KIC News
စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရှောင်အရပ်သားနေအိမ်များအား ဝင်ရောက်ဖောက်ထွင်းမှုများ ပြုလုပ်နေ
ဩဂုတ်လ ၁၄ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ရေဖြူမြို့နယ်ရှိ ကျေးရွာတချို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဝင် ရောက်တပ်စွဲထားပြီး ၎င်းတို့ကို ကြောက်၍ ထွက်ပြေးပုန်းရှောင်နေကြသည့် ကျေးရွာအတွင်း အရပ်သား နေအိမ်များကို ဖောက်ထွင်းဝင်ရောက်ကာ အဖိုးတန်ပစ္စည်းများကို ခိုးယူနေကြကြောင်း နေအိမ်အဖောက်ခံ ရသည့် ဒေသခံ များက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၁...
ပြည်တွင်းမတည်ငြိမ်မှုအကြားက လိုင်စင်ပွား ကားအရောင်းအဝယ် စျေးကွက် ပိုမို တွင်ကျယ်လာ
ဩဂုတ်လ ၁၄ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
စစ်အာဏာသိမ်းမှုနောက်ပိုင်း ကရင်ပြည်နယ်နှင့် အခြားပြည်တွင်း မြို့ပြများတွင် လိုင်စင်မဲ့ကားဝယ်ယူပြီး နောက်ဒေသသုံး ကုဒ်နံပါတ်ပြားများ အပြင် ဝှီးတက်(ဘီးခွန်) ၊ လိုင်စင်စာအုပ်၊ စတေကာ(မှန်ကဒ်) နှင့် ဘားကုဒ် နံပါတ်များအား အတုပြုလုပ်ပြီး လိုင်စင်ရှိကားသဖွယ် သွားလာမောင်းနှင်အသုံးပြုရောင်းဝယ်ကြသည့် လိုင်စင် ပွား...
စစ်ကောင်စီအား အပြီးတိုင် ချေမှုန်းသွားရန် ကရင်အာဇာနည်နေ့တွင် ပဒိုစောလစ္စတန် တိုက်တွန်း
ဩဂုတ် ၁၃ရက်၊ ၂ဝ၂၃ခုနှစ်။ ကေအိုင်စီ
နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအပေါ် မတရား ရက်စက်နှိပ်ကွပ် သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့အား အပြီးတိုင် တိုက်ဖျက်ချေမှုန်းသွားရန် ဩဂုတ်လ ၁၂ရက်နေ့က ကျရောက်သည့် ၇၃နှစ်မြောက် ကရင့်အာဇာနည်နေ့တွင် KNU - ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ အတွင်းရေးမှူး ပဒိုစောလစ္စတန်က သဝဏ်လွှာပေးပို့ကာ တိုက်တွန်း...
အခွင့်အရေးကို တောင်းယူ၍မရဘဲ တိုက်ယူရမည်သာဖြစ်၍ ပူးပေါင်းပါဝင်ကြရန် ဗိုလ်ချုပ်ကြီး စောဂျော်နီပြော
ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားများ၏ အခွင့်အရေး ရပိုင်ခွင့်များကို တောင်းယူရမည်မဟုတ်ဘဲ တိုက်ယူ ရမည် သာဖြစ်၍ ကရင်လူထုများအားလုံး ပူးပေါင်းပါဝင်ကြရန် ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက် သည့် (၇၃) နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ အခမ်းအနား၌...
ခေါင်းဆောင်များ၏ အစီအစဉ်ညွှန်ကြားချက်များကို စောင့်ကြည့်နားထောင်ကြရန် အာဇာနည်နေ့တွင် KNLA တိုက်တွန်း
ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ခေါင်းဆောင်များ၊ ရဲဘော်များနှင့် ပြည်သူများအနေဖြင့် အထက်ခေါင်းဆောင်များ၏ အစီအစဉ် ညွှန်ကြားချက်များကို စောင့်ကြည့်နားထောင်ရင်း မိမိတို့၏ လမ်းစဉ် လုပ်ငန်း စဉ်များအပေါ် မားမားမတ်မတ် ရပ်တည်ကြရန် ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၃)...
