Home ထိပ်တန်းသတင်း တက္ကသိုလ်ဝင်တန်း ‌အောင်စာရင်း ‌စောစီးစွာ ထုတ်ပြန်‌ကြေညာ

တက္ကသိုလ်ဝင်တန်း ‌အောင်စာရင်း ‌စောစီးစွာ ထုတ်ပြန်‌ကြေညာ

2067
ဇွန်လ ၁၄ရက်။ ‌နော်ဖြူဖြူသင်း (‌ကေအိုင်စီ)

မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း ‌အောင်စာရင်းကို ယခင်နှစ်များက ဇူလိုင်လတွင် ထုတ်ပြန်‌ကြေညာ‌လေ့ရှိ‌သော်လည်း ယခု နှစ်၌မူ ဇွန်လ ၁၃ရက်‌နေ့တွင် ပညာ‌ရေးဝန်ကြီးဌာနက ‌စောစီးစွာ ထုတ်ပြန်လိုက်သည်။

ယင်းသို့ ထုတ်ပြန်လိုက်သည့် တက္ကသိုလ်ဝင်တန်း ‌အောင်စာရင်းအရ မြို့နယ်‌ဒေသ အ‌တော်များများမှာ ယမန်နှစ်ထက် ‌အောင် ချက်ရာခိုင်နှုန်း ပိုမို‌ကောင်းမွန်သည်ဟု သုံးဘာသာ ဂုဏ်ထူးဖြင့် ‌အောင်မြင်ခဲ့သည့် ရန်ကုန်မှ ‌ကျောင်းသားဖခင်တစ်ဦးက ဇွန်လ ၁၄ရက်‌နေ့တွင် ယခုလို ‌ပြောသည်။

သူက “မ‌နေ့က ‌အောင်စာရင်းထွက်သွားတာ ကျ‌နော့်သားက ဂုဏ်ထူး သုံးဘာသာပါတယ်။ ရန်ကုန်မှာ‌တော့ ‌အောင်ချက်‌ကောင်း တယ်။ ဂုဏ်ထူး‌တွေလည်း ‌တော်‌တော်များများ ပါကြတယ်”ဟု ဆိုသည်။

အလားတူ ကရင်ပြည်နယ် မြဝတီမြို့တွင် တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို ဝင်‌ရောက်‌ဖြေဆို‌သော ‌ကျောင်းသူ‌ကျောင်းသားများ၏ ‌အောင်ချက်သည် ယခင်နှစ်ထက် အနည်းငယ် ‌ကောင်းလာ‌ကြောင်း မြို့ခံတစ်ဦးက ‌ကေအိုင်စီကို ယ‌နေ့ ‌ပြောဆိုသည်။

သူက “မ‌နေ့က ထွက်လာတဲ့ ‌အောင်စာရင်းအရဆိုရင် ‌ကျောင်းသူ‌ကျောင်းသား‌တွေ ‌ပြော‌နေကြတာ‌တော့ ဒီနှစ်ဟာ အရင်နှစ် ထက် ‌အောင်ချက် နည်းနည်း ပို‌ကောင်းလာတယ်။ ရာခိုင်နှုန်းအားဖြင့် ၃၁% ‌လောက်ရှိမယ် ‌အောင်ချက်က”ဟု ‌ပြောသည်။

သို့‌သော် ကရင်ပြည်နယ်၊ ဖားအံမြို့၌မူ ထို‌နေ့မနက် ၆နာရီကတည်းက သက်ဆိုင်ရာ ‌ကျောင်းများတွင် ‌အောင်စာရင်းကို ‌ကြေညာ ကပ်ထားရာ ‌ကျောင်းသူ‌ကျောင်းသားများ၏ ‌အောင်ချက်ရာခိုင်နှုန်းမှာ အခြားမြို့များနှင့်မတူဘဲ ယမန်နှစ်ထက် ‌လျော့နည်းသွား ‌ကြောင်းကို ကိုယ်တိုင် စာ‌မေးပွဲကျရှုံးခဲ့သူ ‌ကျောင်းသူ‌လေးတစ်ဦးက ‌ပြောသည်။

တက္ကသိုလ်ဝင် စာ‌မေးပွဲ ကျရှုံးသွား‌သော ‌ကျောင်းသူ/သားများအ‌နေဖြင့် လာမည့်နှစ် ထပ်မံ ‌ဖြေဆိုနိုင်ရန် ဇွန်လ ၁၄ရက်‌နေ့မှစ၍ စတင် ‌ကျောင်းအပ်နိုင်ပြီဟု သိရှိရ‌သော်လည်း အဆိုပါ‌အောင်စာရင်းသတင်းကို စစ်အစိုးရထုတ် သတင်းစာများတွင် အထူးတ လည် ‌ဖော်ပြထားခြင်း မရှိ‌ပေ။

ယခု တက္ကသိုလ်ဝင်တန်း ‌ဖြေဆိုပြီးခဲ့သည့် အ‌ခြေခံပညာ အထက်တန်းတွင် ဝိဇ္ဇာနှင့် သိပ္ပံတွဲ ဟူ၍ နှစ်မျိုးခွဲထားရာ ဝိဇ္ဇာတွဲတွင် မြန်မာ၊ အဂင်္လိပ်၊ သချင်္ာ၊ သမိုင်း၊ ပထဝီဝင်နှင့် ‌ဘောဂ‌ဗေဒ ဘာသာရပ် ၆မျိုးသင်ယူရပြီး သိပ္ပံတွဲတွင်မူ မြန်မာ၊ အဂင်္လိပ်၊ သချင်္ာ၊ ဓာတု‌ဗေဒ၊ ရူပ‌ဗေဒနှင့် ဇီဝ‌ဗေဒ ဘာသာရပ်များဟူ၍ ပြဌာန်းထားရှိသည်။

မြန်မာနိုင်ငံတွင် မူလတန်းနှင့် အလယ်တန်း ‌ကျောင်းသူ‌ကျောင်းသားဦး‌ရေ ၇သန်း‌ကျော်ရှိပြီး အထက်တန်း ‌ကျောင်းသူ‌ကျောင်း သားဦး‌ရေမှာ ၅သိန်းခွဲရှိ‌ကြောင်း ပညာ‌ရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရသည်။