Home ထိပ်တန်းသတင်း အူးသူးထာ့စခန်းမှ စစ်‌ပြေးဒုက္ခသည်များ ‌နေရပ်ပြန်ကုန်ပြီ

အူးသူးထာ့စခန်းမှ စစ်‌ပြေးဒုက္ခသည်များ ‌နေရပ်ပြန်ကုန်ပြီ

1493
မတ်လ ၃၁ရက်၊ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုးစစ်‌ကြောင့် ထိုင်းနယ်စပ်သို့ ထွက်‌ပြေး‌ရောက်ရှိလာသည့် အူးသူးထာ့‌ကျေးရွာရှိ စစ်‌ပြေးဒုက္ခသည်များသည် ယ‌နေ့ ‌နေရပ် သို့ ပြန်ကြကုန်ပြီဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ယ‌နေ့မနက် ၅နာရီခန့်မှစ၍ စစ်‌ပြေးဒုက္ခသည် အိမ်‌ထောင်စုအချို့ ‌နေအိမ်ရှင်းလင်းကာ ပြန်သွားကြပြီး စုစု‌ပေါင်း အိမ်‌ထောင်စု (၁၂၀)မှ လူဦး‌ရေ (၇၈၅)ဦးရှိ အဆိုပါ စစ်‌ပြေးဒုက္ခသည်များအတွက် ၃လစာ ရိက္ခာ‌ထောက်ပံ့‌ပေးပါက ‌နေရပ်ပြန်မည့်အ ‌ကြောင်း ပြီးခဲ့သည့် နှစ်ပတ်ခန့်က ထိုင်းအာဏာပိုင်များထံ သ‌ဘောတူ လက်မှတ်‌ရေးထိုးထားသည့်အတွက် ပြန်ရခြင်းဖြစ် ‌ကြောင်း အူးသူးထာ့စခန်း တာဝန်ရှိသူတဦးက ‌ပြောသည်။

၎င်းက “ဒီမှာ‌နေလို့ မရဘူးဆိုတာ ထိုင်းက‌တော့ ‌ပြောထားပြီးသားပါ။ ရွာသား‌တွေက ၃လ‌လောက် ရိက္ခာ ဆက်လက်‌ထောက် ပံ့‌ပေးမယ်ဆိုလို့ရှိရင် သူတို့ရပ်ရွာကို ပြန်ပါ့မယ်။ ထိုင်းကလည်း တီဘီဘီစီနဲ့တိုင်ပင်ပြီး ‌ထောက်ပံ့‌ပေးမယ်လို့ သ‌ဘောတူခဲ့ တယ်။ မ‌နေ့က ရိက္ခာထုတ်ပြီး‌တော့ ဆက်လက်‌ထောက်ပံ့‌ပေးမယ်လို့ တီဘီဘီစီက ‌ပြောတယ်။ အဲဒါနဲ့ ဒီမနက် ၅နာရီ ‌လောက်မှာ တချို့အိမ်‌ထောင်စု‌တွေက တဲအိမ်‌လေး‌တွေ ရှင်းလင်းလိုက်ပြီး ပြန်‌နေကြပြီ။ ဒီ‌နေ့ အကုန်ပြန်ရမယ်”ဟု ‌ပြော သည်။

ဒုက္ခသည်များ ယခုပြန်သည့် အစီအစဉ်သည် တဦးတ‌ယောက်မှ တာဝန်ယူ ပြန်ပို့ခြင်းမဟုတ်ဘဲ မြန်မာပြည်ဘက်ခြမ်းသို့ ‌သောင်ရင်းမြစ်ကို ဖြတ်ကူးကာ မိမိတို့ဖာသာ ‌ကျေးရွာသို့ ပြန်သွားခြင်းဖြစ်သည်။ ၎င်းဒုက္ခသည်များသည် ထိုင်းနိုင်ငံတွင် ခိုလှုံ‌နေစဉ်အတွင်း ထိုင်းနယ်စပ်လုံခြုံ‌ရေးတပ်များ၏ အနုနည်းဖြင့် ‌နေ့စဉ် လာ‌ရောက် ဖိအား‌ပေးမှုဒဏ်ကို မခံနိုင်‌သော‌ကြောင့် ပြန်ရခြင်းဖြစ်သည်ဟု အူးသူးထာ့စခန်း ‌ကော်မတီဝင်တဦးက ‌ပြောသည်။

