Home Authors Posts by KIC News

KIC News

22514 POSTS 0 COMMENTS

မိုးလေကြီးသဖြင့် ကရင်နီစစ်ရှောင်များနေထိုင်ရာ အမိုးအကာများ ပြိုကျပျက်စီး၍ အကူအညီလိုအပ်နေ

ဩဂုတ်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း မိုးရောလေပါ ရွာသွန်းတိုက်ခတ်သဖြင့် တိုက်ပွဲ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာရသူများ နေထိုင်အသုံးပြုသည့် အမိုးအကာများ ပြိုကျပျက်စီးကုန်သဖြင့် ထောက်ပံ့မှုအကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီနေသူများထံမှ သိရသည်။ စစ်ဘေးရှောင်ဦးရေ...

သံတောင်မြို့ရှိ ဘွဲကရင်ကျွမ်းကျင်ပညာရှင်ဆရာမ နေအိမ်အပါအဝင် အိမ် ၆ လုံးခန့် မီးရှို့ဖျက်ဆီးခံရ

ဩဂုတ်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ သံတောင်မြို့(၁၃ မိုင်)တွင် ယမန်နေ့ ဩဂုလ်လ ၆ ရက်နေ့က ဘွဲကရင်ကျွမ်းကျင် ပညာရှင်အငြိမ်းစားကျောင်းဆရာမကြီး အဖီးနော်လဲဒါနေအိမ်အပါအဝင် လူနေအိမ် (၆)လုံးခန့်ကို စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ ယမန်နေ့...

မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်ပျက်စီးသွားသည့် နောင်ထရဲဒေသခံများ နေရာထိုင်ခင်းနှင့် အစားအသောက် အကူအညီလိုအပ်နေ

ဩဂုတ်လ ၇ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ပတကျေးရွာအုပ်စု နောင်ထရဲကျေးရွာတွင် သြဂုတ်လ ၄ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးသွားခဲ့သည့် ဒေသခံရွာသားများသည် လက်ရှိတွင် နေရေးထိုင်ရေးနှင့် စားရေးသောက်ရေးအတွက် အကူအညီလိုအပ်နေသည်ဟု သိရသည်။ ၎င်းပတကျေးရွာအုပ်ရှိ နောင်ထရဲကျေးရွာတွင် မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနေအိမ် (၁၅)လုံး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး...

ဇမိမြစ်ရေလျှံတက်လာ၍ ကြာအင်းဆိပ်ကြီးမြို့ခံလူထု ၆ဝဝ နီးပါး ရေဘေးရှောင်နေရ

ဩဂုတ် ၇ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်မှမြောက်သို့ စီးဆင်းနေသည့် ဇမိမြစ် ရေသည် ဇူလိုင် ၁၇ ရက်နေ့မှစပြီး ဩဂုတ် ၆ ရက်နေ့အထိ မိုးသည်းထန်ရွာ သွန်းသည့် အတွက် လူနေအိမ်ရပ်ကွက်များတွင် ရေလျှံတက်လာနေပြီး ကြာအင်းဆိပ်ကြီးမြို့ခံလူထု ၆ဝဝ...

မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီး တောင်ပြိုမှုကြောင့် လမ်းပေ ၁၀၀ ခန့်ပြိုကျပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်

ဩဂုတ်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် မြဝတီကော့ကရိတ် အာရှလမ်းသစ်လမ်းပိုင်း တောနော်ရေတံခွန်ကွေ့အနီးတွင် ယနေ့ ဩဂုတ်လ ၇ရက် နေ့လည် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က တောင်မြေပြိုကျမှုကြောင့် အာရှကုန် သွယ်ရေးလမ်းမကြီး ပေ ၁၀၀ ခန့် ပြိုကျပျက်စီးသွားကြောင်း...

မြဝတီရေကြီးရေလွှမ်းသဖြင့် ရေဘေးရှောင်နေထိုင်နေရသူ ၃,၀၀၀ ကျော်အထိတိုးလာနေ

ဩဂုတ် ၇ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ မြဝတီမြို့တွင် ယခုရက်ပိုင်း သောင်ရင်းမြစ်ရေတိုးခြင်းနှင့် မြို့တွင်းမြောင်းရေလျှံနေသောကြောင့် လက်ရှိ မြေနိမ့်ပိုင်းရပ်ကွက်ရှိ ဒေသခံ ၃,၀၀၀ ကျော် ရေဘေးရှောင်ယာယီစခန်းများတွင် ခိုလှုံနေထိုင်နေရသည်ဟု အရပ်ဖက် အကူအညီပေးနေသူများ ပြောဆိုချက်အရ သိရသည်။ ဇူလိုင်လ ၃၁ ရက်က စတင်ရွာသွန်းနေသည့် မိုးရက်ရှည်...
Donate