စက်တင်ဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၏ယဥ်ကျေးမှုနယ်မြေ၊ အယုဒ္ဓယရှိ နာမည်ကြီးဘုန်းကြီးကျောင်း၏ ကျောင်းထိုင်သံဃာတော်ကို ကျောင်းရန်ပုံငွေ ဘတ် ၉၂ သန်းကျော်အား အလွဲသုံးစားနှင့် ငွေကြေးခဝါချမှုပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ထိုင်းအာဏာပိုင်များက ယနေ့၊ စက်တင်ဘာ(၁၀)ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ထိုင်းနိုင်ငံစုံစမ်းစစ်ဆေးရေးဗျူရို (CIB)...