Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

IDPs က‌လေးငယ်များ ခိုလှုံရာကင်းမဲ့‌နေ

ဧပြီလ ၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) စစ်အစိုးရမှ သတ်မှတ်ခံရထား‌သော အနက်‌ရောင်နယ်‌မြေအတွင်းရှိ ဌာ‌နေမဲ့ ပြည်သူ(အိုင်ဒီပီ) က‌လေးငယ်များသည် အကူအညီ ကင်းမဲ့လျှက်ရှိ‌ကြောင်း Free Burma Rangers နှင့် Partners အဖွဲ့က ထုတ်‌ဖော်‌ပြောဆိုလိုက်သည်။ ယမန်‌နေ့က ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့၌ နိုင်ငံခြားသတင်း‌ထောက်များကလပ်တွင် Free Burma Rangers...

‌ကေဒဗလျူအို၏ ၂၅နှစ်‌မြောက် ‌ငွေရတုသဘင်‌နေ့ အခမ်းအနား ကျင်းပခဲ့

ဧပြီလ ၆ရက်။ နန်းထူးစံ (‌ကေအိုင်စီ) ကရင်အမျိုးသမီးအစည်းအရုံး(‌ကေဒဗလျူအို)၏ ၂၅နှစ်‌မြောက် ‌ငွေရတုသဘင်‌နေ့ အခမ်းအနားကို ယမန်‌နေ့က ထိုင်း-မြန်မာ နယ်စပ်တ‌နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။ ထိုအခမ်းအနားကို ကရင်ပြည်နယ်အတွင်းရှိ ခရိုင် (၇)ခုနှင့် အထူး‌ဒေသ (၂)ခုမှ ကရင်အမျိုးသမီးကိုယ်စားလှယ်များ၊ ဧည့် သည်‌တော်များ စုစု‌ပေါင်း (၅၀၀)ဦး တက်‌ရောက်ခဲ့ကြပြီး...

လူငယ်များ၏ စကားလက်‌ဆောင်

‌စော‌ဂျောရစ် ၂ဝနှစ် ဝါသနာ ‌ဆေး ပညာအရည်အချင်း ဆယ်တန်း ကျ‌နော်က နယ်စပ်ရွာဖြစ်တဲ့ ‌ပေးကင်းဒဲရွာမှာ ‌နေပါတယ်။ ရွာက အိမ်‌ခြေ‌ပေါင်း ၅၀‌ကျော်ရှိ တယ်။ ‌မောင်နှမ (ရ)‌ယောက်မှာ ကျ‌နော်က နှစ်‌ယောက်‌မြောက်ပါ။ ကျ‌နော့်မိဘ‌တွေက‌တော့ ‌တောင်ယာခုတ်တယ်။ စပါးများများ မထွက်‌ပေမဲ့ တနှစ်စာ‌လောက်‌တော့ ရပါတယ်။ ကျ‌နော် တို့ရွာ‌ကျောင်းမှာ ဆရာ ၂‌ယောက်၊ ဆရာမ၂‌ယောက်နဲ့ ‌ကျောင်းသူ‌ကျောင်းသားအားလုံး...

လူငယ်များ၏ စကားလက်‌ဆောင်

‌စောဂျိုး‌လေး             ၂ဝနှစ် ဝါသနာ                  စကားပြန် ပညာအရည်အချင်း     ဆယ်တန်း‌အောင် ကျ‌နော့်လည်း ဖာပွန်ခရိုင် ‌ပေးကင်းဒဲရွာ ဇာတိပါပဲ။ ‌မောင်နှမ‌လေး‌ယောက်မှာ တတိယ ‌မြောက်ပါ။ ကျ‌နော့်မိဘ‌တွေက‌တော့ လယ်လုပ်ပါတယ်။ ကျ‌နော့် ဝါသနာက‌တော့ စကားပြန်ပါ။ ဒီဝါသနာဟာကျ‌နော့်တ‌ယောက်အတွက်ဖြစ်သလို အများအတွက်လည်းပါ ပါတယ်။ ဒုက္ခ သည်မှာဆိုရင် စကားပြန်‌ကောင်း‌တွေ အများကြီး လိုအပ်ပြီး ကျ‌နော်တို့ ကရင်လူမျိုး‌တွေအ...

ထိုင်းသစ်ကုန်သည်ကြီးများ ‌ငွေမချ‌ပေးသဖြင့် သစ်လုပ်ငန်းရှင်တချို့ အလုပ်ရပ်ဆိုင်းလိုက်ရပြီ

ဧပြီလ ၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်တဝိုက်မှ သစ်လုပ်ငန်းရှင်တချို့သည် ထိုင်းသစ်ကုန်သည်ကြီးက ‌ငွေမချ‌ပေးသဖြင့် သစ်ထုတ်လုပ်မှု ရပ်ဆိုင်း‌နေရသည်မှာ နှစ်လနီးပါးရှိ‌နေပြီဖြစ်‌ကြောင်း သစ်လုပ်ငန်းရှင်များက ‌ပြောသည်။ ဘုရားသုံးဆူမြို့ရှိ သစ်လုပ်ငန်းရှင်တဦးကလည်း “သူ‌ဌေးကြီးက ‌ငွေမချ‌ပေးတာ တလ နှစ်လနီးပါး‌လောက် ရှိပြီ။ အခုဆိုရင် သစ် လုပ်ငန်းရှင်ကြီး တ‌ယောက်နှစ်‌ယောက်‌လောက်ပဲ...

