Hay Htoo
ကော့ကရိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေနတ်ပစ်ဖောက်ပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်းလိုက်လံ စစ်ဆေးမှုများပြုလုပ်နေ
ဩဂုတ်လ ၁၇ ရက် ၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များက မြို့တွင်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီးနောက် တစ်အိမ်ဝင်တစ်အိမ်ထွက်ဧည့် စာရင်းများလိုက်လံစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်းဒေသခံများပြောစကားအရ သိရသည်။
ဩဂုတ်လ ၁၇ ရက်နေ့ ညနေမွန်းလွဲ ပိုင်းအချိန်တွင် ကားနှစ်စီးဖြင့် အင်အား၂၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် ကော့ကရိတ်မြို့အတွင်းသို့ဝင်...















