Hay Htoo
၂၀၀၉ခုနှစ်အတွင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေများ၌ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ဖြစ်ပွားခဲ့
ဇန်နဝါရီလ ၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်ရာ နယ်မြေများဖြစ်သည့် တပ်မဟာ(၇)ခု တွင် ၂၀၀၉ခုနှစ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (ကေအဲန်အယ်လ်အေ)နှင့် နအဖ၊ ဒီကေဘီအေတပ်ဖွဲ့ များ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကေအဲန်ယူ၏ ၂၀၀၉ခုနှစ် နှစ်ချုပ်တိုက်ပွဲမှတ်တမ်းတွင် ပြီးခဲ့သည့် တနှစ်တာလုံးအတွင်း ပြောက်ကျားနှင့်...
လူငယ်များ၏ စကားလက်ဆောင်
စောသန်းအောင် -၂၃နှစ်
ဝါသနာ -တိုက်ခိုက်ရေး
ပညာ -အထက်တန်းလွန်
ဇာတိ -ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ မဲဝါးကျေးရွာ
ကျနော်က ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ မဲဝါးကျေးရွာ ဇာတိကပါ။ ငယ်ငယ်တုန်းက ဖာပွန်မြို့မှာ နေပါတယ်။ ငါးတန်းနှစ်မှာ အ ဖေဆုံးသွားတော့ အမေက ကြက်မွေး၊ ဝက်မွေးပြီးတော့ ရတဲ့ငွေလေးနဲ့ပဲ ကျနော့်ကို ကျောင်းထားခဲ့တယ်။ ကျောင်းနေတုန်း ကအဓိက ကြုံရတဲ့ အခက်အခဲတွေကတော့ ငွေရေးကြေးရေးပါပဲ။...
ဘုရားသုံးဆူဂွင်တွင် ရော်ဘာဈေးနှုန်း ဆက်တိုက် ပြန်လည်မြင့်တက်လာ
ဒီဇင်ဘာလ ၇ရက်။ ။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ဘုရားသုံးဆူဂွင်၌ ယခုနှစ်ဆန်းပိုင်းတွင် ရော်ဘာကုန်ကြမ်းဈေးနှုန်း ဆက်တိုက် မြင့်တက် လာသည်ဟု ထိုနယ်မြေဒေသရှိ ရော်ဘာစိုက်ပျိုးသူများ၏ ပြောပြချက်အရ သိရသည်။
ယမန်နှစ် ၂၀၀၉ခုနှစ်က ရော်ဘာကုန်ကြမ်းဈေးနှုန်း အဆမတန် ကျဆင်းခဲ့သော်လည်း ယခုနှစ် ၂၀၁ဝခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှစ၍ မထင်မှတ်ဘဲ...
ကလေးများနှင့် အမျိုးသမီးများအတွက် ကရင်အဆိုတော်များ ဂီတပွဲပြုလုပ်ခဲ့
ဇန်နဝါရီလ ၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာပြည်တွင်းနှင့် နယ်စပ်တွင် အတိဒုက္ခရောက်နေသော ကရင်ကလေးငယ်များအတွက် အကူအညီပေး နိုင်ရေး ရန်ပုံငွေရှာသည့် ဂီတဖျော်ဖြေပွဲတခုကို ယမန်နေ့ညက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ပြုလုပ်ခဲ့ရာ နာမည်ကြီး ကရင်အဆိုတော်များ လာရောက်သီဆိုပေးခဲ့ကြသည်။
အဆိုပါ ဂီတပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ဦးဆောင်ကျင်းပခဲ့သည့် ကရင်အမျိုးသမီးအစည်းအရုံး
(ကေဒဗလျူအို)အဖွဲ့ဝင် နော်ခုက...
တပ်စခန်းပြုပြင်ရန် ရွာသားများကို အလှည့်ကျ လုပ်အားခိုင်းစေ
ဇန်နဝါရီလ ၅ရက်။ ။ စောသိန်းမြင့် (ကေအိုင်စီ)
ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေတွင် အခြေချလှုပ်ရှားလျှက်ရှိသော ဒီကေဘီအေ တပ်မဟာ (၉၉၉) တပ်ရင်း(၇)က ၎င်းတို့တပ်စခန်းပြန်လည်ပြုပြင်ရန်အတွက် ယခုရက်ပိုင်းအတွင်း ဒေသခံရွာသူရွာသား များကို အလှည့်ကျ ခေါ်ယူ ခိုင်းစေနေသည်ဟု သိရှိရသည်။
ဒုဗိုလ်မှူးကြီး စောလိုက်သိမ့် ဦးဆောင်သော ဒီကေဘီအေ...
