Home ထိပ်တန်းသတင်း မယ်လစခန်းတွင် လူ ၁၂၀‌ကျော်အထိ ဝမ်း‌ရောဂါကူးစက်ပျံ့နှံ့သွား

မယ်လစခန်းတွင် လူ ၁၂၀‌ကျော်အထိ ဝမ်း‌ရောဂါကူးစက်ပျံ့နှံ့သွား

1793
ဇွန်လ ၁၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတခုလုံးတွင် ယခုရက်ပိုင်းအတွင်း ဝမ်း‌ရောဂါ ထပ်မံ ကူးစက်ပျံ့နှံ့လျှက်ရှိရာ စတင် ဖြစ်ပွားချိန်မှ ယခုချိန်အထိ ကူးစက်ခံရသူ လူနာ‌ပေါင်း (၁၂၄)ဦးရှိပြီဖြစ်‌ကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ‌မေလ ၂၇ရက်‌နေ့က မယ်လစခန်းအတွင်းရှိ ဇုံ (C-1A)၊ (C-3A)၊ (C-3B)၊ (C-1B)အတွင်း စတင်ဖြစ်ပွားခဲ့‌သော ဝမ်း ‌ရောဂါသည် ယခုအချိန်တွင် စခန်းတခုလုံး ကူးစက်ပျံ့နှံ့လာခဲ့ခြင်း ဖြစ်သည်။

မယ်လစခန်းတွင် ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှု ‌ပေး‌နေ‌သော Aide Medical International (AMI)နှင့် ‌ရေ‌ပေး‌ဝေ‌နေသည့် Solidarity အဖွဲ့တို့က ကျန်းမာ‌ရေး ပညာ‌ပေးမှုများ ပုံမှန် လုပ်‌ဆောင်‌ပေး‌နေ‌သော်လည်း လိုက်နာကျင့်သုံးမှု အားနည်း‌သော ‌ကြောင့် ယခုလို ‌ရောဂါကူးစက်မှုနှုန်း များပြားလာရခြင်းဖြစ်‌ကြောင်း မယ်လစခန်း (AMI) ‌ဆေးရုံတာဝန်ခံ ‌စော‌နေစဲန်က ‌ကေ အိုင်စီကို ယခုလို ရှင်းပြသည်။

“ဝမ်း‌ရောဂါ များလာရတာက စခန်းတွင်းက တချို့လူ‌တွေဟာ အသိဉာဏ်အဆင့် နိမ့်တဲ့အတွက် ကျန်းမာ‌ရေးပညာ‌ပေးမှု ‌ပေး လည်းပဲ မလိုက်နာဘူး။ ပြီး‌တော့ စခန်းတွင်းမှာ ‌ရေအလုံအ‌လောက် မရတဲ့ပြဿနာ‌ကြောင့် တချို့လူ‌တွေက ခမ်း‌ခြောက်သွား တဲ့ စမ်း‌ချောင်း‌ဘေး‌တွေမှာ ‌ရေတူး‌သောက်ကြတာ‌တွေ ရှိတယ်။ သူတို့ ‌သောက်သုံးတဲ့‌ရေတွင်းက ပိုးရှိတာကိုး။ သုံး‌တော့ ဝမ်း သွားတာ‌ပေါ့။ ‌နောက်တခုက ဝမ်း‌ရောဂါဖြစ်တဲ့သူနဲ့ မဖြစ်တဲ့သူ‌တွေ အစားအစာ အတူစားရာက‌နေတဆင့် ကူးတတ်တယ်။” ဟု သူက ‌ပြောသည်။

ဆရာ ‌စော‌နေစဲန်၏ ‌ပြောပြချက်အရ ယ‌နေ့ ‌နေ့လည်အထိ ‌ဆေးရုံကို ဝမ်း‌ရောဂါသည် လူနာ ၅ဦး‌ရောက်ရှိလာပြီး ယမန်‌နေ့က လူနာ ၁၁ဦး ‌ရောက်ရှိခဲ့ကာ လက်ရှိ‌ဆေးရုံတွင် ဝမ်း‌ရောဂါသည် လူနာ ၂၀‌ကျော်ရှိသည်ဟု သိရသည်။

“အခု လက်ရှိ ‌ဆေးရုံမှာ ၂၀‌ကျော်မှာ ၇‌ယောက် ‌ရောဂါပိုးရှိတယ်။ ၁၅ ‌ယောက်က‌တော့ စစ်‌ဆေးဆဲပဲ။ ဒီလို ဝမ်း‌ရောဂါနဲ့ ‌ဆေးရုံတက်လာ လူနာကို ကျ‌နော်တို့ ၃၊ ၄ ရက်ပဲ ‌နေခွင့်‌ပေးတယ်။ ဆက်ထားရင် ‌ဆေးရုံမှာ ‌နေရာအခက်အခဲရှိ‌တော့ နည်း နည်းသက်သာလာရင် အိမ်ပြန်‌နေခိုင်းတယ်”ဟု ဆက်‌ပြောသည်။

စခန်းအတွင်း ဝမ်း‌ရောဂါကူးစက်မှု များလာ‌သော‌ကြောင့် သစ်သီးဝလံအချို့ကို ‌ရောင်းဝယ်ခွင့် ယာယီတားမြစ်ထားရာမှ ပြီးခဲ့ သည့် နှစ်ရက်က ခရမ်းသီးမှလွဲ၍ ပြန်လည်‌ရောင်းခွင့်‌ပေးလိုက်ပြီဟု ဇုံ(B-3B)ရပ်ကွက်တွင် ‌နေထိုင်သူ အမျိုးသမီးတဦးက ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တ‌လျှောက် ကရင်ဒုက္ခသည်စခန်း ၇ခုရှိသည့်အနက် လက်ရှိအချိန်တွင် မယ်လစခန်းတွင် ဝမ်း‌ရောဂါ ကူး စက်မှုနှုန်း အရှိန်အဟုန် မြင့်တက်လာ‌သော်လည်း အခြား‌သော ဒုက္ခသည်စခန်းများတွင် ဝမ်း‌ရောဂါဖြစ်ပွားမှု အနည်းအကျဉ်းသာ ရှိသည်ဟု သိရသည်။