Home ထိပ်တန်းသတင်း နအဖစစ်တပ်က ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များအား အ‌ပျော့ဆွဲ စည်းရုံး‌နေ

နအဖစစ်တပ်က ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များအား အ‌ပျော့ဆွဲ စည်းရုံး‌နေ

1193
ဇွန်လ ၁၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

နယ်ခြား‌စောင့်တပ် ဂယက်‌ကြောင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များအတွင်း သ‌ဘောထားကွဲလွဲမှုများ ဖြစ်‌ပေါ်လာခဲ့သဖြင့် ယခုရက်ပိုင်းအ တွင်း နအဖ စစ်တပ်က ဒီ‌ကေဘီ‌အေတပ်ဖွဲ့ကို မူလအတိုင်း ပြန်ထားမည်ဟု စည်းရုံး‌ပြောဆို‌နေ‌ကြောင်း ဒီ‌ကေဘီ‌အေ အသိုင်းအဝိုင်း က ‌ပြောသည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ တပ်မှူးတစ်ဦးက “နအဖက နယ်ခြား‌စောင့်တပ်ကိစ္စကို ဆက်လက်လုပ်‌ဆောင်မယ်ဆိုရင် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)တပ်ဖွဲ့က ‌ကေအဲန်ယူနဲ့ ‌သေချာ‌ပေါက်ပြန်‌ပေါင်းမယ်ဆိုတာ ကြိုတွက်ထားပြီးသားပါ။ ဒါ‌ကြောင့် အခု နအဖက ကျ‌နော် တို့တပ်ဖွဲ့‌တွေကို အမျိုးမျိုး ပြန်စည်းရုံး‌နေတယ်။ ‌နောက်ပြီး‌တော့ ဒီ‌ကေဘီ‌အေတပ်ဖွဲ့‌တွေကို အရင်အတိုင်းပဲ ပြန်ထားမယ်လို့ ‌ပြော တယ်။ ဒါ‌တွေဟာ နိုင်ငံ‌ရေး လှည့်ကွက်တခုပဲဆိုတာ ကျ‌နော်တို့လည်း သ‌ဘော‌ပေါက်ပါတယ်”ဟု ‌ပြောသည်။

စစ်အစိုးရက ဒီ‌ကေဘီ‌အေနှင့် အခြားအပစ်ရပ် တိုင်းရင်းသားတပ်ဖွဲ့များကို ပြီးခဲ့သည့် ဧပြီလ ၂၈ရက်‌နေ့က နယ်ခြား‌စောင့်တပ်အသွင် ကူး‌ပြောင်းရန် ‌နောက်ဆုံးရက်အဖြစ် သတ်မှတ်ခဲ့အချိန်တွင် ဗိုလ်မှူးကြီး‌စောလားပွယ်(ဗိုလ်နှုတ်ခမ်း‌မွှေး) ဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)က လက်မခံသည့်အပြင် ၎င်း၏ တပ်အင်အားများကို ပြန်လည်စုစည်းခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးကြီး‌စောလားပွယ်ကို ‌တွေ့ဆုံ‌ဆွေး‌နွေးရန် နအဖဘက်က အကြိမ်ကြိမ် ကမ်းလှမ်းခဲ့‌သော်လည်း မရ ခဲ့သည့်အ‌ပေါ် နအဖက ယခုလို ပြုလုပ်ရခြင်းဖြစ်သည်ဟု အမည်မ‌ဖော်လိုသူ ၎င်းဒီ‌ကေဘီ‌အေတပ်မှူးက ‌ပြောသည်။

“နအဖက အစည်းအ‌ဝေးပြုလုပ်ဖို့ ဆင့်‌ခေါ်တိုင်း နှုတ်ခမ်း‌မွှေးက မသွားဘူး။ သူ့‌အောက်က လူ‌တွေကိုပဲ လွှတ်ခဲ့တယ်။ ဒီလိုနည်းနဲ့ဆို ‌ရေရှည်ဆက်ဆံ‌ရေးမှာ တဖြည်းဖြည်းနဲ့ အလှမ်း‌ဝေးသွားနိုင်တယ်ဆိုတာကို နအဖက သိ‌တော့ အခု ပြန်လည်စည်းရုံးတဲ့ နည်းပရိ ယာယ်‌တွေ သုံးလာတာဖြစ်တယ်။ ဗိုလ်နှုတ်ခမ်း‌မွှေးကလည်း သူတင်းရင် ကိုယ်တင်းတယ်။ သူ‌ပျော့ရင် ကိုယ်‌ပျော့တယ်ဆိုတဲ့ လူစား မျိုး ဖြစ်တယ်”ဟု သူက ထပ်‌လောင်း‌ပြောဆိုသည်။

