Hay Htoo
ဗိုလ်ချုပ်ရဲမြင့် ကမ်းလှမ်းချက် ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေး ငြင်းဆန်
ဇူလိုင်လ ၂၂။ စောသိန်းမြင့်(ကေအိုင်စီ)
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် နအဖမှ စစ်ဖက်ရေးရာလုံခြုံရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီးရဲမြင့်၏ ကမ်းလှမ်းချက်အား ဒီကေဘီအေ တပ်မဟာ(၅)မှ တပ်မဟာမှူး ဗိုလ်မှူးကြီးစောလားပွယ် (ဗိုလ်နှုတ်ခမ်း မွှေး)က ငြင်းဆန်လိုက်သည်ဟု ၎င်း၏ လက်အောက်ခံ တပ်မှူးများ၏ ပြောပြချက်အရ သိရသည်။
အမည်မဖော်လိုသူ တပ်မှူးတစ်ဦးက...
လုပ်သက်ရင့် ဆေးဝန်ထမ်းများ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပပြီးစီး
ဇူလိုင်လ ၂ဝရက်၊ နော်ဖြူဖြူသင်း (ကေအိုင်စီ)
နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့(BPHWT)မှ ၃လကြာ ကြီးမှူးဖွင့်လှစ်သည့် လုပ်သက်ရင့် ဆေးဝန်ထမ်းများ မွမ်းမံ(ဉာဏ်သစ်လောင်း) သင်တန်းဆင်းပွဲကို ယနေ့နံနက်တွင် ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိ ရသည်။
ပြီးခဲ့သည့် မတ်လ ၂၆ရက်နေ့မှစ၍ ယခုဇူလိုင်လ ၂ဝရက်နေ့အထိ ၃လခန့်ကြာ ဖွင့်လှစ်ခဲ့သည် အဆိုပါမွမ်းမံသင်တန်း...
နှစ်နိုင်ငံသွားလာရေး ဂိတ်များ ပိတ်ထားသဖြင့် နေ့စားသမားများ အခက်ကြုံ
ဇူလိုင်လ ၂ဝရက်။ စကျော်အဲ (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ နှစ်နိုင်ငံဆက်သွယ်ရေး နယ်စပ်ဂိတ်များကို ယခုဇူလိုင် ၁၈ရက်နေ့မှစပြီး ရက်သတ္တပတ်ကြာ ပိတ် ထားသဖြင့် မြဝတီမှ မဲဆောက်သို့ နေ့ချင်းပြန် သွားရောက် အလုပ်လုပ်နေသည့် နေ့စား အလုပ်သမားများနှင့် ဈေးသည်များ အခက်ကြုံရသည်ဟု မြို့ခံများက ပြောသည်။
မဲဆောက်ဈေးတွင် ဟင်းသီးဟင်းရွက်များကို...
ဒီကေဘီအေ တပ်ကြပ်ကြီးတဦး လက်နက်ခဲယမ်းများနှင့်အတူ ကေအဲန်ယူထံ ပူးပေါင်း
ဇူလိုင်လ ၁၉ရက်။ နန်းထူးစံ (ကေအိုင်စီ)
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ကလိုထူးဘောဗျူဟာမှ တပ်ကြပ်ကြီးတစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ကော့ကရိတ်မြို့နယ်၊ ဝေါ်လေဂွင်အခြေစိုက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း (၂၀၁)ထံသို့ ယမန်နေ့က လာရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။
ဗိုလ်မှူးကြီး စောလားပွယ်ဦးစီးသော ဒီကေဘီအေ ကလိုထူးဘောဗျူဟာတွင် တပ်ကြပ်ကြီးအဆင့်ထိ...
ကလေးငယ်များ အင်တာနက်ကို တွင်ကျယ်စွာ ကိုင်တွယ်အသုံးပြုလာ
ဇူလိုင်လ ၁၉ရက်။ နော်အောင်လေး (ကေအိုင်စီ)
ယခုခေတ်တွင် အင်တာနက်အသုံးဝင်မှု ပိုမိုတွင်ကျယ်လာသည်နှင့်အမျှ လူကြီးလူငယ်များသာမက အရွယ်မရောက်သေးသော အသက် ၁ဝနှစ်နှင့် ၁၅နှစ်ကြား ကလေးငယ်များသည်လည်း အင်တာနက်ဆိုင်များတွင် ဂိမ်းကစားရာမှ အင်တာနက်ပေါ်ရှိ ဂီတ၊ ဗွီဒီယိုများအပြင် ထူးခြားဆန်းကျယ်သည့် အကြောင်းအရာများကို ရှာဖွေလေ့လာမှု ပိုမိုများပြားလာသည်ဟု သိရသည်။
စကင်္ာပူနိုင်ငံမှ ဆိုက်ဘာမီဒီယာတစ်ခု၏ လေ့လာသုံးသပ်ချက်အရ...
