Hay Htoo
လုံခြုံရေးကြောင့် သွားလာရေး ပိတ်သည့်အတွက် တောင်ငူ ဒေသခံများ စီးပွားရေးထိခိုက်
မတ်လ ၃၁ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ပဲခူးတိုင်း တောင်ငူခရိုင်အတွင်း၌ ပြီးခဲ့သည့်ရက်အနည်းငယ်က နယ်မြေခံ စစ်အစိုးရတပ်များ၏ ကားလမ်း သွားလာရေး ပိတ် ပင်ထားမှုကြောင့် ထိုဒေသရှိ ဥယျာဉ်ခြံစိုက်ပျိုးသူများမှာ စီးပွားရေး ထိခိုက်ရသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
တောင်ငူနယ်ခံတဦးက “စစ်တပ်တွေက သွားလာရေးပိတ်ထားတယ်လေ။ အဲဒီလိုပိတ်တော့ ကွမ်းစိုက်တောင်သူတွေက တောင်ငူမြို့မှာ သွားရောင်းချမဲ့...
အူးသူးထာ့စခန်းမှ စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ကုန်ပြီ
မတ်လ ၃၁ရက်၊ စောသိန်းမြင့် (ကေအိုင်စီ)
ထိုးစစ်ကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးရောက်ရှိလာသည့် အူးသူးထာ့ကျေးရွာရှိ စစ်ပြေးဒုက္ခသည်များသည် ယနေ့ နေရပ် သို့ ပြန်ကြကုန်ပြီဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
ယနေ့မနက် ၅နာရီခန့်မှစ၍ စစ်ပြေးဒုက္ခသည် အိမ်ထောင်စုအချို့ နေအိမ်ရှင်းလင်းကာ ပြန်သွားကြပြီး စုစုပေါင်း အိမ်ထောင်စု (၁၂၀)မှ လူဦးရေ...
ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့….
ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့....
နင်....ဆင်ခြင်ဦး.....
(ဒီမိုဃ်း)
(၁)
မိတ်ဆွေတစ်ယောက်က ပြောတယ်.
ရှေးရှေးတုံးက ရှင်ဘုရင်တွေဟာ
သူဆင်းရဲဟန်ဆောင်ကာ ပြည်သူလူထုရဲ့ အသံကို နားထောင်ပါသတဲ့၊
အခုတော့
ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့
နေပြည်တော် နန်းတော်ကြီးကနေ
အစေအပါးတွေနဲ့အတူ ရွှေနားနှစ်ဆူပန်ဆင်တော်မူပါဦး။
(၂)
ကျောင်းသားလေးတစ်ယောက်က ပြောတယ်
မိဘတွေကို အားနာလှပါပြီတဲ့...။
လမ်းဘေးဈေးသည် တစ်ယောက်ကပြောတယ်
ညနေတစ်ညစာ ဆန်ဘိုးလေးကိုသာ စောင့်မျှော်နေရတာပါတဲ့...
ဆိုက်ကားသမားတစ်ယောက်က ပြောတယ်
ငွေသုံးသောင်းအထုပ်ကိုပိုက်ပြီး
စွမ်းအားရှင်အဖြစ်နဲ့ မိုက်လိုက်ရရင် ကောင်းမလား.တဲ့...။
လယ်သမားတစ်ယောက်က ပြောတယ်
စပါးပေးမလောက်ငှလို့ နှစ်ထပ်တိုးဆွဲပြီးစားနေရပါသတဲ့...။
ဆိပ်ကမ်း အလုပ်သမားတစ်ယောက်ပြောတယ်
ပြည့်သူ့စစ်တပ်ဖွဲ့ထဲမဝင်ရင် ဆိပ်ကမ်းမဆင်းရဘူးတဲ့..
ဝန်ထမ်းတစ်ယောက်က ပြောတယ်
ငါ့ဝမ်းပူဆာ မနေသာလို့...
လူထုအပေါ် ဒီကေဘီအေ၏ အနိုင်ကျင့်မှု ပိုများလာ
မတ်လ ၃ဝရက်။ (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေခီးဂွင်၌ အခြေချလှုပ်ရှားနေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ)တပ်ဖွဲ့ဝင်များသည် ယခုနှစ်ဆန်းပိုင်းမှစ၍ လူထုအပေါ် အကြောင်းမဲ့ အနိုင်ကျင့်မှုများ ပို၍လုပ် ဆောင်လာသည်ဟု ဒေသခံရွာသားများက ပြောသည်။
အဆိုပါဂွင်တွင် လှုပ်ရှားနေသည့် ဒီကေဘီအေ တပ်မဟာ (၅)လက်အောက်ခံ (၉၀၇)တပ်ရင်းသည်...
