Home ထိပ်တန်းသတင်း အသင်းအပင်းဖွဲ့စည်းခွင့် အက်ဖ်တီယူဘီ ‌တောင်းဆို

အသင်းအပင်းဖွဲ့စည်းခွင့် အက်ဖ်တီယူဘီ ‌တောင်းဆို

1744
ဇွန်လ ၁၅ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ပြုလုပ်ကျင်းပသည့် (၉၉)ကြိမ်‌မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ILO)ညီလာခံတွင် မြန်မာပြည်အတွင်း လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ရရန် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် (FTUB)က ‌တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ၌ အလုပ်သမားသမဂ္ဂများ ဖွဲ့ခွင့်မရှိ‌သော‌ကြောင့် ဇွန်လ ၁ဝရက်‌နေ့ (ILO) ညီလာခံ၏ ဒုတိယအကြိမ် ‌ဆွေး‌နွေးပွဲ တွင် ယခုလို ‌တောင်းဆိုရခြင်းဖြစ်သည်ဟု (FTUB) အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ဦး‌မောင်‌မောင်က ‌ကေအိုင်စီကို ရှင်းပြသည်။

FTUB အတွင်း‌ရေးမှူး ဦး‌မောင်‌မောင်
“ကမ္ဘာ့‌ရေးရာ အလုပ်သမားအဖွဲ့ချုပ်တခုလုံးကို မြန်မာပြည်မှာ ဖွဲ့စည်းမှုမရှိလို့ ၁၉၈၈ခုနှစ်ကတည်းက ဒီကိစ္စကို ‌ဆွေး‌နွေးခဲ့ တာပါ။ ဥပမာ မြန်မာပြည်မှာ သ‌ဘေင်္ာသားသမဂ္ဂမရှိတဲ့အတွက် သ‌ဘေင်္ာသား‌တွေ အပြည်ပြည်ဆိုင်ရာ လုပ်အားခ မရကြဘူး။ ၂၀၀၉နဲ့ ၂၀၁ဝ နှစ်စပိုင်းမှာ မြန်မာပြည်မှာ အလုပ်သမား ကိုယ်စားလှယ်အ‌နေနဲ့ လုပ်ငန်းခွင် ‌တောင်းဆိုမှု‌တွေမှာ တိတိကျကျ ‌တောင်းဆိုလို့ မရခဲ့ဘူး။ ဒါ‌တွေဟာ အလုပ်သမားသမဂ္ဂ မရှိလို့ပဲ”ဟု သူက ‌ပြောသည်။

ဆက်လက်၍ သူက “‌နောက် မြန်မာပြည်မှာ ၈၈တုန်းက ထုတ်ထားတဲ့ ၅ဦးထက် စုလို့မရတဲ့ ၆/၈၈၊ ၂/၈၈ ဥပ‌ဒေ‌ပေါ့။ အလုပ် သမားအဖွဲ့ ဖွဲ့ဖို့ကြိုးစားရင် ‌ထောင်ဒဏ် ၃နှစ်။ ဒါကို ပြုပြင်‌ပေးဖို့။ တကမ္ဘာလုံးမှာရှိတဲ့ အလုပ်ရှင် ကိုယ်စားလှယ်‌တွေက‌ကော၊ အစိုးရ‌တွေက‌ကော အလုပ်သမားအားလုံး စစ်အစိုးရကို ဝိုင်းဝန်း‌တောင်းဆိုခဲ့တာပါ။”ဟု သူက ဆိုသည်။

အဓမ္မလုပ်အား‌ပေး ခိုင်း‌စေမှုနှင့် က‌လေးစစ်သား ‌ကောက်ခံမှု ပ‌ပျောက်‌ရေးကိစ္စတို့ကို ‌ဆွေး‌နွေးခဲ့သည့် အဆိုပါ(ILO)ညီလာခံ တွင် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာအသင်းအပင်းဖွဲ့ကို ‌တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ‌တောင်းဆိုချက်နှင့်ပတ်သက်၍ တိုး တက်မှု တစုံတရာ ‌မျှော်လင့်ထား‌ကြောင်း (FTUB)က ဆိုသည်။

