Home ထိပ်တန်းသတင်း မိုးတွင်းပိုင်း ‌ရောက်‌သော်လည်း ရွာသားများ ‌သောက်သုံး‌ရေ ပို့‌ပေး‌နေရဆဲ

မိုးတွင်းပိုင်း ‌ရောက်‌သော်လည်း ရွာသားများ ‌သောက်သုံး‌ရေ ပို့‌ပေး‌နေရဆဲ

1992
ဇွန်လ ၁၆ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌ဝေါ်‌လေဂွင်ရှိ် ကနဲ‌လေး‌ကျေးရွာအတွင်း အ‌ခြေချသည့် နအဖစစ်တပ်သည် မိုးတွင်းကာလ ‌ရောက် ‌နေပြီဖြစ်‌သော်လည်း ၎င်းတို့တပ်အတွက် လိုအပ်သည့် ‌သောက်သုံး‌ရေများကို ရွာသား များအား ‌နေ့စဉ် ပို့‌ဆောင်‌ပေး‌နေရန် ‌စေခိုင်း‌နေဆဲဖြစ်သည်ဟု ရွာသားများက ‌ပြောသည်။

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့‌တောင်ဘက် ကီလိုမီတာ (၈၀)‌ကျော်အကွာအ‌ဝေးရှိ ဖုတ်ဖရမြို့နယ်၊ ‌မော်လီချိုင်း‌ကျေး ရွာတဘက်ကမ်း ကနဲ‌လေး‌ကျေးရွာ ဘုရားကုန်းစခန်းထိုင် ဒုဗိုလ်မှူးကြီး ဘိုးမြင့်နိုင်ဦးစီး‌သော နအဖစစ်တပ် ခလရ(၂၅၇)တပ်ဖွဲ့က ၎င်းတို့သုံးစွဲ‌နေသည့် ‌သောက်‌ရေ၊ သုံး‌ရေ အစစအရာရာကို ပြီးခဲ့သည့် ‌မေလဆန်း ပိုင်းမှစ၍ ‌ထော်လဂျီကားဖြင့် ‌နေ့စဉ် အလှည့်ကျ ပို့‌ဆောင်‌ပေးရန် ရွာသူရွာသားများအား ခိုင်း‌စေခဲ့ရာမှ ယခု ဇွန်လ ၁၆ရက်‌နေ့အထိ လုပ်‌ပေး‌နေရဆဲဖြစ်‌ကြောင်း ရွာသားများ၏ ‌ပြောပြချက်အရ သိရသည်။

ကနဲ‌လေး‌ကျေးရွာ၌ ‌ထော်လဂျီကား (၆)စီးသာရှိပြီး ‌ထော်လဂျီကားမရှိသူများကို လူကိုယ်တိုင်သွားရသည့် အပြင် စစ်ရိက္ခာပစ္စည်းများ သယ်ယူပို့‌ဆောင်ချိန်တွင်လည်း သွားထမ်း‌ပေးရ‌သေးသည်ဟု ကိုယ်တိုင်ထမ်းခဲ့ရ သူ ရွာသားတစ်ဦးက ‌ပြောသည်။

“‌ထော်လဂျီကားရှိတဲ့ ရွာသား‌တွေကဆိုရင် တစ်ရက်ကို အနည်းဆုံး (၂)‌ခေါက် ‌လောက်တိုက်‌ပေးရတယ်။ ကျ‌နော်တို့လို ‌ထော်လဂျီကားမရှိတဲ့လူ‌တွေဆိုရင် ‌ထော်လဂျီကား‌နောက်လိုက်‌ပေးရတာ‌ပေါ့။ ရိက္ခာပစ္စည်း‌တွေ သယ်ပို့တဲ့‌နေရာမှာလည်း သွားရ‌သေးတယ်။ အလှည့်ကျရင် မသွားလို့ မရဘူး”ဟု ‌ပြောသည်။

ထို့အပြင် ထင်းခုတ်၊ စခန်းခြံစည်းရိုးကာ၊ စခန်း‌ဆောက်စသည့်အလုပ်များကို အလျင်းသင့်သလို ရွာသားများကို ‌ခေါ်ယူ ခိုင်း‌စေခဲ့‌ကြောင်း အဆိုပါ ရွာသားက ဆက်‌ပြောသည်။

အိမ်‌ခြေ (၄၀)‌ကျော်ရှိ ကနဲ‌လေး‌ကျေးရွာသည် လယ်ယာ၊ ‌တောင်ယာအပြင် ‌ပြောင်းစိုက်၊ ပဲစိုက်လုပ်ငန်း များဖြင့် အသက်‌မွေးဝမ်း‌ကျောင်းပြုကြပြီး မြန်မာပြည်ဘက်ခြမ်း၌ မြို့နှင့် အလှမ်း‌ဝေး‌သော‌ကြောင့် လိုအပ်သည့် စာနပ်ရိက္ခာနှင့် ‌ဆေးဝါးပစ္စည်းများကို ထိုင်းနိုင်ငံဘက်ခြမ်းသာ အားထား‌နေရသည်။

‌ဝေါ်‌လေတိုက်နယ်အတွင်း၌ ယခင်က နအဖစစ်တပ် စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၁၂) လက်‌အောက်ခံ တပ် ရင်းများလှုပ်ရှားခဲ့‌သော်လည်း ပြီးခဲ့သည့် ၂၀၀၉ခုနှစ် ဒီဇင်ဘာ ၁၉ရက်‌နေ့မှစ၍ စကခ (၈) တပ်ရင်းများ ဝင် ‌ရောက်လှုပ်ရှားလာသည်။

ကနဲ‌လေး‌ကျေးရွာနှင့် အနီးတဝိုက်တွင် နယ်‌မြေလုံခြုံ‌ရေးတပ်အဖြစ် ခမရ (၄၀၃)မှ ဗိုလ်ကြီး သိုက်ဦး‌မောင် ဦး ‌ဆောင်သည့် တပ်ခွဲ(၁)က တာဝန်ယူ‌ပေးထားသလို၊ ဒီ‌ကေဘီ‌အေ တပ်ရင်း (၉၀၇)နှင့် ‌ကေအဲန်အဲလ်‌အေ တပ် ရင်း(၂၀၁)တို့ လှုပ်ရှားလျှက်ရှိသည်။