“အမှန်အတိုင်း ‌ပြောရမယ်ဆိုရင် ရွာသား‌တွေ မပြန်ရဲကြ‌သေးဘူး။ ထာ့ဟာဖန်း(ထိုင်းအာဏာပိုင်)‌တွေက စခန်းထဲကိုဝင်လာ ပြီး ဒါ ခင်ဗျားတို့နိုင်ငံမဟုတ်ဘူး။ ခင်ဗျားတို့ ‌နေလို့မရဘူး။ ‌နေ့တိုင်း ဝင်‌ပြောတယ်။ ‌နေပူကျဲကျဲ‌အောက်မှာ တာလပတ်နဲ့ ‌နေရ တဲ့အပူက တမျိုး။ ထိုင်းက လာပြီး ဖိအား‌ပေးတဲ့အပူက တဖုံဆို‌တော့ ဒီအပူနှစ်ခုကြားမှာ ရွာသား‌တွေလည်း မခံနိုင်ဘူး‌လေ” ဟု ‌ပြောသည်။

မဲ့လာအားထာ့ရွာသား ‌စောယိုမူးက “ထိုင်းစစ်တပ်က အတင်းပြန်ခိုင်း‌နေ‌တော့ ကြာကြာလာ‌တော့ ကျ‌နော်တို့လည်း မထူး ‌တော့ဘူးဆိုပြီး ‌သေ‌သေရှင်ရှင် ပြန်တာ အ‌ကောင်းဆုံးပဲလို့ ဆုံးဖြတ်လိုက်တယ်။ သူတို့(ထိုင်း)‌ပြောတယ်။ ခင်ဗျားတို့ အခုပြန် တာ သူများ‌မေးလာလို့ရှိရင် ကျ‌နော်တို့ အတင်းပြန်ခိုင်းလို့ ပြန်ကြတာမဟုတ်ဘူးလို့ ‌ပြောပါတဲ့။ အဲလို စကားတခွန်း ပါးလိုက် တယ်”ဟု ‌ပြောသည်။

ပနွယ့်ပူရွာသူ ‌နော်ထူးဝါးက ထိုင်းစစ်တပ် လာ‌ရောက်‌ပြောဆိုမှု‌ကြောင့် မပြန်မဖြစ် ပြန်ရ‌သော်လည်း မိမိ‌ကျေးရွာသို့ ပြန်‌နေ ထိုင်ရာတွင် ‌မြေမြှုပ်မိုင်းဒဏ်‌ကြောင့် မည်ကဲ့သို့ လုပ်ကိုင်စား‌သောက်ရမည်ကို မသိ‌သေး‌ကြောင်း ‌ပြောသည်။

အူးသူးထာ့‌ကျေးရွာမှ စစ်‌ပြေးဒုက္ခသည်များသည် ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ရှိ ဝါ့မီကလား၊ ပူး‌ပေါ်‌လေး၊ ပနွယ့်ပူ၊ မဲ့လာအား ထာ့၊ မဲ့လာအားခီး၊ ‌စေဖိုးခီး‌ကျေးရွာများမှ ရွာသားများဖြစ်ကြသည်။

ထို့အပြင် နိုဘိုး‌ကျေးရွာရှိ စစ်‌ပြေးဒုက္ခသည်စခန်း၌လည်း ယခုလဆန်းပိုင်းမှစ၍ ထိုင်းစစ်တပ်က ဒုက္ခသည်မိသားစုများကို ထိုင်း‌ကျေးရွာများတွင် ဟိုတစု သည်တစု ‌နေထိုင်‌စေခဲ့သည့်အတွက် လက်ရှိအချိန်တွင် အိမ်‌ထောင်စု (၂၀)‌ကျော်ခန့်သာ ကျန် ရှိသည်ဟု သိရသည်။

အဆိုပါ စစ်‌ပြေးဒုက္ခသည်များသည် ဖားအံခရိုင် လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်မှ ကရင်ရွာသားများဖြစ်ကြပြီး လွန်ခဲ့သည့် ၂၀၀၉ခု နှစ် ဇွန်လဆန်းပိုင်းက နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းတပ်တို့ ‌ကေအဲန်ယူ တပ်မဟာ(၇)ကို ထိုးစစ်ဆင်မှု‌ကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်းမြို့နယ်သို့ လူဦး‌ရေ ၄,၀၀၀‌ကျော် ထွက်‌ပြေး‌ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။