Hay Htoo
အမျိုးသားအတွက် မှန်ကန်သော ဆုံးဖြတ်ချက်ကို ကရင်ပြည်သူများ ကြိုဆို
ဇူလိုင်လ ၃၁ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
နအဖစစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လုံးဝငြင်းဆန်ကြောင်း ဒီကေဘီအေတပ်မဟာ(၅) ကလိုထူးဘောဗျူဟာ ဗျူ ဟာမှူး ဗိုလ်မှူးကြီး စောလားပွယ်၏ ဆုံးဖြတ်သည် မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်သောကြောင့် အပြည့်အဝ ထောက်ခံသည် ဟု ပြည်တွင်း၊ ပြည်ပရှိ ကရင်ပြည်သူများက ပြောဆိုနေကြသည်။
နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးနှင့် ပတ်သက်၍...
လှေမှောက်၍ ထွက်ပြေးတိမ်းရှောင် လာသည့် ကလေးငယ် သုံးဦး သေဆုံး
ဇူလိုင်လ ၃ဝရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကွီးလယ့်ထုကျေးရွာမှ လူထု(၄၂)ဦးသည် ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းသို့ ဝင်ရောက်ခိုလှုံရန် ယမန်နေ့က ရေလမ်းခရီးဖြင့် သောင်ရင်းမြစ်(သူးမွဲကလိုး)အတိုင်း ဆင်းလာစဉ် စက်လှေမှောက်ခဲ့သဖြင့် ကလေးငယ်သုံးဦး သေဆုံးသွားသည်ဟု စုံစမ်းသိရှိရသည်။
လက်ရှိအချိန်တွင် နယ်ခြားစောင့်တပ် လက်မခံသည့် ဒီကေဘီအေ တပ်မဟာ(၅)နှင့်...
ထွက်ပြေးပုန်းအောင်းနေရသော ကျောင်းသူကျောင်းသား ၂၀၀ကျော် ကျောင်းမတက်နိုင်သေး
ဇူလိုင်လ ၂၉ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
စာသင်ကျောင်း မီးရှို့ဖျက်ဆီးခံရသောကြောင့် တောထဲတောင်ထဲ ထွက်ပြေးပုန်းအောင်းနေရသည့် ဖာပွန်ခရိုင်၊ လူသော မြို့နယ်မှ ကျောင်းသူကျောင်းသား ၂၀၀ကျော်သည် ရက်သတ္တပတ်ကြာမြင့်ပြီဖြစ်သော်လည်း ယနေ့အချိန်ထိ ကျောင်းမတက် နိုင်သေးကြောင်း ကရင် ကျောင်းဆရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Karen Teacher Working Group)က ပြောသည်။...
ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ပြည်သူများကို နအဖ ဦးတည် စစ်ဆင်လာ
ဇူလိုင်လ ၂၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
၂၀၁ဝ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ နအဖ စစ်အစိုးရတပ်များသည် ကရင်ပြည်နယ်၊ ကေအဲန်ယူ နယ်မြေအတွင်းရှိ အပြစ်မဲ့ပြည်သူများကို ဦးတည်စစ်ဆင်မှုများ စတင်လုပ်ဆောင်လာနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)က ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက “ရွေးကောက်ပွဲကလည်း နီးလာပြီလေ။ ကေအဲန်ယူက ဒါကို လက်မခံဘူးဆိုတော့ ကေအဲန်ယူနယ်မြေမှာရှိတဲ့...
ဖမ်းဆီးခံရသော ရွာသား ၃ဦး အသတ်ခံရ
ဇူလိုင်လ ၂၇ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ် မြောက်ပိုင်း ထန်းတပင်မြို့နယ်ရှိ ပယ်တော်ဒေးနှင့် ဘုမ္မတီးရွာသား ၃ဦးသည် ပြီးခဲ့သည့်အပတ်က ထိုဒေသ၌ လှုပ် ရှားနေသော နအဖစစ်တပ်၏ ဖမ်းဆီးခံခဲ့ရပြီးနောက် ယခု အသတ်ခံလိုက်ရပြီဟု စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ရက်နေ့တွင် ထန်တပင်မြို့နယ် ပယ်တော်ဒေးဂွင်အတွင်း လှုပ်ရှားသည့် နအဖ...