ရွေးကောက်ပွဲကျားကွက်နှင့် တိုင်းရင်းသားတစ်ယောက်အမြင်
မန်းကိုကို
၂၆၊၀၃၊၂၀၁၀
မြင်မိတာကို ပွင့်ပွင့်လင်းလင်းပြောရရင် ပထမဆုံးအနေနဲ့ ကောင်းတာမကောင်းတာ အပထား
ရွေးကောက်ပွဲရဲ့ရုပ်လုံးဟာ တဖြည်းဖြည်းနဲ့ပေါ်စပြုလာပြီလို့ ပြောလို့ရမယ်ထင်ပါတယ်။
အပြေးအလွား မှတ်ပုံတင်ကြမယ့်ပါတီတွေထဲမှာ လက်တစ်ဆုပ်စာပါတီကြီးတွေကလွဲရင် ခွေးလေးခုန် လို့ ဖုန်မထပေမယ့် ခုန်ကိုခုန်လိုက်ရမှ ကျေနပ်နိုင်မယ်ဆိုသူတွေလည်း အတော်လေးများနေတာ တွေ့ လိုက်ရလို့ ဒီစာကိုရေးလိုက်ရတာပါ။
၁၉၉ဝ ရွေးကောက်ပွဲတုန်းက ရုပ်မြင်သံကြားကနေ ပါတီတွေကို အချိန်နည်းနည်းစီပေးပြီး အခွင့်အရေး ပေးသလိုလိုနဲ့...
ရွာသူအမျိုးသမီးတဦး ထင်းခွေရင်း ဗုံးနင်းမိ
မတ်လ ၂၇ရက်။ ကေအိုင်စီ
တောင်ငူမြို့နှင့် ၄၅မိုင်ခန့် ကွာဝေးသော ရေသိုးကြီး(ကော်သေးဒဲ)ရွာမှ ရွာသူတဦးသည် မတ်လ ၂၆ရက် နေ့တွင် ထင်းခွေသွားရင်း နအဖတပ်များ ထောင်ထားသည့်မိုင်းကို နင်းမိကာ ခြေတဖက်ပြတ်သွားခဲ့သည် ဟု ဒေသခံတဦးက ပြောသည်။
“အဲဒီနေ့ မနက် ၇နာရီခွဲလောက်မှာ ရေသိုးကြီးရွာသူ နော်ဟဲခရီဟာ ရွာအနီးအနားမှာ ထင်းသွားခွေရင်း...
မြန်မာစစ်အစိုးရကို ပိုမိုဖိအားပေးသွားမည်ဟု ဘယ်လ်ဂျီယမ် လွှတ်တော်အမတ်ပြော
မတ် ၂၅ရက်၊ စောသိန်းမြင့်(ကေအိုင်စီ)
၂၀၁ဝ ရွေးကောက်ပွဲ မတိုင်ခင် မြန်မာစစ်အစိုးရကို ထိရောက်သည့် ဖိအားပေးမှုများ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသည့် ဘယ်လ်ဂျီယံနိုင်ငံ ပါလီမန်လွှတ်တော်အမတ်များက ယနေ့ ပြောဆိုလိုက်သည်။
ဘယ်လ်ဂျီယမ် လွှတ်တော်အမတ် (Karin Lalieux (Socialist Party)နှင့် Julielte Boulet (Greens...
မယ်လစခန်း၌ အိမ် ၂လုံးမီးလောင် လူတစ်ဦးဆေးရုံတင်ရ
မတ်လ ၂၄ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် ယမန်နေ့ညက မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ် (၂)လုံး လောင်ကျွမ်းခံရ ပြီး ဒုက္ခသည်တဦးကို ဆေးရုံတင်လိုက်ရသည်ဟု စခန်းဥက္ကဌ စောထွန်းထွန်းက ပြောသည်။
“မနေ့ည ၁ဝနာရီပေါ့လေ။ ဇုံ A3 မှာ မီးလောင်တယ်။ အကြမ်းအားဖြင့်တော့ မီးပေါ့ဆမှုကြောင့် စတင်ဖြစ်ပွားတာပဲ။...
ပစ်ခတ်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ် သေဆုံး
မတ်လ ၂၃ရက်။ ကေအိုင်စီ
ညောင်လေးပင်ခရိုင်တွင် ယမန်နေ့ညနေက နအဖ စစ်တပ်၏ ရွာတွင်းဝင်ရောက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အမျိုးသမီးနှင့် ကလေးငယ် သုံးဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံတဦးက ကေအိုင်စီကို ပြောသည်။
ယမန်နေ့ညနေ ၄း၃ဝနာရီအချိန်တွင် နအဖ အမှတ်(၈) စစ်ကွပ်ကဲရေး လက်အောက်ခံတပ်ရင်းဖြစ်သည့် ခမရ(၃၆၉)သည် ရွှေ ကျင်မြို့နယ်၊...
ကရင်နီဒုက္ခသည်စခန်းမီးလောင် အိမ်ခြေပေါင်း (၆၀)ကျော် လောင်ကျွမ်းခံရ
မတ်လ ၂၃ရက်။ စောဖိုးကျော် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်မြို့နယ် ကရင်နီဒုက္ခသည်စခန်းအမှတ်(၁) ရပ်ကွက် (၄)၌ ယမန်နေ့ညက မီးလောင် ကျွမ်းမှုကြောင့် ဒုက္ခသည် အိမ်ခြေပေါင်း (၆၀)ကျော် လောင်ကျွမ်းသွားခဲ့သည်ဟု သိရသည်။
ကရင်နီဒုက္ခသည်ကော်မတီ ယာယီဥက္ကဌ စောအောင်မောင်းက ''ဖြစ်တာက ဒီလိုပေါ့။ မနေ့ည သန်းခေါင်ကျော်မှာ ရပ်ကွက် (၄)က...





