Hay Htoo
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ၏ အခန်းကဏ္ဍ AAPP အစီရင်ခံစာ ထုတ်ပြန်
မတ်လ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
“အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံရေး အကျဉ်းသားများ၏ အခန်းကဏ္ဍ” အမည်ရှိ အစီရင်ခံစာတအုပ်ကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ (အေအေပီပီ-ဘီ)က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ကျင်းပပြုလုပ်သည့် အေအေပီပီ၏ (၁၀)နှစ်ပြည့် အခမ်းအနားတွင် အဂင်္လိပ်-မြန်မာနှစ်ဘာ သာဖြင့် ထုတ်ဝေသည့် အဆိုပါအစီရင်ခံစာနှင့် ပတ်သက်၍...
ဘိတ်ထားဝယ်ခရိုင်မှ စစ်ပြေးဒုက္ခသည်များ ကျန်းမာရေးချို့တဲ့နေ
မတ်လ ၂၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်တောင်ပိုင်း ဘိတ်ထားဝယ်ခရိုင်ဘက်တွင် နအဖထိုးစစ်ကြောင့် တောထဲတောင်ထဲ ထွက်ပြေးပုန်းအောင်းနေ သော ပြည်တွင်းစစ်ပြေးဒုက္ခသည်များကို နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားများအဖွဲ့မှ သွားရောက်ဆေးကုသမှု ရပ်တန့်သွားသောကြောင့် လက်ရှိအချိန်တွင် ကျန်းမာရေးချို့တဲ့ကာ ရောဂါအမျိုးမျိုး ခံစားနေရသည်ဟု သိရသည်။
ဘိတ်ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်(ကစယ်ဒိုမြို့နယ်)၊ မယ်ငေါခီးဂွင်ရှိ အဆိုပါ စစ်ပြေးဒုက္ခသည်များအတွင်း ငှက်ဖျား...
ကရင်ဒုက္ခသည် ၆၀၀ကျော် မလေးရှား UNHCR အသိအမှတ်ပြု
မတ်လ ၂၂ရက်။ စောအဲခေါင် (ကေအိုင်စီ)
မလေးရှားနိုင်ငံ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က မလေးရှားနိုင်ငံရှိ ကရင်တိုင်းရင်းသား ၆၀၀ကျော်ကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးလိုက်ကြောင်း သိရှိရသည်။
မတ်လ ၁၇ရက်နေ့မှ စတင်ကာ မတ်လ ၂၂ရက်နေ့အထိ ကရင်လူမျိုး ၆၀၅ဦးကို မလေးရှား UNHCRက ဒုက္ခသည်အဖြစ်...
ဝါးခယ်မမြို့နယ်တွင် လူငယ်များ စစ်မှုထမ်းရန် စုဆောင်းခံနေရ
မတ်လ ၂၂ရက်။ ကေအိုင်စီ
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်တွင် နအဖ စစ်တပ်မှ အသက် ၁၈နှစ်မှ ၃၈နှစ်ကြား လူငယ်များအား မတ်လ ၇ရက်မှစ၍ ယခုအချိန်ထိ စစ်မှုထမ်းရန် အဓမ္မ လိုက်လံစုဆောင်းလျှက်ရှိသည်ဟု သိရသည်။
ဝါးခယ်မမြို့နယ်၊ ညောင်ဝိုင်း၊ လမ်းသမိုင်၊ ကျုံစိန်၊ ဒယင်းကျေးရွာများတွင် စစ်သားစုဆောင်းရန် တာဝန်ပေးခံရသည့် တပ်...
ဥယျာဉ်ခြံ (၁၀၀)ကျော်ကို နအဖစစ်တပ် မီးရှို့
မတ်လ ၂ဝရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်တွင် လှုပ်ရှားနေသည့် နအဖစစ်တပ်များသည် မတ်လ ၁၇ရက် နေ့မှ ယနေ့အချိန်ထိ လိုက်လံမီးရှို့မှုကြောင့် ရွာသားများ၏ ဥယျာဉ်ခြံပေါင်း ၁၀၀ကျော်ကို မီးရှို့ခဲ့သည် ဟု သိရသည်။
တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဘောဂလိကြီးဂွင်တွင် လှုပ်ရှားနေသည့် နအဖ စစ်ကွပ်ကဲရေးဌာနချုပ်...
