Hay Htoo
KNUထံ ခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နောက်ကျန်မိသားစုဝင်များနှင့်ပြန်လည်ဆုံဆည်းနိုင်ရေး၊ စားဝတ်နေရေးနှင့် အလုပ်အကိုင်စီစဥ်ပေးထား
ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ဇူလိုင်လကုန်ပိုင်းက KNU-ကရင်အမျိုးသားအစည်းအရုံးထံခိုလှုံလာသည့် စစ်ကောင်စီ၏ တပ်မ(၄၄) လက် အောက်ခံ ခြေမြန်တပ်ရင်း -ခမရ (၂၀၇) မှ ဒုတပ်ကြပ် ကျော်နိုင်စိုး၏ ကျန်ရှိသည့် မိသားစုဝင်များကို KNU က လွတ်မြောက်နယ်မြေသို့ခေါ်ယူပေးကာ ဩဂုတ် ၁၂ရက်မှစ၍...
ပြည်သူများ အဖိနှိပ်ခံဘဝလွတ်မြောက်ရေး ကရင်လက်နက်ကိုင်များအားလုံး တော်လှန်တိုက်ပွဲဝင်ကြရန် ဒူးပလာယာခရိုင်အတွင်းရေးမှူး တိုက်တွန်း
ဩဂုတ် ၁၃ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
ပြည်သူတစ်ရပ်လုံး အဖိနှိပ်ခံ ဘဝလွတ်မြောက်ရေးအတွက် မဟာလူမျိုးကြီးဝါဒီနှင့် အာဏာရှင်စနစ်ဆိုးကို ပျက်သုန်းသွားသည်အထိ တွန်းလှန်တိုက်ပွဲဝင်ကြရန် KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဌာနဆိုင်ရာများနှင့် ပြည်သူများစုပေါင်းကျင်းပသည့် ၇၂ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားတွင် ခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က တိုက်တွန်းပြောဆိုခဲ့သည်။
အဖိနှိပ်ခံနေကြရသည့်...
ကရင်လက်နက်ကိုင်များ ပြန်လည်စုစည်းပြီး ပန်းတိုင်ရောက်သည့်အထိ ဆောင်ရွက်သွားမည်ဟု DKBA အဖွဲ့မှ ဗိုလ်မှူးကြီး စောအေဝမ်းပြော
ဩဂုတ် ၁၃ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
အစုအဖွဲ့ကွဲပြားနေသည့် ကရင်တော်လှန်ရေးလက်နက်ကိုင်များ တစ်စုတစ်ဖွဲ့တည်းဖြင့် ပြန်လည်စုစည်းပြီး အာဇာနည်ခေါင်းဆောင်များ၏ ချမှတ်ထားသည့် ပန်းတိုင်ရောက်သည့်အထိ ကြိုးစားဆောင်ရွက်သွားမည်ဟု ယမန်နေ့က KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ လေးဝါဖလိုရွာတွင် ကျင်းပသည့် ၇၂ နှစ်မြောက် ကရင်အမျိုးသားအာဇာ နည်နေ့ အခမ်းအနားတွင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်...
ဓာတ်မြေသြဇာစျေးတက်လာခြင်းကြောင့် ရာဘာစိုက်ပျိုးသူများ ဆိတ်ချေးမြေသြဇာပါရောသုံးနေရ
ဩဂုတ် ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ထဲတွင် ဓာတ်မြေသြဇာစျေးတက်လာသဖြင့် ရာဘာခြံလုပ်ငန်းလုပ်ကိုင်သူအများစု သည် စျေးပိုသက်သာသည့် တခြားမြေသြဇာများနှင့် ဆိတ်ချေးမြေသြဇာကိုပါ ရောသုံးနေရကြောင်းခြံပိုင်ရှင်များ ထံမှ သိရသည်။
ပြီးခဲ့သည့်နှစ်တွင် ပုလဲဓာတ်မြေသြဇာတစ်အိတ်လျှင် ၃၅,၀၀၀ (သုံးသောင်းငါးထောင်) ကျပ် ဝန်းကျင်သာရှိ သော်လည်း လက်ရှိဒေါ်လာစျေးတက်ချိန်တွင် တစ်သိန်းကျော်အထိစျေးတက်လာသောကြောင့်
တစ်နိုင်တစ်ပိုင်...
လန်းဖားကျေးရွာ ကရင့်အာဇာနည်နေ့ ပြည်သူလူထု ၉၀၀ ဝန်းကျင်တက်ရောက်
ဩဂုတ်လ ၁၂ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ လန်းဖားကျေးရွာတွင် ယနေ့ကျင်းပပြုလုပ်သည့် ၇၂နှစ်မြောက် ကရင့် အာဇာနည်နေ့ အခမ်းအနားသို့ ဒေသခံပြည်သူ ၉၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြောင်း ဒေသခံရွာသားများထံမှ သိရ သည်။
ယနေ့မနက် ကျင်းပခဲ့သည့် ၇၂နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို လန်းဖားကျေးရွာအုပ်စု၊ ပိုင်ကလံဒုံ...
ပိုင်ကျုံ၊ တာကရားရွာ ကရင့်အာဇာနည်နေ့ လူပေါင်း ၇၀၀ ကျော် တက်ရောက်ဂါ ရဝပြု
ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ- ပိုင်ကျုံမြို့နယ် တာကရားကျေးရွာ(အနောက်ဘက်) ဘောလုံးကွင်းတွင် ယနေ့ ကျင်းပသည့် ၇၂ နှစ်မြောက် ကရင်အမျိုး သားအာဇာနည်နေ့ အခမ်းအနားအား လူပေါင်း ၇၀၀ ကျော် တက်ရောက်ဂါရဝပြုခဲ့သည်ဟု သိရသည်။
KNU ပိုင်ကျုံမြို့နယ်ဥက္ကဋ္ဌ စောဆာပုလဲဒီဝမ်းက...















