Hay Htoo
ပြည်ပရှိ ဒီမိုကရေစီအင်အားစုများ ဒေါ်အောင်ဆန်းစုကြည် ၆၅နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပ
ဇွန်လ ၁၇ရက်။ နော်အောင်လေး (ကေအိုင်စီ)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅နှစ်ပြည့်မွေးနေ့ပွဲကို ပြည်ပရှိ ဒီမိုကရေစီ အင် အားစုများ စုပေါင်း၍ ထိုင်းနိူင်ငံ ဘန်ကောက်မြို့တွင် ယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ယနေ့ ကျင်းပပြုလုပ်သည့် ဒေါ်စု၏ ဇွန်လ ၁၉ရက်နေ့တွင် ကျရောက်လာမည့် ၆၅နှစ်ပြည့် မွေးနေ့ပွဲကို ပြည်ပရှိ...
မယ်လစခန်းတွင် လူ ၁၂၀ကျော်အထိ ဝမ်းရောဂါကူးစက်ပျံ့နှံ့သွား
ဇွန်လ ၁၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတခုလုံးတွင် ယခုရက်ပိုင်းအတွင်း ဝမ်းရောဂါ ထပ်မံ ကူးစက်ပျံ့နှံ့လျှက်ရှိရာ စတင် ဖြစ်ပွားချိန်မှ ယခုချိန်အထိ ကူးစက်ခံရသူ လူနာပေါင်း (၁၂၄)ဦးရှိပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် မေလ ၂၇ရက်နေ့က မယ်လစခန်းအတွင်းရှိ ဇုံ (C-1A)၊ (C-3A)၊ (C-3B)၊ (C-1B)အတွင်း...
မိုးတွင်းပိုင်း ရောက်သော်လည်း ရွာသားများ သောက်သုံးရေ ပို့ပေးနေရဆဲ
ဇွန်လ ၁၆ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဝေါ်လေဂွင်ရှိ် ကနဲလေးကျေးရွာအတွင်း အခြေချသည့် နအဖစစ်တပ်သည် မိုးတွင်းကာလ ရောက် နေပြီဖြစ်သော်လည်း ၎င်းတို့တပ်အတွက် လိုအပ်သည့် သောက်သုံးရေများကို ရွာသား များအား နေ့စဉ် ပို့ဆောင်ပေးနေရန် စေခိုင်းနေဆဲဖြစ်သည်ဟု ရွာသားများက ပြောသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ (၈၀)ကျော်အကွာအဝေးရှိ...
အသင်းအပင်းဖွဲ့စည်းခွင့် အက်ဖ်တီယူဘီ တောင်းဆို
ဇွန်လ ၁၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ပြုလုပ်ကျင်းပသည့် (၉၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ILO)ညီလာခံတွင် မြန်မာပြည်အတွင်း လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ရရန် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် (FTUB)က တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံ၌ အလုပ်သမားသမဂ္ဂများ ဖွဲ့ခွင့်မရှိသောကြောင့် ဇွန်လ ၁ဝရက်နေ့ (ILO) ညီလာခံ၏...
နအဖစစ်တပ်က ဒီကေဘီအေ တပ်ဖွဲ့ဝင်များအား အပျော့ဆွဲ စည်းရုံးနေ
ဇွန်လ ၁၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
နယ်ခြားစောင့်တပ် ဂယက်ကြောင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့သဖြင့် ယခုရက်ပိုင်းအ တွင်း နအဖ စစ်တပ်က ဒီကေဘီအေတပ်ဖွဲ့ကို မူလအတိုင်း ပြန်ထားမည်ဟု စည်းရုံးပြောဆိုနေကြောင်း ဒီကေဘီအေ အသိုင်းအဝိုင်း က ပြောသည်။
ဒီကေဘီအေ တပ်မဟာ(၅)မှ တပ်မှူးတစ်ဦးက “နအဖက...
