Home ထိပ်တန်းသတင်း နအဖစစ်တပ် ချုံခိုတိုက်ခိုက်ခံရပြန်

နအဖစစ်တပ် ချုံခိုတိုက်ခိုက်ခံရပြန်

1626

ဇွန်လ ၁၄ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့‌တောင်ပိုင်း ကီလိုမီတာ (၃၀)‌ကျော်အကွာအ‌ဝေးရှိ ‌မော်လီချိုင်း‌ကျေးရွာ တဘက်ကမ်း ဘလယ်ဒိုဂွင်၌ ယ‌နေ့မနက်တွင် ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ)က တပ်‌ပြောင်းပြီး ပြန်မည့် နအဖ တပ်ရင်းအား ချုံခိုတိုက်ခိုက်ခဲ့ ရာ ၁ဦး ‌သေးဆုံးပြီး ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ချုံခိုတိုက်ခိုက်ခံရ‌သော ကနဲ‌လေး‌ကျေးရွာအ‌ခြေစိုက် တပ်အင်အား (၁၀၀) ‌ကျော်ရှိ နအဖစစ်တပ် ခမရ (၄၀၅) တပ်ရင်းသည် ယခုလ ၉ရက်‌နေ့က ခမရ (၄၀၈)နှင့် တပ်အ‌ပြောင်းအလဲပြုလုပ်ခဲ့ပြီး သဃင်္န်းညီ‌နောင်သို့ အပြန် ယ‌နေ့မနက်တွင် ဘလယ်ဒိုဂွင်အ‌ခြေစိုက် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း (၁၀၃)က ချုံခိုတိုက်ခဲ့ခြင်း ဖြစ်သည်။

‌ကေအဲန်အယ်လ်‌အေ တပ်ရင်း (၁၀၃)မှ တပ်ခွဲမှူးတစ်ဦးက “ဒီမနက် ၇း၁၃မိနစ်မှာ နအဖစစ်တပ် ခမရ (၄၀၅) တပ်ရင်းနဲ့ ကျ‌နော်တို့ တပ်ဖွဲ့ ဘလယ်ဒိုမှာ မိနစ် ၂ဝ ကြာ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့တယ်။ နအဖဘက်က ၁ ‌ယောက်ပွဲ ချင်းပြီး ‌သေတယ်။ သုံး‌ယောက် ဒဏ်ရာအပြင်းအထန်ရတယ်။ ကျ‌နော်တို့ဘက်က ထိခိုက်‌သေဆုံးတာမရှိဘူး” ဟု ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ (၆) ထိန်းချုပ်ထားရာ ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်ရှိ အဆိုပါ ဘလယ်ဒိုဂွင်တွင် နအဖနှင့် ‌ကေအဲန်အယ်လ်‌အေတို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွား‌လေ့ရှိသည့်အတွက် ထို‌ဒေသအတွင်းရှိ အူးဖူးထာ့ရွာမှ ရွာသားတစ်ဦးက ယခုလို ‌ပြောသည်။ “ဒီမနက် လက်နက်ကြီး လက်နက်ငယ်‌တွေရဲ့ ပစ်ခတ်သံ‌တွေကို ကျ‌နော်တို့ ကြား‌နေရတယ်။ ရွာသူရွာသား ‌တွေက‌တော့ တိုက်ပွဲ‌တွေနဲ့ ‌နေသားကျသွားပါပြီ။ ‌ကြောက်ရွံ့စိတ်‌တွေ ဘာမှမရှိကြဘူး”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၉ရက်‌နေ့က အဆိုပါ နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၈) လက်‌အောက်ခံ ခမရ (၄၀၅)နှင့် တပ်အ‌ပြောင်းအလဲ ပြုလုပ်ရန် အသစ်ဝင်‌ရောက်လှုပ်ရှားလာသည့် ခမရ (၄၀၈)တပ်ရင်း၏ ရိက္ခာနှင့် ‌ဆေးဝါးပစ္စည်းများ တင်‌ဆောင်လာ‌သော ‌ထော်လဂျီ ကားနှစ်စီးကို ကနဲ‌လေးနှင့် ‌မော်ဖိုးကလိုး‌ကျေးရွာအကြား အူးဖူးထာ့ကားလမ်း‌ပေါ်သို့ ‌ရောက်ရှိစဉ် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း (၂၀၁)က ကြားဖြတ်ဝင်‌ရောက်သိမ်းဆည်းခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၁ဝရက်‌နေ့တွင်လည်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း အ‌ခြေစိုက်လျှက်ရှိသည့် နအဖ တပ်ရင်းများနှင့် တပ်အ‌ပြောင်းအလဲလုပ်ရန် အင်အားတစ်ရာဝန်းကျင်ရှိ ခမရ(၄၀၁)၊ (၄၀၉) တပ်ဖွဲ့ဝင်များကို ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း (၁၆)မှ နှစ်ကြိမ် ခြုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ၁၂ဦး ကျဆုံးခဲ့ပြီး ၂၁ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။