KIC News
ရွက်ဖြန်းဆေး ဈေးနှုန်းကြီးမြင့်မှုကြောင့် ညောင်လေးပင်ခရိုင်ရှိ တောင်သူများ စိုက်ပျိုးရေး ဆက်လက် လုပ်ကိုင်ရန် ခက်ခဲ
ဇူလိုင်လ(၁၈)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းရှိ ပဲ၊ စပါးစိုက်ပျိုးရေး လုပ်ကိုင်ကြသော တောင်သူများ သွားလာရေး ပိတ်ဆို့မှုများကြောင့် ရွက်ဖြန်း မြေဩဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်းများကြီးမြင့်လာသဖြင့် စိုက်ပျိုးရေးကို ဆက်လက်လုပ်ကိုင်နိုင်ရန် ခက်ခဲလာကြောင်း တောင်သူများက ပြောဆိုကြသည်။
ယခင်က ပဋိပက္ခကာလမတိုင်ခင် သွားလာရေးကောင်းမွန်သည့်အချိန်တွင် ဓါတ်မြေ ဩဇာဈေးနှုန်းများသည် မြန်မာကျပ်ငွေ သုံးသောင်းခန့်ရှိပြီး...
ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသများတွင် ဆန်ဝယ်ရန်ခက်ခဲလာ၊ လယ်လုပ်သူများပင် ဆန်မလုံလောက်
ဇူလိုင်လ ၁၈ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးလက်များတွင် မြို့ပေါ်မှ ဝယ်ယူစားသုံးရသည့် ဆန်ဈေးနှုန်းမြင့်တက်မှုကြားက ယခုဆိုလျှင်ဆန်ဝယ်ယူရန်ပင် ခက်ခဲနေသည့်အပြင် လယ်လုပ်သူများလည်း သိုလှောင်ထားသည့် ဆန်များပါ မလုံလောက်တော့ဘဲ ဖြစ်လာကြောင်း ဒေသခံပြည်သူများက ပြောဆိုနေကြသည်။
ကော့ကရိတ် မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများဘက်တွင် ဒေသထွက်ဆန်များရောင်းချသူ မရှိသလောက် နည်းပါးလာကာ ကော့ကရိတ်မြို့သို့...
မေတ္တာ-ထီးခီးလမ်းပိုင်းတွင် KTLA၏ ခြိမ်းခြောက်စစ်ဆေးမှုများကို လက်ခံ၍မရကြောင်းKNUတုန့်ပြန်
ဇူလိုင်၊ ၁၈ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး မေတ္တာ-ထီးခီးလမ်းပိုင်းသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) နယ်မြေထဲတွင်ဖြစ်သည့်အတွက် သွားလာနေသည့် ပြည်သူများအပေါ် ခွင့်ပြု ချက်မရှိဘဲ ကော်သူးလေအာမီ-KTLAတပ်ဖွဲ့မှ ခြိမ်းခြောက်စစ်ဆေးမှုပြုလုပ်ခြင်းကို လက်ခံ၍ မရကြောင်း ကေအဲန်ယူ ဘက်ကဆိုသည်။
အဆိုပါ လမ်းပိုင်းတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆေးပစ္စည်းသယ်ဆောင်မည့် ကရင်ကျန်းမာရေးဌာနကားကို...
စစ်ကောင်စီတပ်၏စစ်ကြောင်းနှင့် ဌာနဆိုင်ရာရုံးများ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း SOFထုတ်ပြန်
ဇူလိုင်လ ၁၇ ရက် ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများနှင့် စစ်ကြောင်းများကို ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့မှစ၍ ၁၆ ရက်နေ့အထိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၅ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF...
ဘီးလင်းတွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ဒေသခံ(၃)ဦးသေဆုံး၊ တစ်ထောင်ကျော် စစ်ဘေး တိမ်းရှောင်နေရ
ဇူလိုင်လ(၁၇)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ၊ ဒူးသထူ(သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာများသို့ ပြီးခဲ့သည့် ဇူလိုင်လ(၁၅)ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်၍ လက်နက် ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ(၃)ဦးသေဆုံးပြီး တစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင် နေရကြောင်း ဒေသခံ များ၏ပြောဆိုမှုအရ သိရသည်။
စစ်ကောင်စီတပ်များသည် ဘီးလင်းမြို့နယ်အတွင်းရှိ ငှက်ပျောတော၊ ကရဝေးဆိပ်၊...