အမေရိကန်ရောက် ကရင်ဆယ်ကျော်သက်နှစ်ဦး သေဆုံး
ဇန်နဝါရီလ ၄ရက်။ စောအဲခေါင် (ကေအိုင်စီ)
အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့တွင် အခြေချနေထိုင်သည့် ကရင်ဒုက္ခသည် ဆယ်ကျော်သက်လူငယ် မောင်မယ်နှစ်ဦးသည် လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၆ရက်နေ့က ကားဂိုဒေါင်တခုအတွင်း မထင်မှတ်ဘဲ သေဆုံးသွားခဲ့သည်။
၎င်းတို့နှစ်ဦးသည် ကားဂိုဒေါင်အတွင်း အောက်ဆီဂျင်ရရှိခြင်းမရှိဘဲ ကားအင်ဂျင်စက်နိုးရာမှ ထွက်ရှိလာသည့် ကာဗွန်မိုနော့ ဆိုက်ဓါတ်ငွေ့ကို ရှူရှိုက်မိသဖြင့်...
ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ကေအဲန်ယူနှင့် သွားရောက်ပူးပေါင်းမှုကြောင့် ရွာသူရွာသားများ နှိပ်စက်ခံရ
ဇန်နဝါရီလ၂ရက်။ နန်းထူးစံ(ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မကြာသေးခင်က ဒီကေဘီအေ တပ်ရင်း(၉၀၈)မှ တပ်ဖွဲ့ဝင်အချို့ ကေအဲန်ယူနှင့် သွားရောက်ပူးပေါင်း သွားခြင်းသည် ၎င်းတို့တပ် အခြေစိုက်သည့် ဒေသခံရွာသားများက ကေအဲန်ယူနှင့် ဆက်သွယ်ပေးမှုကြောင့် ဟုဆိုကာ ယနေ့အထိ နည်းမျိုးစုံနှင့် နှိပ်စက်လျှက်ရှိသည်ဟု သိရသည်။
တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကျော်ကျော် ဦးစီးသော အဆိုပါ...
အယ်ဒီတာ့အာဘော်
အသစ်အဟောင်း အမှန်အမှားကို ဖွေရှာ၍
ရွက်ဟောင်းကြွေလျှင် ရွက်သစ်လောင်းတတ်သလို နှစ်ဟောင်းကုန်လျှင်လည်း နှစ်သစ်သို့ ပြောင်းစမြဲပင် ဖြစ်သည်။
အကူးအပြောင်း ကာလတခုကို ဖြတ်သန်းသည့်အချိန်တွင် ပျော်ရွှင်မှုများကို စွန့်ပစ်ခဲ့ရသလို ဝမ်းနည်းကြေကွဲမှုများကိုလည်း ချန်ထားခဲ့ရတတ်သည်။ သို့သော် နေရာသစ်၊ အချိန်သစ်ကို ပြောင်းလဲရောက်ရှိတိုင်းလည်း အဟောင်းတို့နှင့် မတူကွဲပြားသည် ချည်းသာ ဖြစ်ပေါ်လာသည်ဟု တထစ်ချ သတ်မှတ်ယူဆနေ၍လည်း...
အခွန်တိုး၍ သစ်လုပ်ငန်းရှင်များ တွက်ခြေမကိုက်
ဒီဇင်ဘာလ ၃ဝရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေ၊ ဝင်းရေးမြို့နယ်၊ မဲ့ကသာဂွင်တွင် သစ်ထုတ်လုပ်နေသော သစ်လုပ်ငန်းရှင်များသည် နယ်စပ်ရှိ လက်နက် ကိုင်အဖွဲ့အချို့၏ အခွန်တိုးတောင်းလာမှုကြောင့် အမြတ်အစွန်းမရှိဘဲ ဖြစ်နေရသည်ဟု ဘုရားသုံးဆူမြို့မှ သစ်လုပ်ငန်းရှင်များက ပြောသည်။
“အဖွဲ့အစည်းတွေ အကုန်လုံးက သူတို့ရှုံးတယ်ဆိုပြီး အကောက်ထပ် တင်လိုက်တဲ့အတွက် ကျနော်တို့...
ရွာပြင်မှ ရွာသားများ ပြန်လာရန် စစ်တပ်မှ အမိန့်ထုတ်ညွန်ကြား
ဒီဇင်ဘာလ ၃၀၊ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရှိ ထီဖိုးသန်ရွာသူရွာသားများသည် ရွာပြင်ရှိ တောင်ယာ၊ လယ်ယာလုပ်ငန်းခွင်များတွင် သွားရောက်နေထိုင်ကာ အလုပ်လုပ်ခွင့်မရှိဘဲ ရွာတွင်းပြန်လာကြရန် နအဖတပ်မှ ယခုလ ၂၅ရက်နေ့က စတင် အမိန့်ထုတ်ညွန်ကြားထားသည်ဟု ဒေသခံများက ပြော သည်။
“ဒီလို ညွန်ကြားတာက နအဖ ခမရ(၃၅၇)က စစ်ကြောင်းမှူးပါ။...





