Home ထိပ်တန်းသတင်း ကရင်နီဒုက္ခသည်စခန်းမီး‌လောင် အိမ်‌ခြေ‌ပေါင်း (၆၀)‌ကျော် ‌လောင်ကျွမ်းခံရ

ကရင်နီဒုက္ခသည်စခန်းမီး‌လောင် အိမ်‌ခြေ‌ပေါင်း (၆၀)‌ကျော် ‌လောင်ကျွမ်းခံရ

1529
မတ်လ ၂၃ရက်။ ‌စောဖိုး‌ကျော် (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မယ်‌ဟောင်‌ဆောင်မြို့နယ် ကရင်နီဒုက္ခသည်စခန်းအမှတ်(၁) ရပ်ကွက် (၄)၌ ယမန်‌နေ့ညက မီး‌လောင် ကျွမ်းမှု‌ကြောင့် ဒုက္ခသည် အိမ်‌ခြေ‌ပေါင်း (၆၀)‌ကျော် ‌လောင်ကျွမ်းသွားခဲ့သည်ဟု သိရသည်။

ကရင်နီဒုက္ခသည်‌ကော်မတီ ယာယီဥက္ကဌ ‌စော‌အောင်‌မောင်းက ”ဖြစ်တာက ဒီလို‌ပေါ့။ မ‌နေ့ည သန်း‌ခေါင်‌ကျော်မှာ ရပ်ကွက် (၄)က အိမ်တအိမ်က စ‌လောင်တာ‌လေ။ ၁၂နာရီ‌ကျော်ကစပြီး ၁နာရီ‌ကျော်‌လောက်မှ မီးငြိမ်းသွားတယ်။ အိမ်‌ခြေ ၆၂လုံး မီး ‌လောင်ကျွမ်းသွားတယ် လို့ ‌လော‌လောဆယ်‌တော့ အဲလိုပဲ ‌ပြောလို့ရမယ်”ဟု ‌ကေအိုင်စီကို အတည်ပြု‌ပြောဆိုသည်။

“မီး‌လောင်တာက ဖ‌ယောင်းတိုင်မီးထွန်းပြီး‌တော့ အိပ်‌ပျော်တယ်‌လေ။ လုပ်တာကလည်း က‌လေးပါ။ က‌လေးက ၈နှစ် ၉နှစ် ‌လောက်ပဲ။ ဖ‌ယောင်းတိုင်ထွန်းပြီး မီးမမှုတ်တတ်‌တော့ အဲဒီက‌နေတဆင့် သစ်သားကို‌လောင်ပြီး တအိမ်လုံးကို ကူးသွားတာပဲ” ဟု ‌စော‌အောင်‌မောင်းက ဆက်လက်‌ပြောဆိုသည်။

အဆိုပါ မီး‌လောင်မှု‌ကြောင့် အိမ်‌မွေးတိရိစ္ဆာန်များဖြစ်သည့် ဝက်၊ ကြက်၊ ‌ခွေးများ အနည်းငယ် ‌သေ‌ကြေခဲ့ပြီး ၎င်းရပ်ကွက်အ တွင်းရှိ ဒုက္ခသည်များမှာ မီး‌လောင်ကျွမ်းခံရမှု မရှိဘဲ မီးငြိမ်းသတ်ရင်း အပူ‌လောင်ခြင်း၊ မီး‌လောင်သည့် တိုင်အချို့ကျလာ၍ အနည်းငယ် ထိခိုက်မှုသာ ရှိသည်ဟု သိရသည်။

၎င်းအပြင် ‌နေအိမ်မီး‌လောင်သွားသဖြင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြသည့် ကရင်နီဒုက္ခသည် ၂၇ဝခန့်ကို စာသင်‌ကျောင်းများတွင် ယာယီ‌နေရာချထား‌ပေးပြီး အချို့မှာ ‌ဆွေမျိုးသားချင်းများ ‌နေအိမ်၌ ယာယီခိုလှုံ‌နေကြသည်ဟု စခန်းဥက္ကဌက ယခုလို ‌ပြော သည်။

သူက “အခုချိန်မှာ အိမ်မရှိ‌တော့တဲ့ ဒုက္ခသည်‌တွေကို မူကြို‌ကျောင်း၊ မူလတန်း‌ကျောင်း‌တွေ၊ ‌ဆေးခန်း‌တွေ၊ COERR ရုံး‌နေရာ ‌တွေမှာ ယာယီ‌ပေး‌နေထားပါတယ်။ တချို့က‌တော့ ‌ဆွေမျိုး‌တွေရှိတယ်‌လေ။ ‌ဆွေမျိုး‌တွေ အိမ်မှာ ခဏသွား‌နေကြတာ‌ပေါ့”ဟု ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တ‌လျှောက် ကူညီ‌စောင့်‌ရှောက်‌ရေး ညွှန့်‌ပေါင်းအသင်း(တီဘီဘီစီ)မှ တာဝန်ရှိသူများက မီး‌လောင်ကျွမ်း သွားသည့် ‌နေရာများသို့ ယ‌နေ့ လာ‌ရောက်ကြည့်ရှုခဲ့ပြီး လာမည့် နှစ်ပတ်အတွင်း ‌နေအိမ်များ ‌ဆောက်လုပ်‌ပေးသွားမည်ဟု စခန်း‌ကော်မတီများနှင့် ‌ဆွေး‌နွေးသွားခဲ့‌ကြောင်း ကရင်နီဒုက္ခသည်‌ကော်မတီ အတွင်း‌ရေးမှူး(၁) ခူး‌ထွေးရယ်က ‌ကေအိုင်စီကို ‌ပြောသည်။

မဲ့‌ဟောင်‌ဆောင်မြို့နှင့် ၂၈ကီလိုမီတာ ကွာ‌ဝေးသည့် ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)တွင် ရပ်ကွက်‌ပေါင်း ၂ဝရှိပြီး အိမ်‌ခြေ ၃,၂၃၄လုံး၊ လူဦး‌ရေ ၁၄,၇၁၉ဦး ‌နေထိုင်လျှက်ရှိသည်ဟု သိရသည်။

အဆိုပါစခန်းတွင် ယခင်က မီး‌လောင်မှု အနည်းငယ်သာ ဖြစ်ပွားခဲ့ဖူး‌သော်လည်း ယခုလို ကြီးမားသည့် မီး‌လောင်မှုမှာ ပထမ ဆုံးအကြိမ် ဖြစ်သည်။