်ဒေသခံများက ပြောသည်။
ပြီးခဲ့သည့်...