အငြိမ်းစားယူသည့် ကလလတ မိသားစုများ စားဝတ်နေရေး အခက်ကြုံ
ဇူလိုင်လ ၂၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် နယ်ခြားစောင့်တပ်လက်ခံလိုက်သည့် ကယားပြည်နယ်၊ မယ်စဲမြို့နယ် ဘီပီ (၁၄) အခြေစိုက် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)မှ အငြိမ်းစားယူသူ အသက် ၅ဝနှင့် အထက်သက်ကြီးပိုင်း များ၏ မိသားစုများ စားဝတ်နေရေး ပြဿနာနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။
နယ်ခြားစောင့် မဖွဲ့မီက...
ကရင်လူထု ၅၀၀ကျော် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးရောက်ရှိလာ
ဇူလိုင်လ ၂၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ကျေးရွာလေးရွာမှ ဒေသခံလူထု ၅၀၀ကျော်သည် မိမိတို့ဒေသတွင် တိုက်ပွဲများ ဖြစ်လာနိုင် သည့် အခြေအနေများကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် မောကဲထာ့နှင့် မော်လီချိုင်းကျေးရွာသို့ ယနေ့နံနက်တွင် ထွက်ပြေးရောက်ရှိလာကြသည်။
ဝါ့မီထာ့၊ လေးဝေါ်၊ ဆုံဆည်းမြိုင်နှင့် သေ့ဘောဘိုးကျေးရွာမှ ရွာသူရွာသားများသည်...
ပြန်လည်တိုက်ခိုက်ရန် ဒီကေဘီအေ စစ်ရေးအဆင်သင့်ဖြစ်နေပြီ
ဇူလိုင်လ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
နအဖစစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေးကို လုံးဝငြင်းဆန်သည့် ဗိုလ်မှူးကြီးစောလားပွယ် (ဗိုလ်နှုတ်ခမ်း မွှေး) ဦးဆောင်သော ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း စစ်ရေးပြင်ဆင်ထားမှုများ အဆင်သင့်ရှိပြီ ဖြစ်ကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
ဒီကေဘီအေ တပ်မဟာ(၅)မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက “နယ်ခြားစောင့်တပ်ကို ကျနော်တို့ လုံးဝ...
လှုပ်ရှား စစ်တပ်က ရွာထဲတွင် မီးရှို့ပြီး မိုင်းဗုံးထောင်
ဇူလိုင်လ ၂၄ရက်။ နန်းထူးစံ (ကေအိုင်စီ)
ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ သဒါးဒဲကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည် နအဖတပ်များသည် ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါ ကျေးရွာမှ မထွက်ခွာခင် ရွာထဲတွင် မိုင်းဗုံးများ ထောင်ထားခဲ့သောကြောင့် ရွာသူရွာသားများ အိမ်ပြန်ရန် ထိတ်လန့်နေကြ သည်။
နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၁၀) ဗျူဟာ(၂)သည်...
ဖာပွန်ခရိုင်မှ သဒါးဒဲကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ
ဇူလိုင်လ ၂၃ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပို်င်း ဖာပွန်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ သဒါးဒဲကျေးရွာတွင် ဇူလိုင်လ ၂၃ရက်နေ့ မွန်းလွဲ ၂း၃ဝနာရီအ ချိန်၌ နအဖ စစ်ကြောင်းတကြောင်း ဝင်ရောက်လာပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးလိုက်သည်ဟု နယ်ခံတဦးက ပြောသည်။
သူက “ဒီနေ့ ညနေပိုင်း ၂နာရီခွဲလောက်မှာ နအဖတပ်တွေက သဒါးဒဲရွာထဲမှာ...