အလားတူ ဘုရားသုံးဆူ အ‌ခြေစိုက်သည့် အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်(ရတခ) လက်‌အောက်ခံ ခလရ(၃၂) တပ်ရင်းမှူး ဒုဗိုလ်မှူး ကြီး‌အောင်ဝင်းလှိုင်ကလည်း ဘုရားသုံးဆူမြို့ရှိ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို စည်းရုံးမှုများ လုပ်‌ဆောင်‌နေသည် ဟု သိရသည်။

ဘုရားသုံးဆူမြို့ခံတစ်ဦးက “တပ်ရင်းမှူးက ဒီမှာရှိတဲ့ ငြိမ်းအဖွဲ့‌ခေါင်း‌ဆောင်‌တွေကို တပတ်တခါ၊ နှစ်ပတ်တခါ ‌ခေါ်‌တွေ့တယ်။ တို့တ ‌တွေဟာ အတူတူပဲဆို‌တော့ ‌ဂေါ့ဖ်အတူသွားကစားမယ် စသဖြင့် စည်းရုံးတာ‌ပေါ့။ နယ်ခြား‌စောင့်တပ်ကိစ္စနဲ့ ပတ်သက်ပြီး‌တော့ လုံးဝ မ‌ပြော‌တော့ဘူး”ဟု ဆိုသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အ‌ခြေစိုက် စစ်အစိုးရ စစ်ကွပ်ကဲ‌ရေးဌာနချုပ် (စကခ-၈)မှ ဗိုလ်မှူးချုပ်သန်းစိုးက ဒီ‌ကေဘီ ‌အေ တပ်မဟာ(၅)တပ်မဟာမှူး ဗိုလ်မှူးကြီး‌စောလားပွယ်ကို လာမည့် ဩဂုတ်လ ၁ဝရက်‌နေ့ ‌နောက်ဆုံးထား၍ နယ်ခြား‌စောင့်တပ်ဖွဲ့ ရန် ပြီးခဲ့သည့်အပတ် စ‌နေ‌နေ့က သတိ‌ပေးလိုက်သည်ဟု နယ်စပ်သတင်းရပ်ကွက်များက ‌ပြောသည်။

ထိုကဲ့သို့ သတင်းများထွက်‌ပေါ်လာသည့် တချိန်တည်းမှာပင် နအဖက ‌ကေအဲန်ယူတပ်မဟာ (၆)နယ်‌မြေအတွင်း၌ ၎င်းတို့တပ်ရင်းနှင့် ‌ကေအဲန်ယူတို့အကြား ဆက်တိုက်ဆိုသလို တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိရာ နအဖဘက်က ထိခိုက်ကျဆုံးမှု အများအပြားနှင့် ရင်ဆိုင်‌နေ ရသည်။

ထို့‌ကြောင့် စကခ(၈)မှူး ဗိုလ်မှူးချုပ်သန်းစိုးက ‌ကေအဲန်ယူ တပ်မဟာ(၆)နယ်‌မြေအား စစ်ဆင်‌ရေး‌ဆောင်ရွက်ရာတွင် ‌ပေါ့ဆမှုမရှိ‌စေ ရန် လိုအပ်သည့် စစ်ကူအတွက် ‌နောက်ထပ် တပ်ရင်း(၂)ရင်းဖြင့် ကူညီသွားရန် ညွှန်ကြားထား‌ကြောင်း နယ်စပ်သတင်းများအရ သိရ သည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ (၅)အသိုင်းအဝိုင်း၏အဆိုအရ နအဖစစ်အစိုးရက ‌ကေအဲန်ယူ တပ်မဟာ(၆)ကို ဦးစွာရှင်းလင်းပြီး ၎င်းတို့တပ် အင်အား ‌လျော့နည်းလာသည့်အချိန်ကျမှ ဒီ‌ကေဘီ‌အေကို နယ်ခြား‌စောင့်ဖွဲ့‌ရေး တဖန်ပြန်လည် ဖိအား‌ပေးလာနိုင်သည်ဟု သုံးသပ် ‌ပြောဆို‌နေကြသည်။