မြဝတီတောင်ပေါ်လမ်းဟောင်းတွင် တိုက်ပွဲနှင့် တောင်ပြိုကားပြုတ်ကျမည့် အန္တရာယ်ကြားမှသွားလာနေရကြောင်း ကားသမားများပြော
ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြဝတီအာရှလမ်းမကြီး တောင်ပြိုလမ်းပျက်နေမှုကြောင့် ပြောင်းလဲသွားလာနေရသည့် ဒေါနတောင် လမ်းဟောင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲအကြား ကြားညှပ် ထိခိုက်ခံရမည့်အရေးနှင့် ကျောက်ကမ်းပါးလမ်းများ ပြိုကျပြီး ကားနှင့် လူချောက်ထဲပြုတ်ကျနိုင်သည့် အန္တရာယ်ရှိနေသည်အကြားမှသွားလာနေကြရသည့်အတွက် အချိန်မရွေးအသက်အန္တရာယ်ကြုံ ရနိုင် ကြောင်း ဒေသခံယာဥ်မောင်းများက...
အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်ခဲ့သော ကော်ခိုကြီး
အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်ခဲ့သော ကော်ခိုကြီး
သူးလေဖော
(၁၂ ဩဂုတ်လ၊ ၂၀၂၃)
၁၉၅၀ပြည့်နှစ် ဇူလိုင် ၁၇ရက်မှ ၁၉ရက်နေ့အထိ ဖာပွန်မြို့၌ ကော်သူးလေကွန်ဂရက်ကို ကျင်းပသည်။
ကွန်ဂရက်တွင် ဥက္ကဠစောဘဦးကြီးကိုယ်တိုင် သဘာပတိအဖြစ် ဆောင်ရွက်ပြီး အစည်းအဝေးကို အစမှ အဆုံးအထိ ခေါင်းဆောင်ခဲ့သည်။
ကွန်ဂရက်သို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှာ ဗိုလ်ချုပ်စန်းကေ၊ စကောလယ်တော၊ ဗိုလ်ရောလေ။ တောင်ငူခရိုင်က...
တိုက်ပွဲဆက်လက်ဖြစ်ပွားမည့်အရေး စိုးရိမ်မှုကြောင့် ကျောက်တံခါးဒေသခံများ နေရပ်မပြန်ရဲသေး
ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းရွာတွင် ပြီးခဲ့သည့် ဩဂုတ်လ(၁၁)ရက်နေ့က စစ်ကောင်စီနှင့် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆက်လက်ဖြစ်ပွားလာနိုင်မည့်အရေး စိုးရိမ်မှုကြောင့် သမင်အင်းကုန်းနှင့် အနီးအနားရှိ ကျေးရွာများ နေရပ်ပြန်မနေ ထိုင်ရဲသေးကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
သမင်အင်းကုန်း အပါအဝင်...
စွန့်လွှတ်ပေးဆပ်ခဲ့သည့် ကရင့်အာဇာနည်များ၏ မျှော်လင့်ချက် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းကြရန် KNU ဥက္ကဋ္ဌ တိုက်တွန်း
ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားများအနေဖြင့် မိမိတို့ကရင့်အာဇာနည်များ၏ စွန့်လွှတ်ပေးဆပ်မှု မျှော်လင့်ချက်နှင့် အဓိပ္ပါယ်များကို အကောင်အထည်ဖော်နိုင်ရေး စည်းလုံးညီညွတ်စွာ ကြိုးပမ်းလုပ်ဆောင်ကြရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဩဂုတ်လ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ ပေးပို့မိန့်ခွန်းလွှာတွင် တိုက်တွန်း ပြောဆိုထားသည်။
အဆိုပါ မိန့်ခွန်းတွင်...
မိုးကြီးရေလျှံ၍ ကုန်းမြင့်ပိုင်းသို့ ပြောင်းရွှေ့ ရပ်ထားသောကားများ ပျောက်ဆုံးမှုများရှိနေ
ဩဂုတ်လ ၁၁ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် သံလွင်မြစ်ရေး ဆက်တိုက်မြင့်တက်နေ၍ ကုန်းမြင့်ပိုင်းသို့ သွားရောက်ပြောင်းရွှေ့ ရပ်ထားသောကားများ ယခုရက်ပိုင်းအတွင်း အခိုးခံရ၍ ပျောက်ဆုံးမှု များ ဖြစ်ပေါ်နေကြောင်း ကားအခိုးခံရသည့် ဒေသခံများက ပြောသည်။
ဖားအံမြို့ပေါ်တွင် ပြီးခဲ့သည့်ဩဂုတ်လ ၃ ရက်နေ့၊ နံနက်ပိုင်းမှ စတင်ပြီး...














