Home Authors Posts by KIC News

KIC News

22514 POSTS 0 COMMENTS

ပုလောမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပိတ်ဆို့ရှာဖွေမှုများ ပိုမိုပြုလုပ်လာ

ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ခရီးသည်များ တင်ဆောင် လာသောကုန်ပစ္စည်းများကို တင်းတင်းကြပ်ကြပ်ရှာဖွေ စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောမြို့အတွင်းဝင်မည့် လမ်းများတွင် စစ်ဆေးရေးဂိတ်ပေါင်း ၇ခုထက် မနည်းရှိနေပြီး ယခုရက်ပိုင်းအတွင်း လုံခြုံရေးများ တိုးမြှင့်ချထားကာ...

ရွာသစ်ကုန်းကျေးရွာအတွင်း တကျော့ပြန်တိုက်ပွဲဖြစ်ပွား၍ ရွာသားများ ထပ်မံတိမ်းရှောင်ရ

ဩဂုတ်လ ၁၆ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ-၆နယ်မြေ၊ ကော့ကရိတ်မြို့နယ်၊ အာရှကုန်သွယ်ရေးလမ်းဘေးရှိ ရွာသစ်ကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား ယနေ့နံနက် ၈နာရီခွဲအချိန်က တိုက်ပွဲဖြစ်ပွား၍ ရွာသားများ ထပ်မံတိမ်းရှောင်နေရကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့ကတည်းက ရွာသစ်ကုန်းကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့်...

လက်ခတ်တောင်စစ်စခန်းကို ပစ်ခတ်စစ်ကူပေးသည့် စစ်တပ်လက်နက်ကြီးကြောင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီး

ဩဂုတ် ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ စစ်ကောင်စီတပ်က လက်ခတ်တောင်စစ်စခန်းပြန်သိမ်းရန် စစ်ရေးအရှိန်မြှင့် တိုက်ခိုက်ရာမှာ လက်နက်ကြီး ပစ်ခတ်နေရာ ၈ နေရာခန့်မှ အဆမတန်ပစ်ခတ်မှု ကြောင့် ကျေးရွာ ၃ ရွာက နေအိမ်များ ထိခိုက်ပျက်စီးကြောင်း ဖလူးကြီးကျေးရွာ သားများက ကေအိုင်စီသို့ ပြောသည်။ “မနေ့ညက...

တပ်မဟာ (၁) နယ်မြေတွင် စစ်ကောင်စီတပ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း ကေအဲန်ယူ ထုတ်ပြန်

သြဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁) နယ်မြေ၊ သထုံခရိုင်အတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီတပ်များသည် ဒေသခံ ပြည်သူလူထုများအပေါ် ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ကျေးရွာအတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းနှင့် ပစ္စည်းများ ခိုးယူခဲ့ခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှု များဆက်တိုက်လုပ်ဆောင်နေသည်ဟု ကေအဲန်ယူ ဗဟို၏ ဩဂုတ်လ...

စစ်တပ်လက်နက်ကြီးကြောင့် ကော့ကရိတ်ဒေသခံ ၃ ဦးဒဏ်ရာရ

ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ကော့ကရိတ်မြို့ ဒေသခံ ၃ ဦး ကျည်ထိမှန် ဒဏ်ရာရရှိသွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ ကော့ကရိတ်မြို့၊ အမှတ်-၂ရပ်ကွက်၊...

ကရင်ပညာရေးဦးဆောင်လမ်းပြပေးသူ နော်ဟေသီဂျူး ၂၀၂၂ ခုနှစ် ပဒိုမန်းရှာလူငယ်ဆုရရှိ

ဩဂုတ်လ ၁၆ ရက် ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း၏ ၂၀၂၂ ခုနှစ် လူငယ်ခေါင်းဆောင်ဆုကို ကရင်ပညာရေးအတွက် ဦးဆောင်လမ်းပြပေးသူတစ်ဦးဖြစ်သော ကော်သူးလေ အထက်တန်းကျောင်းတစ်ခုမှ လူငယ်အမျိုးသမီး ကျောင်းအုပ် နော်ဟေသီဂျူးကို ပေးအပ်ချီးမြှင့်လိုက်ကြောင်း ဖန်းဖောင်ဒေးရှင်းက ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ နော်ဟေသီဂျူးသည်...
Donate