Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

မွန်ပြည်နယ် ကဒါရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုကျ၍ လူနေအိမ် ထိခိုက်မှုများဖြစ်ပေါ်

ဩဂုတ်လ ၁၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဘီလူးကျွန်းကျေးရွာအုပ်စု ကဒါရွာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ယနေ့ သြဂုတ်လ (၁၇) ရက်နေ့ နံနက် (၆) နာရီအချိန်တွင် တောင်ပေါ် မြေပြိုကျ၍ လူနေအိမ်ထိခိုက်မှုများရှိကာ ၎င်းနေအိမ်များရှိ ပြည်သူများ ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းခဲ့ရကြောင်း ကဒါရွာသားတစ်ဦးက...

မြို့တွင်းပစ်ခတ်မှုအပြီး ကော့ကရိတ်တွင် သွားလာသူ၊ စျေးဝယ်သူ လျော့နည်းသွား

ဩဂုတ်လ ၁၆ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်တွင် ယမန်နေ့ ဩဂုတ်လ ၁၅ရက်နေ့က မြို့တွင်း ဝင်ရောက်စီးနင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်တွင် မြို့နှင့် အနီးတဝိုက် ကျေးရွာမှ ပြည်သူများမှာ သွားလာမှု မရှိသလောက် နည်းပါးနေကြောင်း မြို့ခံများထံမှ သိရ သည်။ မြို့ခံ အသုပ်ရောင်းသူ အမျိုးသမီးတစ်ဦးက "မနေ့က ပစ်ခတ်မှုပြီးတော့...

ကေအဲန်ယူ ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်ပြည်သူ ၃၀၀,၀၀၀ ကျော်အတွက် အကူအညီလိုအပ်နေ

ဩဂုတ် ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ခရိုင်(၆)ခုထဲရှိ စစ်ရှောင်ဦးရေ ၃၀၀,၀၀၀ (သုံးသိန်း)ကျော်သည် လက်ရှိအချိန်တွင် ထောက်ပံ့မှုအကူအညီများလိုအပ်နေကြောင်း ကေအဲန်ယူက ယနေ့ ဩဂုတ်လ ၁၆ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေထဲတွင် တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေသည့်အတွက် ပြည်သူလူထုမြောက်အများ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိကောက်ယူရရှိထားသည့် စစ်ရှောင် ဦးရေ (၃၅၆,၆၇၄)ဦးအတွက်...

နိုင်ငံရေးပါတီများနှင့် နိုင်ငံခြားအဖွဲ့အစည်းများတွေ့ဆုံခွင့် UEC ဥပဒေကို KNDP ပါတီ လိုက်နာမည်

ဩဂုတ် ၁၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများနှင့် နိုင်ငံခြားအဖွဲ့အ စည်းများနှင့် တွေ့ဆုံခွင့်ဥပဒေကို ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP အနေဖြင့် လိုက်နာဆောင်ရွက်သွားမည် ဟု ပါတီဥက္ကဋ္ဌက ပြောသည်။ စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အဖွဲ့ အစည်း၊ လူပုဂ္ဂိုလ်များနှင့်...

ခလယ်-တံခွန်တိုင်တိုက်နယ် စာသင်ကျောင်းဝင်းထဲ စစ်ကောင်စီတပ် မိုင်းထောင်ထားသဖြင့် ဌာနေကလေးထောင်ချီပညာသင်ယူမှုမရကြသေး

ဩဂုတ် ၁၆ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်နယ် ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီတပ်သည် စခန်းအနီးရှိ ကျေးရွာစာသင်ကျောင်းများတွင် မြေမြှုပ်မိုင်းများ ထောင်ထားသည့်အတွက် ဌာနေကလေးဦးရေထောင်ချီမှာ ယနေ့အချိန်ထိ ပညာသင်ယူမှု မရကြသေးဟု ဒေသခံများထံမှ သိရသည်။ တံခွန်တိုင်ရွာ အမှတ်(၃) မူလတန်းကျောင်းဝင်းအတွင်း ထွက်ပေါက်ထောင့်စုနေရာတွင်...

မြဝတီမြို့တွင် စစ်ကောင်စီ ဖမ်းဆီးသွားသည့် ငွေလဲလုပ်ကိုင်သူများကို ယခုအချိန်ထိ ပြန်လွှတ်ပေး ခြင်းမရှိသေး

ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် သြဂုတ်လ (၁၃)ရက်နေ့က အမှတ် (၃)ရပ်ကွက် ကြံခင်းလမ်းနှင့် အမှတ် (၁) ချစ်ကြည်ရေးတံတားအနီးရှိ မြန်မာနှင့်ထိုင်း တစ်နိုင်တစ်ပိုင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူများကို စစ်ကောင်စီတပ်နှင့်ရဲများက ဖမ်းဆီးသွားခဲ့ပြီးနောက် ယခုအချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။ အမှတ် (၃)ရပ်ကွက်...
Donate