Hay Htoo
နှစ်သစ်အားမာန်
ခေါင်ဆူ.လိုင့်
ကန္တာရခရီးကြမ်း လျှောက်ရင်း
လမ်းမပျောက်ဘဲ ရေငတ်နေတဲ့ ငါ
စမ်းရေတပေါက် တွေ့သောက်မိတော့
ပေါ့ပါးရွှင်လန်း ဆန်းစစ်မိခဲ့
ရှေ့ဆက်မဲ့ ခရီးသစ်ကို
နှစ်သစ်မှာ အကြံသစ်တွေနဲ့
ခွန်အားမာန်အပြည့်မို့
ရန်စွယ်ကျော်လွှားဖို့ အသင့်တွေး
ရွေးကောက်ပွဲမတိုင်ခင်
လေး၊ မျှားတံ တင်ကြပါစို့လား...။
ခရီးသည်တင်ကား တိမ်းမှောက်မှုကြောင့် လူ ၉ဦး သေဆုံး
ဒီဇင်ဘာ ၂၉ရက်။ ကေအိုင်စီ
မြဝတီ-ကော့ကရိတ် တောင်ပေါ်ကားလမ်းတွင် ယမန်နေ့က ခရီးသည်တင် ဟိုင်းလက်ကားတစီး တိမ်းမှောက်ခဲ့ရာ ကားပေါ် ပါလာသည့် ခရီးသည် ၉ဦးသေဆုံးကာ ၂၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ခရီးသည် ၃ဝဦးကျော်ကို တင်ဆောင်လာသည့် အ/၄၇၂၅ နံပါတ်ပါ အဆိုပါ ခရီးသည်တင်ကားမှာ မြဝတီနှင့် ဖြူးသို့ ပြေး...
သားဆိုးမိခင်၏အရင်းခံနှလုံးသား
လယ်ပြင်ထင်ရှား၊ ဆင်တွေသွားနှယ်
မြင်ကျယ်စူးရှ၊ ပြစ်ကွင်းလှမို့
လက်တညှိုးလေး၊ ကွေးလိုက်ယုံ
စုပြုံကာသုဉ်း၊ နင်ကျဆုံးမှာ
ငါပင်သိနေလည်း။
နင်လုပ်ချင်တိုင်း၊ လုပ်တိုင်းရနေ
ရလဒ်တွေ၊ ရမှတ်တွေဟာ
တချိန်မှာ၊ချည်လာနိုင်ခြင်း
ဇတ်ချိုးဆင်း၊ သတ်ကြိုးကွင်းရာ
ငါပင်သိနေလည်း။
မပြစ်ချင်၊ မသတ်ချင်ပြန်
အလံမထူ၊ နိုင်မယူချင်
ဖြူစင်စိတ်ထား၊ ချစ်များဝင်နေတုန်း
စစ်မှန်ဆုံး၊ ပြုံးများခင်း၍
ပွင့်လင်းခဲ့၊ နားလည်ခဲ့စေချင်။
လေရှိ်န်နဲ့ဝဲရာ
လေငြိမ်မလာခင်
ငါရှိရာ၊ ပျံလာသင့်ပြီမို့။
နင်နင်ငါငါ....
အာဃာတ၊ မာန်မာန
ယူအဆ၊ ခဏချတွေ့
လာကြဟေ့လား၊ ပျော်ပါးပါးပေါ့
တို့များတစ်ည၊ မေ့လိုက်ကြစဉ်
ရင်ခွင်ငြိမ်းအေး၊ မျိုးသားတေးသံ
အလံတော်အောက်၊ ဉာဏ်မျှော်ထောက်လေ
အပြုံးတွေစွက်၊ ပခုံးဖက်လို့
ဆုံးဖြတ်ညီညာ ဦးညွတ်စို့။
ယမ်းငွေ့နံ့ကင်း၊ပန်းနံ့သင်းသည်
ရောင်နီကြွယ်ဝ၊ နေ့မြတ်လှမှာ
သာယာမြည်ဟီး၊ ဖားစည်တီးမယ်
ညီရယ်...
