Home Authors Posts by KIC News

KIC News

22514 POSTS 0 COMMENTS

ကော့ကရိတ်-မြဝတီအာရှလမ်းပျက်စီး၍ လမ်းဟောင်းဘက် သွားသည့် ကားများကို ငွေကြေးကောက်ခံမှု များပြားနေ

ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ မိုးများအဆက်မပြတ်ရွာသွန်း၍ ကော့ကရိတ်-မြဝတီ အာရှ ကုန်သွယ်ရေး လမ်းမြေပြို ပျက်စီး‌၍ ယခင်လမ်း ဟောင်းကို ပြောင်းလဲအသုံးပြုသွားလာသည့်ကုန်ကားများသည် စစ်ကောင်စီတပ်၏ အဆမတန် ငွေကြေးကောက်ခံမှုများနှင့် စစ်ဆေးမေးမြန်းခံရမှုများကို ကြုံတွေ့နေကြရကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သည့် ခရီးသည် တင်းကားသမားများက ပြောသည်။ မြဝတီ-ကောကရိတ် အာရှလမ်း၏...

ကော်ဘရာစစ်ကြောင်းထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ ဘက်ပြောင်းခိုလှုံလာ

သြဂုတ်လ ၁၁ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေရှိ ကော်ဘရာစစ် ကြောင်းထံသို့ စစ်ကောင်စီတပ်ဘက်မှ ဒု-တပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ဘက်ပြောင်းခိုလှုံဝင်ရောက်လာကြောင်း ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ တပ်မ−၄၄လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ−၁၁၈) မှ ဒု-တပ်ကြပ်...

ကရင်အာဇာနည်‌နေ့နှင့် တိုင်းရင်းသားတန်းတူညီမျှ‌ရေး

ကရင်အာဇာနည်‌နေ့နှင့် တိုင်းရင်းသားတန်းတူညီမျှ‌ရေး မန်း‌အောင်ပြည်စိုး (စက်တင်ဘာ ၂၂ရက်၊ ၂၀၁၉) ၁၉၅ဝခုနှစ်၊ ဩဂုတ်လ(၁၂)ရက်‌နေ့တွင် ကရင်အမျိုးသား‌ခေါင်း‌ဆောင်‌စောဘဦးကြီးနှင့် ဗိုလ်ချုပ်‌စောစိုင်း‌ခေ အပါ အဝင် အ‌ပေါင်းပါ(၉)ဦးတို့သည် ကရင်ပြည်နယ်‌ကော့ကရိတ်မြို့နယ်၊ ‌ထော့ကိုကိုး‌ကျေးရွာတွင် တပ်မ‌တော်တပ်ခွဲတစ်ခွဲ၏ ဝိုင်းဝန်းပစ်ခတ်မှုဖြင့် အသက်ဆုံးရှုံးခဲ့ကြရပါသည်။ ၁၉၅၁ခု ဧပြီလတွင် ကျင်းပ‌သော ‌ကော်သူး‌လေအစိုးရ၏ အစည်းအ ‌ဝေး၌ ‌စောဘဦးကြီး ကျဆုံးခဲ့‌သော ဩဂုတ်လ(၁၂)ရက်‌နေ့ကို...

ရုပ်တုမြင်တိုင်း

ရုပ်တုမြင်တိုင်း -------------- ငါတို့ တစ်မျိုးသားလုံးအတွက် ခန့်ညားထည်ဝါတဲ့ကြယ်တွေ အလေးဂရု ပြုအပ်တဲ့ကြယ်တွေ ကြီးမြတ်တဲ့ ကြယ်တွေ တန်ဖိုးထား မြတ်နိုးအပ်တဲ့ ကြယ်တွေ ငါတို့ လူလားမမြောက်ခင်မှာ ကြွေသွားတာလည်း ရှိတယ် လူလားမြောက်ပြီးချိန်မှာ ကြွေသွားတာလည်း ရှိတယ်။ ငါတို့ကြယ်တွေက အမှန်တရားအတွက်ဆို လူသားဆန်စွာနဲ့ မျှတစွာ အလင်းရောင်ပေးပေးတယ်။ ဒါကို... မနာလိုမုန်းထား အာဃာတများတဲ့ ငနဲသားတွေကြောင့် ငါတို့ကြယ်... သက်တမ်းမစေ့ခင်မှာပဲ ကြွေကြရတယ်။ ငါတို့ကြယ်... တော်မဝင်လို့ တောင်စဉ်မှာ ကြွေရတာမဟုတ် ဘောင်မဝင်တဲ့ လူသူတော်စင်တွေနဲ့ အရောမဝင်ချင်လို့ကို သက်သက်ကိုကြွေတာ။ ငါတို့ကြယ် ဘယ်လိုနေနေ၊ ဘယ်လိုကြွေကြွေ လူသားဆန်တဲ့ သူတို့သမိုင်း ခင်ဗျားတို့အမြင်မှာ ရိုင်းချင်ရိုင်းမယ် ငါတို့အမြင်မှာတော့ ရုပ်တုမြင်တိုင်း ကိုင်းရှိုင်းတယ်။ ကော်သူးလေကျော်ကျော့ (၇၃)နှစ်မြောက်၊ ကရင်အာဇာနည်နေ့ကို ဂုဏ်ပြုသည်။ ဩဂုတ် ၁၂ရက်၊ ၂၀၂၃။

KNU ကရင်အမျိုးသားအစည်းအရုံးက အရွေ့တစ်ခုကို ရွှေ့လိုက်ပြီ

KNU ကရင်အမျိုးသားအစည်းအရုံးက အရွေ့တစ်ခုကို ရွှေ့လိုက်ပြီ မောင်ကျော်စွာ (၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၀ရက်) ဩဂုတ်လ ၆ရက်နေ့က အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့က “နွေဦးတော်လှန်ရေး၌ အတူတကွ လက်တွဲ တိုက်ပွဲဝင်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ၏ ဘုံရပ်တည်ချက်သဘောထား ပူးတွဲထုတ်ပြန်ချက်” ဆိုသည်ကို ထုတ်ပြန်ပါတယ်။ ထိုပူးတွဲထုတ်ပြန်ချက်နှင့်စပ်လျဉ်းပြီး (KNU)ကရင်အမျိုးသားအစည်းအရုံး၊ နိုင်ငံခြားရေးဌာနတာဝန်ခံနှင့် ပြောခွင့်ရပုဂ္ဂိုလ်...
Donate