လူထုအကျိုး ‌မျှော်ကိုးချိန်တန်ပြီမို့

မတ်လ (၈)ရက်‌နေ့တွင် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥပ‌ဒေဟု ‌ခေါ်တွင်‌စေမည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲဆိုင်ရာ ဥပ ‌ဒေတခုကို နိုင်ငံ‌တော် ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေ အမည်ဖြင့် ဥပ‌ဒေ ထုတ်ပြန် ရာတွင် ပြည်သူ့လွှတ်‌တော်၊ အမျိုးသားလွှတ်‌တော်နှင့် တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်‌တော်ဟူ၍...

အုန်းဖျန်စခန်းတွင် ကရင်စာ‌ပေနှင့် ရိုးရာဂီတ သင်တန်းဖွင့်လှစ်

ဧပြီလ ၅ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ရိုးရာနှင့် စာ‌ပေ ယဉ်‌ကျေးမှုအ‌မွေအနှစ်များ တိုးတက်ပြန့်ပွား ‌ကောင်းမွန်လာ‌ရေးနှင့် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေးကို ရည်ရွယ်ပြီး အုန်းဖျန် ကရင်ဒုက္ခသည်စခန်း၌ အချိန်တလကြာ ပြုလုပ်မည့် ကရင်စာ‌ပေနှင့် ရိုးရာဂီတ သင်တန်းတခု ယ‌နေ့ ဖွင့်လှစ်လိုက်‌ကြောင်း စခန်း တာဝန်ရှိသူတဦးက ‌ကေအိုင်စီကို ‌ပြောသည်။ အဆိုပါသင်တန်းတွင် စ‌ကောကရင်၊...

‌ရွေး‌ကောက်ပွဲကျားကွက်နှင့် တိုင်းရင်းသားတစ်‌ယောက်အမြင် (၂)

“NLD တိုက်ပွဲ‌ခေါ်သံ” “လင်းယုန်ဌက်၏ အချိန်ကိုက်ထိုးသုတ်မှုနှင့်တူ‌သော ဆုံးဖြတ်ချက်” စိတ်ကူးယဉ်‌ဆောင်ပုဒ်‌တွေ မဟုတ်ပါဘူး။ NLD ‌ရွေး‌ကောက်ပွဲမဝင်ဖူးဆိုတာနဲ့ ထွက်‌ပေါ်လာတဲ့ ‌ဆောင်းပါး‌ခေါင်းစဉ်‌တွေပါ။ လက်‌တွေ့ NLD ဘဝကို ယှဉ်ထိုးချင့်ချိန်မိတဲ့အခါ အ‌တော်‌လေး ရင်‌မောစရာပါပဲ။ အရင်ဆုံး “တိုက်ပွဲ‌ခေါ်သံ”နဲ့ “အချိန်ကိုက်ဆုံးဖြတ်ချက်”ဆိုတဲ့ စကားလုံး‌တွေကို်ကြည့်ရင်ပဲ လက်‌တွေ့ဘဝနဲ့ အင်မတန် ကွာဟ‌နေတာကို ‌တွေ့ရပါမယ်။ တိုက်ပွဲ‌ခေါ်ရ‌လောက်‌အောင် NLD...

အမျိုးသား‌ရေး၊ ဒီမိုက‌ရေစီ‌ရေး၊ ‌တော်လှန်‌ရေးနှင့် ရန်သူ(၃)

M.ထက်‌ခေါင် မဟာဝါဒီနှင့် ကျဉ်း‌မြောင်း‌သော လူမျိုး‌ရေးအမြင် မဟာလူမျိုးကြီးဝါဒီများအား ဆန့်ကျင်တိုက်ပွဲဝင်‌နေ‌သော အဖိနှိပ်ခံ တိုင်းရင်းသားများအတွင်း ကိုယ့်အစုက‌လေးနှင့်ကိုယ် ငါ တ‌ကော‌ကော‌နေသူများ၊ ဘဝတူအချင်းချင်းအ‌ပေါ် စာနာနားလည်စိတ်မရှိသူများ၊ ဖိနှိပ်သူနှင့်‌ပေါင်းကာ မိမိအမျိုးသားကို သစ္စာ‌ဖောက်ဖျက်လိုသူများ၊ မိမိအမျိုးသားကို အထင်ကြီး‌လေးစားမှု မရှိ၊ အခြားအမျိုးသားတို့အ‌ပေါ် အားကိုးမှီခိုလွန်းသူများ နှင့် မိမိအမျိုးသားကို တရားလွန် အထင်ကြီးပြီး လူစုမိလျှင်...

၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ဩစ‌တြေးလျား‌ရောက် မြန်မာဒီမိုက‌ရေစီအင်အားစု ကန့်ကွက်ဆန္ဒပြ

မတ်လ ၃၁ရက်။ ‌စော‌ကျော်ခွီး (‌ကေအိုင်စီ) ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်သည့်အ‌နေဖြင့် ဩစ‌တြေးလျား‌ရောက် ဒီမိုက‌ရေစီအင်အားစုများ၊ တိုင်းရင်းသားများနှင့် ABSDF ‌ကျောင်းသားရဲ‌ဘော်များ စု‌ပေါင်းပြီး ယ‌နေ့ ‌နေ့လည် ၁၂နာရီမှ မွန်းလွဲ ၂နာရီခွဲအထိ Camberra မြို့ရှိ မြန်မာသံရုံး ‌ရှေ့၌ အပြင်းအထန် ဆန္ဒပြခဲ့ကြသည်။ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(လွတ်‌မြောက်နယ်‌မြေ)၊ ကရင်အမျိုးသားအစည်းအရုံး၊...
Donate