Home ထိပ်တန်းသတင်း မယ်လစခန်း၌ အိမ် ၂လုံးမီး‌လောင် လူတစ်ဦး‌ဆေးရုံတင်ရ

မယ်လစခန်း၌ အိမ် ၂လုံးမီး‌လောင် လူတစ်ဦး‌ဆေးရုံတင်ရ

2030
မတ်လ ၂၄ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် ယမန်‌နေ့ညက မီး‌လောင်မှု ဖြစ်ပွားခဲ့ရာ လူ‌နေအိမ် (၂)လုံး ‌လောင်ကျွမ်းခံရ ပြီး ဒုက္ခသည်တဦးကို ‌ဆေးရုံတင်လိုက်ရသည်ဟု စခန်းဥက္ကဌ ‌စောထွန်းထွန်းက ‌ပြောသည်။

“မ‌နေ့ည ၁ဝနာရီ‌ပေါ့‌လေ။ ဇုံ A3 မှာ မီး‌လောင်တယ်။ အကြမ်းအားဖြင့်‌တော့ မီး‌ပေါ့ဆမှု‌ကြောင့် စတင်ဖြစ်ပွားတာပဲ။ အိမ်ရှင် တ‌ယောက်‌တော့ ဒဏ်ရာရပြီး အခု စခန်းက ‌အေအမ်အိုင် ‌ဆေးရုံမှာတက်လိုက်ရတယ်”ဟု ‌ပြောသည်။

မီး‌လောင်မှုကို ကိုယ်တိုင်မြင်‌တွေ့ရသူ ဇုံ(A3)မှ ‌ကျောင်းဆရာတဦးက “အိမ်က ‌ဈေးဆိုင်‌လေး ချ‌ရောင်းတယ်။ ကျ‌နော်တို့ သိရ‌လောက်ဆိုရင် ဖ‌ယောင်းတိုင်မီးက‌နေ စ‌လောင်တာ။ ဒါ‌ပေမယ့် အိမ်ရှင်‌ပြောတာက လျှပ်စစ်မီး‌ရှော့ခ်ဖြစ်ပြီး ‌လောင်တာ တဲ့။ အိမ်ရှင်က‌တော့ ‌ဆေးရုံတညတင်လိုက်ရတယ်”ဟု ‌ပြော သည်။

မိနစ် ၂ဝခန့်ကြာသည့် ၎င်းမီး‌လောင်မှု ဖြစ်ပွားချိန်တွင် စခန်းအတွင်းရှိ ထိုင်းတာဝန်ရှိသူများက မီးသတ်ကားများဖြင့် ‌ရောက်ရှိ လာပြီး နီးစပ်ရာ စခန်းသူစခန်းသားများနှင့် ဝိုင်းဝန်းမီးသတ်နိုင်ခဲ့‌သော‌ကြောင့် အခြားအိမ်များကို မီးကူးစက်မသွားခြင်းဖြစ် သည်။

မီး‌လောင်မှု‌ကြောင့် ပျက်စီးသွား‌သော ‌နေအိမ် (၂)လုံးကို ပြန်လည် ‌ဆောက်လုပ်‌ပေးရန်အတွက် ထိုင်း-မြန်မာနယ်စပ်တ ‌လျှောက်ကူညီ‌စောင့်‌ရှောက်‌ရေးညွန့်‌ပေါင်းအသင်း(တီဘီဘီစီ)ထံ လိုအပ်သည်များ တင်ပြ‌တောင်းဆိုထားသည်ဟု စခန်း ဥက္ကဌက ‌ပြောသည်။

လက်ရှိအချိန်တွင် စခန်းအတွင်း မီးနှင့်ပတ်သက်၍ အထူးသတိထား‌စေရန် သက်ဆိုင်ရာ စခန်းတာဝန်ရှိသူများက ရပ်ကွက်အ လိုက် အသံချဲ့စက်များမှတဆင့် အ‌ရေး‌ပေါ် အသိ‌ပေးနှိုး‌ဆော်ထားလျှက်ရှိသည်ဟု သိရသည်။

မဲ‌ဆောက်မြို့၏ (၄၅)ကီလိုမီတာအကွာအ‌ဝေးရှိ လူဦး‌ရေ (၅)‌သောင်း‌ကျော်‌နေထိုင်သည့် မယ်လဒုက္ခသည်စခန်းသည် ယခု လို ‌နွေရာသီအချိန်မျိုးတွင် ယခင်နှစ်များကလည်း မကြာခဏမီး‌လောင်မှု ဖြစ်ပွားလျှက်ရှိ‌သော်လည်း ကြီးကြီးမားမား မရှိခဲ့‌ပေ။

ပြီးခဲ့သည့် မတ်လ ၂၂ရက်‌နေ့ညကလည်း မဲ့‌ဟောင်‌ဆောင်ခရိုင်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)တွင် မီး‌လောင်မှုဖြစ်ပွားခဲ့ ရာ ရပ်ကွက်တခုလုံးနီးပါးရှိသည့် လူ‌နေအိမ် (၆၀)‌ကျော် မီး‌လောင်ပြာကျခဲ့သည်။