Hay Htoo
ကော့ကရိတ်ပစ်ခတ်မှုအပြီး စစ်ကောင်စီ၏ လက်နက်ကြီးပြန်လည်ပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၃ ဦးထိခိုက်
ဩဂုတ်လ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ယနေ့ ကော့ကရိတ်မြို့တွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် လှိုင်ဝအခြေစိုက် စစ်ကောင်စီစခန်းမှနေ၍ လက်နက်ကြီးဖြင့် ကော့ကရိတ်မြို့တောင်ပိုင်းနှင့် မြောက်ပိုင်းကျေးရွာများဘက်သို့ ပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့် ရန်ကုတ်ကျေးရွာနေ ကလေးငယ်အပါအဝင် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆို သည်။
ယနေ့ နံနက်...
ကော့ကရိတ်မြို့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ၂ ခု ဝင်ရောက်တိုက်ခိုက်ခြင်းခံရ
ဩဂုတ်လ ၁၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း၊ ကော့ကရိတ်-မြဝတီလမ်းဟောင်းပေါ်ရှိ ခရိုင်ရဲတပ်ဖွဲ့စခန်းနှင့် မြို့လယ်နေရာရှိ ကော့ကရိတ်မြို့မရဲစခန်းကို ယနေ့ ဩဂုတ်လ (၁၅)ရက် နံနက်(၁၀)နာရီဝန်းကျင်ခန့်က စစ်အာဏာရှင်တော်လှန်နေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ရဲစခန်းအနီးရှိ ဒေသခံ ပြည်သူများက ပြောသည်။
စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များ နေထိုင်သည့်...
ရန်သူကိုတိုက်ထုတ်ရန် အားလုံးပူးပေါင်းပါဝင်သည့်တံခါးဖွင့်ထားသည်ဟု အာဇာနည်နေ့တွင် KNLA စစ်ဦးစီးချုပ် တိုက်တွန်း
ဩဂုတ် ၁၃ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
စည်းလုံးညီညွတ်မှုရှိမှ ရန်သူကို ပြန်လည်တိုက်ထုတ်နိုင်မည်ဖြစ်သည့်အတွက် ပြည်သူလူထုများအနေဖြင့် အားလုံးပြန် လည်ပူးပေါင်းရန် တံခါးဖွင့်ပေးထားသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီးစောဂျော်နီမှ ဩဂုတ်လ ၁၂ရက်နေ့တွင် ကျရောက်သည့် ကရင်အာဇာနည်နေ့တွင် တိုက်တွန်းပြောဆိုသည်။
“ကျနော်တို့ လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ ကျနော်တို့ကရင်လူမျိုးတွေပဲ တိုက်ယူရမှာဖြစ်တယ်။ ဘယ်သူမှလာပြီး တိုက်ယူပေးမှာ...