သို့‌သော် ‌ကေအဲန်ယူ တပ်မဟာ(၆)မှ အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီး‌စောထဲ‌နေက “နအဖ ထိုးစစ်ဆင်မယ့် အစီအစဉ်ကို ကျ‌နော်တို့ သတင်းရရှိပါတယ်။ ဒီ‌ကေဘီ‌အေ ထိန်းချုပ်ရာ နယ်‌မြေအနီးအနားတဝိုက်မှာပဲ ရှင်းလို့ရမယ်။ တကယ့် ‌ကေအဲန်ယူ ထိန်းချုပ်ထားတဲ့ အချက်အချာကျတဲ့ ‌နေရာ‌တွေကို‌တော့ လုံးဝရှင်းလို့ရမှာ မဟုတ်ဘူး”ဟု ‌ပြောသည်။

ဒီ‌ကေဘီ‌အေတပ်ဖွဲ့၌ စစ်ဦးစီးချုပ် ဗိုလ်ချုပ်‌စော‌ကျော်သန်း အပါအဝင် တပ်မဟာ(၉၉၉)မှ ဗျူဟာမှူး ဗိုလ်မှူးကြီး‌စောချစ်သူနှင့် အ ‌ပေါင်းပါအချို့သာ နယ်ခြား‌စောင့်တပ်ကို လက်ခံကြပြီး မြိုင်ကြီးငူဆရာ‌တော် ဦးသုဇန အပါအဝင် ဗိုလ်မှူးချုပ်‌စောလားပွယ်၊ ဗိုလ်မှူး ကြီး‌စောမုတ်သုန်အဖွဲ့နှင့် ဒီ‌ကေဘီ‌အေ အရာရှိအချို့က လက်မခံကြ‌ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ဆိုသည်။

နအဖ ဗိုလ်ချုပ်ရဲမြင့်၊ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သက်နိုင်ဝင်း၊ ဒုတိုင်းမှူး ဒုဗိုလ်မှူးကြီး‌ဇော်မင်းတို့က ဒီ‌ကေ ဘီ‌အေအဖွဲ့ကို ကရင်ပြည်နယ်အတွင်း နယ်ခြား‌စောင့်တပ်အဖြစ် အသွင်‌ပြောင်းရန် ၂၀၀၉ခုနှစ်ဆန်းပိုင်းမှစ၍ ကမ်းလှမ်းမှု၊ ‌ဆွေး‌နွေးမှု၊ ဖိအား‌ပေးမှုများ အလှည့်ကျ လုပ်‌ဆောင်လာခဲ့သည်မှာ အကြိမ် ၂ဝနီးပါးရှိခဲ့ပြီဟု ဒီ‌ကေဘီ‌အေ အသိုင်းအဝိုင်းက ‌ပြောသည်။

ယင်းသို့ ဖိအား‌ပေးသည့် အချိန်အ‌တောအတွင်း အချို့ဒီ‌ကေဘီ‌အေတပ်များသည် ၎င်းတို့နှင့် နီးစပ်သည့် ‌ကျေးလက်‌တောရွာများမှ အ ရွယ်မ‌ရောက်‌သေးသည့် ‌ယောက်ျား‌လေးများနှင့် အိမ်‌ထောင်သည်ရွာသားအချို့ကို စစ်သားအဖြစ် စု‌ဆောင်း၍လည်း‌ကောင်း၊ ‌ပေါ်တာ အဖြစ် ‌ခေါ်ယူ၍လည်း‌ကောင်း လုပ်‌ဆောင်ခဲ့သည်။

ဒီ‌ကေဘီ‌အေတပ်ဖွဲ့သည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး(‌ကေအဲန်ယူ)မှ ခွဲထွက်ကာ နအဖနှင့် အပစ်ရပ်ခဲ့သည့် အင် အားအ‌တောင့်တင်းဆုံး ကရင်လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်ပြီး နာယကဆရာ‌တော် ဦးသုဇန ဦးစီး၍ လက်ရှိအချိန်တွင် ခန့်မှန်း‌ခြေ အင် အား ၅,၀၀ဝခန့် ရှိသည်။