မြန်မာနိုင်ငံတဝှမ်းရှိ လယ်ယာနှင့် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအ‌ရေး ကူညီ‌ဆောင်ရွက်‌ပေးရန်နှင့် ၎င်းတို့၏ အကျိုး စီးပွားကို ကာကွယ်‌ပေးနိုင်ရန်အတွက် ပြည်တွင်းရှိ အလုပ်သမား‌ခေါင်း‌ဆောင်များနှင့် ဥပ‌ဒေသမားများက မြန်မာ့အမျိုးသား အလုပ်သမားများသမဂ္ဂကို ဖွဲ့စည်းလိုက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေထံ ဇွန်လ (၂)ရက်‌နေ့က ‌လျှောက်တင်လိုက်သည်ဟု သိရ သည်။

ထို့အပြင် ၂၀၁ဝခုနှစ်၊ ဇွန်လ ၅ရက်‌နေ့တွင် ပြုလုပ်‌သော ၉၉ကြိမ်‌မြောက် (ILO) ညီလာခံ စံနှုန်းစံထား‌ကော်မတီမှ မြန်မာနိုင်ငံ၌ ဆက်လက်ချိုး‌ဖောက်‌နေသည့် အဓမ္မလုပ်အား‌ပေးမှုများ၊ က‌လေးစစ်သားအမှုများနှင့်ပတ်သက်၍ အထူးကြားနာချက်မှ ဆုံးဖြတ် ချက် (၁၀)ရပ် ချမှတ်ခဲ့သည်။

ထိုကြားနာချက် (၁၀)ချက်ထဲမှ ဒုတိယအချက်တွင် အဓမ္မအလုပ်ခိုင်း‌စေမှုကို အ‌ခြေခံဥပ‌ဒေအရ ခွင့်ပြုထားသည့် ဖွဲ့စည်းပုံအ ‌ခြေခံဥပ‌ဒေပုဒ်မ ၃၅၉ (အခန်း ၈၊ အပိုဒ် ၁၅)ကို အိုင်အယ်လ်အိုပြဌာန်းချက် (၂၉)နှင့် ‌လျော်ညီ‌အောင် ပြင်ဆင်‌ပြောင်းလဲရန် ‌ဖော်ပြထားသည်။

ညီလာခံ၌ မြန်မာစစ်အစိုးရကိုယ်စား ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဝဏ္ဏ‌မောင် တက်‌ရောက်ခဲ့ပြီး နိုင်ငံတကာက လုပ်အား‌ပေးခိုင်း‌စေမှုနှင့် က‌လေးစစ်သား ‌ကောက်ခံမှုကိစ္စများကို ‌ဆွေး‌နွေး‌ပြောဆိုရာတွင် ၎င်းအ‌နေဖြင့် တစုံတရာ တုံ့ပြန်‌ပြော ဆိုခြင်း မရှိဘဲ ‌ရွေး‌ကောက်ပွဲပြီးမှသာ နိုင်ငံ‌ရေးအဖွဲ့၊ နိုင်ငံတကာနှင့် ထပ်‌ဆွေး‌နွေးသွားရန်နှင့် FTUB သည် တရားမဝင် အဖွဲ့အ စည်းဖြစ်သည့်အတွက် ယခုလိုပွဲမျိုးတွင် စကား‌ပြောဆိုခွင့်မ‌ပေးရန်တို့ကို ‌ပြောဆိုခဲ့သည်။

(ILO) ညီလာခံတွင် အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များ၊ အစိုးရကိုယ်စားပြုသည့် အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဂျပန်၊ ပြင် သစ်၊ မြန်မာ၊ ကျူးဘား၊ ဗိုလစ်ဗီးယား၊ ‌တောင်အာဖရိက၊ အ‌မေရိကန်နှင့် က‌နေဒါနိုင်ငံများ အပါအဝင် နိုင်ငံ‌ပေါင်း ၁၈၃နိုင်ငံ တက်‌ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံသည် အဓမ္မလုပ်အားခိုင်း‌စေမှုနှင့် ပတ်သက်၍ ၁၉၉၅ခုနှစ်က အိုင်အယ်လ်အိုနှင့် သ‌ဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ရန် ကုန်မြို့၌ အိုင်အယ်လ်အိုရုံးကို တရားဝင် ဖွင့်လှစ်ခွင့်ပြုထားသည်။