ကေအဲန်ယူ တပ်မဟာ(၅)တွင် နအဖနှင့် ဒီကေဘီအေ တပ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်နေရာယူ
ဒီဇင်ဘာလ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကေအဲန်ယူ တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်၊ ဒွဲလိုးမြို့နယ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်တွင် နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်တို့ တပ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက် နေရာယူနေသည်ဟု သတင်းရရှိသည်။
ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်၌ ယခင်က တပ်အင်အား ၆၀ဝရှိသော...
လုပ်အားခိုင်းစေမှုနှင့်အတူ တိုက်ပွဲဖြစ်ပွားမှု ပိုများလာ
ဒီဇင်ဘာလ ၂၃ရက်။ နန်းထူးစံ (ကေအိုင်စီ)
ယခုနှစ် နိုဝင်ဘာလကတည်းက ကရင်ပြည်နယ်၊ တောင်ငူဒေသအတွင်း လုပ်အားခိုင်းစေမှု များလာသည်နှင့်အမျှ တိုက်ပွဲဖြစ်ပွားမှု လည်း ပိုမိုများပြားလာကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ကေအဲန်ယူ တပ်မဟာ(၂)၊ တောင်ငူခရိုင်ရှိ သံတောင်နှင့် ထန်းတပင်မြို့နယ် စပ်ကြားဒေသများအတွင်း အခြေစိုက် လှုပ်ရှားနေ သော နအဖ...
စုပေါင်းလုပ်ဆောင်ခြင်းမှ စည်းလုံးခြင်းဆီသို့
မနိုက်အွာ (ဒီဇင်ဘာ ၂၁ရက်)
အခု ဆောင်းရာသီ၊ နှင်းတွေတဖျန်းဖျန်းကျပြီး အေးချမ်းလှတဲ့ ဒီဇင်ဘာလမှာ ကျမတို့ကရင်လူမျိုးတွေ အပျော်ရွှင်ဆုံးအချိန်ဖြစ် တယ်။ အကြောင်းမှာ တနှစ်တာအတွင်း ရာသီသုံးခုအလိုက် တောင်ယာ၊ လယ်ယာနဲ့ ခြံလုပ်ငန်းတွေ လုပ်ကိုင်စားသောက်ကြတဲ့ ကျမတို့ကရင်လူမျိုးတွေက လုပ်ငန်းတွေ ပြီးစီးတဲ့ယခုအချိန်မှာ နှစ်သစ်ကို ကြိုဆိုဖို့အတွက် တောင်ပေါ်၊ မြေပြန့်ဒေသအနှံ့...
နိုးထကြလော့
မျိုးဆက်သစ် ကရင်လူငယ်များ
အချိန်ကာလ
ရွေးနှုတ်တတ်လော့
အစသမိုင်း
ပြန်လည်ပိုင်းရင်
မျက်ရည်ဝိုင်းတယ်လူငယ်တို့။
နိုင်ငံရေးမှာထိပ်ထိပ်ကျဲ
ကမ္ဘာ့အရေးမှာချိမ့်ချိမ့်သဲ
ကမ္ဘာ့ကုလသမဂ္ဂမှာ ကျိတ်ကျိတ်နွဲ
နိုင်ငံတော်သမ္မတနဲ့
အာဇာနည်ဖြစ်ကြတာ ဘယ်သူတွေလဲ
အဲ့ဒါမင်းတို့ အဘိုးတွေပဲ။
စစ်ရေးမှာသတ္တိခဲ
ပထမ၊ ဒုတိယ ကမ္ဘာစစ်မှာပါဝင်နွဲ
လွတ်လပ်ရေးရပြီးနောက် တပ်မတော်ကို ကွပ်ကဲ
စစ်ရေးသေနာပတိနဲ့ သတိုးမဟာသရေစည်သူဘွဲ့ရ
ကာကွယ်ရေးဦးစီးချုပ်တပ်မင်းဟာ ဘယ်သူလဲ
အဲ့ဒါမင်းတို့အဘိုးတွေပဲ။
ကမ္ဘာမှာ ပထမ
နိုင်ငံတကာလူရည်ချွန်တွေ တက်ကြ
အိန္ဒြိယနိုင်ငံက“ဒေရာဒွန်း”စစ်တက္ကသိုလ်အလှ
ပထမဆုံးအပတ်စဉ်(၁)မှာ
လှံစွပ်ထိုးသင်ခန်းစာမှာ ဘက်နက်ကျိုးပါသတဲ့
စံပြဗိုလ်လောင်းပထမဆုရ
ရွှေစလွယ်နဲ့ငွေဓါးဆု ဂုဏ်ပြုခံရတာဘယ်သူလဲ
အဲ့ဒါမင်းတို့အဘိုးတွေပဲ။
ပညာရေးမှာ ဝင့်ဝင့်ကြွား
ဆာဘွဲ့ရ၊ ဒေါက်တာဘွဲ့ရ ဝတ်လုံတော်ဘွဲ့ရများမှများ
အာရှတလွှားမှာ အဂင်္လိပ်စကားကို အဂင်္လိ်ပ်အလား
ပီပီသသ ကြည်ကြည်မြမြ
ပြောဆိုရေးသားနိုင်ကြတာ ဘယ်သူတွေလဲ
အဲ့ဒါ မင်းတို့အဘိုးအဘွားေတွေပဲ။
အားကစားမှာ အာရှစတား
ဘောလုံးလောကမှာ...
