Home ထိပ်တန်းသတင်း ပစ်ခတ်မှု‌ကြောင့် အမျိုးသမီးနှင့် က‌လေးငယ် ‌သေဆုံး

ပစ်ခတ်မှု‌ကြောင့် အမျိုးသမီးနှင့် က‌လေးငယ် ‌သေဆုံး

1512
မတ်လ ၂၃ရက်။ ‌ကေအိုင်စီ

‌ညောင်‌လေးပင်ခရိုင်တွင် ယမန်‌နေ့ည‌နေက နအဖ စစ်တပ်၏ ရွာတွင်းဝင်‌ရောက်ပစ်ခတ်မှု‌ကြောင့် အပြစ်မဲ့ အမျိုးသမီးနှင့် က‌လေးငယ် သုံးဦး ‌သေဆုံးသွားခဲ့သည်ဟု ‌ဒေသခံတဦးက ‌ကေအိုင်စီကို ‌ပြောသည်။

မီး‌လောင်ကျွမ်း‌နေသည့် ‌ညောင်‌လေးပင်ခရိုင်မှ လူ‌နေအိမ်‌နေရာ (ဓါတ်ပုံ - ‌ကေအိုင်စီ)

ယမန်‌နေ့ည‌နေ ၄း၃ဝနာရီအချိန်တွင် နအဖ အမှတ်(၈) စစ်ကွပ်ကဲ‌ရေး လက်‌အောက်ခံတပ်ရင်းဖြစ်သည့် ခမရ(၃၆၉)သည် ‌ရွှေ ကျင်မြို့နယ်၊ ‌ဟောထာ့‌ကျေးရွာသို့ ဝင်‌ရောက်လာပြီး ရွာသူရွာသားများကို ပစ်ခတ်ရာ က‌လေးငယ်နှစ်ဦးနှင့် အမျိုးသမီးတဦး မှာ ‌သေဆုံးသွားခဲ့ပြီး အမျိုးသမီးတဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါ‌ဒေသခံက ယခုလို ‌ပြောသည်။

“နအဖ စကခ(၈) လက်‌အောက်ခံ ခမရ(၃၆၉)တပ်ရင်းက ‌ဟောထာ့ရွာကို မ‌နေ့ည‌နေပိုင်းက ဝင်ပစ်တယ်‌လေ။ အဲလိုပစ်‌တော့ ‌နော်လားပွယ် ၃၇နှစ်၊ ‌နော်‌ဖောဘို ၅နှစ်နဲ့ ငါးလသားအရွယ် ‌စောထီးပလာထူးတို့ ‌သေဆုံးသွားခဲ့တယ်။ ဒီ‌သေဆုံးသွားတဲ့ က‌လေး‌တွေရဲ့အ‌မေ ‌နော်ဖာလာ ၂၇နှစ်က‌တော့ ဝမ်းဗိုက်မှာ ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်‌လေ”ဟု ဆိုသည်။

‌တောထဲတွင် ထွက်‌ပြေး‌နေရသည့် ‌ညောင်‌လေးပင်ခရိုင်မှ က‌လေးငယ်များ (ဓါတ်ပုံ - ‌ကေအိုင်စီ)

အဆိုပါ တပ်ဖွဲ့ဝင်များသည် ထိုပစ်ခတ်မှုနှင့် တဆက်တည်း ‌ဟောထာ့ရွာရှိ အိမ်‌ခြေ ၉လုံးကိုပါ မီးရှို့ဖျက်ဆီးပစ်ခဲ့‌သော်လည်း ၎င်းတပ်ရင်းအား မည်သူဦး‌ဆောင်သည်ကို လက်ရှိအချိန်တွင် သတင်းအတိအကျ မစုံစမ်းနိုင်‌သေး‌ပေ။

နအဖ တပ်ဖွဲ့ဝင်များသည် ‌ညောင်‌လေးပင်ခရိုင်အပြင် ယခုလအတွင်း ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင်လည်း လူ‌နေအိမ် များအပြင် ဥယျာဉ်ခြံ‌ပေါင်း ၁၀၀‌ကျော်ကို မီးရှို့ခဲ့‌သေးသည်။

ကရင်ပြည်နယ်၊ ‌တောင်ငူခရိုင်တွင် စစ်ကွပ်ကဲ‌ရေးဌာနချုပ်(၇) လက်‌အောက်ခံတပ်များ လှုပ်ရှား‌နေသလို ‌ညောင်‌လေးပင်ခရိုင် တွင် စစ်ကွပ်ကဲ‌ရေးဌာနချုပ်(၈) လက်‌အောက်ခံ တပ်ရင်းများက လှုပ်ရှားလျှက်ရှိပြီး ထို‌ဒေသများရှိ ‌ကျေးရွာများကို လက်နက် ငယ်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ‌နေအိမ်၊ ဥယျာဉ်ခြံများ မီးရှို့ခြင်းများကို ယခုနှစ်ဆန်းပိုင်းမှစ၍ ပိုမိုလုပ်‌ဆောင်လာခဲ့သည်။