ရွေးကောက်ပွဲကို သာမန်ပြည်သူများ စိတ်မဝင်စား
မတ်လ ၁၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
နအဖစစ်အစိုးရ ကျင်းပမည့် ၂၀၁၀ရွေးကောက်ပွဲအတွက် နအဖက ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန် ထားပြီးသော်လည်း ကရင်ပြည်နယ်အတွင်းရှိ သာမန်ပြည်သူများသည် ရွေးကောက်ပွဲထက် စားဝတ်နေ ရေးလောက် စိတ်ပါဝင်စားမှုမရှိသည့် အခြေအနေတွင် ရှိနေသည်။
ကရင်ပြည်နယ်မှ ဖားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး စသည့်မြို့နယ်များတွင်...
ဥယျာဉ်ခြံ ဧက (၂၀)ကျော် မီးရှို့ဖျက်ဆီးခံရ
မတ်လ ၁၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ရှိ နအဖ လှုပ်ရှားတပ်ဖွဲ့ဝင်များသည် မတ်လဆန်းပိုင်းမှစ၍ တိပ်ပုကျေးရွာအုပ်စုမှ ဥယျာဉ်ခြံများကို မီးရှို့ဖျက်ဆီးခဲ့ရာ ယခုဆိုလျှင် ဧက (၂၀)ကျော်ရှိပြီဟု ဒေသခံရွာသားတဦးက ကေအိုင်စီကို ယနေ့ ပြောသည်။
ဥယျာဉ်ခြံများ မီးရှို့ဖျက်ဆီးနေရသည့် ကျေးရွာများမှာ တိပ်ပု(ဖလေးဆာလို)၊ ပါတာလားမြောင်(တာဘာခီး)၊ မျောက်ချောင်း...
ရေကာတာဆန့်ကျင်ရေး ဆုတောင်းပွဲ ဒေသခံ ၆၀၀ကျော် ပါဝင်ဆင်နွဲ
မတ်လ ၁၆ရက်။ စောထွန်းနိုင် (ကေအိုင်စီ)
ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ သံလွင်မြစ်အတွင်း ပူးပေါင်းတည်ဆောက်မည့် ရေကာတာများကို ဆန့်ကျင်ကြောင်း မြစ်ရိုးတ လျှောက်ရှိ ဒေသခံပြည်သူများက ဆုတောင်းပွဲတခုကို မတ်လ ၁၄ရက်နေ့တွင် ပြုလုပ်ခဲ့ရာ လူဦးရေ ၆၀၀ကျော် ပူးပေါင်းပါဝင် သည်ဟု သိရသည်။
ယင်းဆုတောင်းပွဲတွင် ထိုင်းဘက်ခြမ်းရှိ ကျေးရွာ ၄ဝနှင့်...
အကွက်ကျကျ စနစ်ကျစွာဖြင့်ပင်
အယ်ဒီတာ့အာဘော်
၂၀၁ဝခုနှစ် နှစ်လပိုင်းပင် ကုန်ဆုံးလွန်မြောက်လာခဲ့ပေပြီ။ ဤလအတွင်း ဗမာပြည်ဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အ ရေး အထူးကိုယ်စားလှယ် မစ္စတာ တိုးမတ်စ်အိုဟေးကွင်တားနားကလည်း တတိယအကြိမ်မြောက်ခရီးစဉ် လာရောက်ခဲ့ပြီး ဖြစ်သည်။
သို့သော် ဗမာပြည်၏ လူ့အခွင့်အရေး ချိုးဖောက်မှုမှာ တနေ့ထက်တနေ့ ဆိုးရွားလာသည်ကိုလည်း တပြည်လုံး အ တိုင်းအတာအရ မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပေသည်။...
ပြောတော့ မျှတတဲ့ ရွေးကောက်ပွဲတဲ့
ဗမာပြည်က မိန်းကလေးတွေ အတော်များများဟာ ထိုင်းနိုင်ငံမှာလာပြီး ဘဝတွေပျက်တယ်။ ဒုက္ခတွေရောက်တယ်။ ဘာဖြစ် လို့ ဒုက္ခရောက်လဲဆိုတော့ ပြောမယ်။ ဗမာပြည်မှာ အလုပ်တွေက ပေါပါတယ်။ ရတဲ့လစာက မိသားစုအတွက် မလုံမလောက် ဘူး။ ဟုတ်လား။ အဲဒါကြည့်။ ဗမာပြည်က မိန်းကလေးတွေ ထိုင်းနိုင်ငံလာပြီး ဘဝပျက်တယ်။ ဒုက္ခတွေ...