မြန်မာနိုင်ငံသားတဦး အကြမ်းဖက်နှိပ်စက်ခံရမှုအပေါ် အလုပ်သမား ၄ထောင်ခန့် ဆန္ဒပြတောင်းဆို
ဒီဇင်ဘာလ ၁၉ရက်။ ။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အမျိုးသမီးအဝတ်အစားချုပ်စက်ရုံတခုတွင် ယမန်နေ့ညက မြန်မာနိုင်ငံသားတဦး အကြမ်းဖက်ခံရမှုအ ပေါ် မြန်မာအလုပ်သမား ၄ထောင်ခန့် ဆန္ဒပြတောင်းဆိုမှုတခု ယနေ့နံနက်တွင် ဖြစ်ပွားခဲ့သည်ဟု သိရ သည်။
ယမန်နေ့ည ၁ဝနာရီခန့်တွင် ဝေါဆိုသူ အသက် ၂၉နှစ်အရွယ်ရှိ မြန်မာလူငယ်သည် တော့ပ်ဖေါင်းမ်...
စစ်သားကောက်ခံမည်ဖြစ်သောကြောင့် အရွယ်ရောက်လူငယ်များ ရွာမှ တိမ်းရှောင်နေရ
ဒီဇင်ဘာလ ၁၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
ဒီကေဘီအေတပ်ဖွဲ့က ကရင်နှစ်သစ်ကူးအပြီး စစ်သားကောက်မည်ဖြစ်သောကြာင့် ဖာပွန်ဒေသမှ လူငယ်များ ၎င်းတို့ကျေးရွာမှ လွတ်မြောက်ရာနေရာသို့ တိမ်းရှောင်နေရကြောင်း မယ်လဒုက္ခသည်အတွင်းသို့ ထွက်ပြေးရောက်ရှိလာသူ စောတဂါက ကေအိုင်စီကို ယနေ့ ပြောသည်။
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဝင်းမောင်ကျေးရွာအုပ်စုအတွင်း လှုပ်ရှားနေသည့် ဒီကေဘီအေ တပ်မဟာ(၃၃၃)မှ ဒု-ဗိုလ်မှူးကြီး စောဟယ်နရီ...
ထိုင်း-မြန်မာနယ်စပ်တွင် နှစ်သစ်ကူးပွဲ အသီးသီး ကျင်းပခဲ့
ဒီဇင်ဘာ ၁၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
ဒီဇင်ဘာလ ၁၆ရက်နေ့တွင် ကျရောက်သည့် ၂၇၄၉ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ မဂင်္လာပွဲတော်ကို ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း အပါအဝင် ပြည်တွင်းပြည်ပများ၌လည်း အသီးသီး ကျင်းပခဲ့ကြသည်ဟု သိရသည်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ နို့ဖိုး၊ အုန်းဖျန်၊ မယ်လ စသည့် ကရင်ဒုက္ခသည်စခန်းများနှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်...