တက္ကသိုလ်ဝင်တန်း အောင်စာရင်း စောစီးစွာ ထုတ်ပြန်ကြေညာ
ဇွန်လ ၁၄ရက်။ နော်ဖြူဖြူသင်း (ကေအိုင်စီ)
မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ယခင်နှစ်များက ဇူလိုင်လတွင် ထုတ်ပြန်ကြေညာလေ့ရှိသော်လည်း ယခု နှစ်၌မူ ဇွန်လ ၁၃ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနက စောစီးစွာ ထုတ်ပြန်လိုက်သည်။
ယင်းသို့ ထုတ်ပြန်လိုက်သည့် တက္ကသိုလ်ဝင်တန်း အောင်စာရင်းအရ မြို့နယ်ဒေသ အတော်များများမှာ ယမန်နှစ်ထက် အောင်...
နအဖ ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး ဒဏ်ရာ ပြင်းထန်စွာရရှိ
ဇွန်လ ၁၄ရက်၊ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ တောင်ငူခရိုင်ရှိ သံတောင်ကြီး (ဘုရင့်နောင်တပ်မြို့)တွင် လုံခြုံရေးယူနေသော နအဖ တပ်မှ ဒေသခံအမျိုးသမီးတဦးကို ပစ်ခတ်ခဲ့မှုကြောင့် အဆိုပါအမျိုးသမီးသည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
သံတောင်ကြီး ကျေးရွာတွင် နေထိုင်သူ နော်စီခဲ (၅၃)နှစ်သည် ယခုလ ၉ရက်နေ့က ရွာအပြင်ဘက်ရှိ သူမ၏...
နအဖစစ်တပ် ချုံခိုတိုက်ခိုက်ခံရပြန်
ဇွန်လ ၁၄ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ထိုင်းနိုင်ငံ မဲဆောက်မြို့တောင်ပိုင်း ကီလိုမီတာ (၃၀)ကျော်အကွာအဝေးရှိ မော်လီချိုင်းကျေးရွာ တဘက်ကမ်း ဘလယ်ဒိုဂွင်၌ ယနေ့မနက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)က တပ်ပြောင်းပြီး ပြန်မည့် နအဖ တပ်ရင်းအား ချုံခိုတိုက်ခိုက်ခဲ့ ရာ ၁ဦး သေးဆုံးပြီး ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ချုံခိုတိုက်ခိုက်ခံရသော...
ကေအဲန်ယူ ခြုံခိုတိုက်ခိုက်မှုကြောင့် နအဖဘက်မှ ၁၂ဦး ကျဆုံး
ဇွန်လ ၁၂ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း အခြေစိုက်လျှက်ရှိသည့် နအဖ တပ်ရင်းများနှင့် တပ်အပြောင်းအလဲလုပ်ရန် ဝင်ရောက်လာသည့် တပ်များ ကို ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)က ဇွန်လ ၁ဝရက်နေ့က နှစ်ကြိမ် ခြုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ၁၂ဦး ကျဆုံးခဲ့သည်ဟု သတင်းရရှိသည်။
ထိုနေ့ မနက် ၁၁နာရီခန့်အချိန်တွင်...
လူသေသည်အထိ ဓားထိုးမှု ကျူးလွန်သူကို ဖမ်းဆီးရမိ
ဇွန်လ ၁၂ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ရှိ မယ်ရာမိုဒုက္ခသည်စခန်းတွင် ယမန်နေ့ညနေက ဒုက္ခသည်မိသားစုတခုအတွင်း လူသေ သည်အထိ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး ထိုးသတ်ခဲ့သူကို ယနေ့မနက်တွင် စခန်းလုံခြုံရေး တာဝန်ရှိသူများက ဖမ်းဆီးရမိပြီဖြစ်ကြောင်း စခန်းတွင်း နေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။
ဓားထိုးခံရ၍ သေဆုံးသူမှာ စောကလယ်ဒေး ၄၈နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ...