နအဖစစ်တပ် ရွာသားများကို အကြောင်းမဲ့ဖမ်းဆီး
ဇူလိုင်လ ၁၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် လှုပ်ရှားနေသော နအဖစစ်တပ်များသည် ဒေသခံရွာသား များကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်မှုများ ယခုရက်သတ္တပတ်အတွင်း ဆက်တိုက်လုပ်ဆောင်ခဲ့သည်ဟု သိရှိရသည်။
ယခုလ ဇူလိုင်လ ၁၅ရက်နေ့တွင် စကခ(၇) လက်အောက်ခံ ခလရ(၁၀၂) တပ်ရင်းက ထန်းတပင်မြို့နယ်ရှိ ဟူးမုဒဲရွာသား...
ကျန်မာရေး စနစ် ဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲ ကျင်းပ
ဇူလိုင်လ ၁၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကျန်းမာရေးပေါ်လစီနှင့် ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်အခြေစိုက် ကျန်းမာရေးအဖွဲ့ကြီး ၃ခုက သုံးရက်ကြာ ကျန်းမာရေးနှီးနှောဖလှယ်ပွဲတခုကို ဇူလိုင်လ ၁၅မှ ၁၇ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ပြု လုပ်ကျင်းပခဲ့သည်။
အမျိုးသား ကျန်းမာရေးနှင့် ပညာပေးရေးကော်မတီ(NHEC)၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအဖွဲ့(BMA)နှင့် နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေးလုပ်သားများအဖွဲ့(BPHWT)တို့...
မိုးနည်း၍ တောင်ယာစပါး ကြီးထွားမှုနည်းပြီး လယ်ယာစပါး မစိုက်နိုင်သေး
ဇူလိုင်လ ၁၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
ယခုနှစ် မိုးရာသီကာလအတွင်း မိုးရွာသွန်းမှု နည်းပါးသည့်အတွက် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ တောင်ယာစပါးများ ကြီးထွား မှုအားနည်းပြီး လယ်ယာစပါးများမှာ စိုက်ပျိုးနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
ဖာပွန်ဒေသခံ တဦးက “မိုးမရွာဘဲ ဒီအတိုင်းဆိုရင် နောက်နှစ်အတွက် ကျနော်တို့ တောင်ယာစပါး မျိုးပြုတ်နိုင်တယ်။ အခု...
၆၃နှစ်မြောက် ကေအဲန်ဒီအိုနေ့ နယ်စပ်တစ်နေရာတွင် ကျင်းပ
ဇူလိုင်လ ၁၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ကေအဲန်ဒီအို)မှ ကြီးမှူး၍ ၂၀၁ဝခုနှစ် ဇူလိုင်လ ၁၆ရက်နေ့တွင် ကျရောက်သော ၆၃နှစ် မြောက် (ကေအဲန်ဒီအို)ဒေး အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားကို ကေအဲန်ဒီအိုမှ ဖွင့်လှစ်သည့် ကော့သဘလေးကျောင်းတွင် ယနေ့နံနက် (၈)နာရီအချိန်တွင် ကျင်းပပြု လုပ်ခဲ့ကြပြီး...
နအဖ တပ်အင်အား ၁,၀၀ဝခန့် ဝင်ရောက်လှုပ်ရှားလာ
ဇူလိုင်လ ၁၅ရက်။ နော်အောင်လေး(ကေအိုင်စီ)
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်ရှိ ဝင်းရေးနှင့် ကြာအင်းမြို့နယ်တို့တွင် ယခုလဆန်း ပိုင်းမှစ၍ နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့တို့ ပူးပေါင်းကာ အင်အား ၁,၀၀ဝခန့်ရှိသည့် စစ်ကြောင်း (၆)ကြောင်းဖြင့် ဝင်ရောက်လှုပ် ရှားလာသည်ဟု သတင်းရရှိသည်။
ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ပါဝင်သော နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၈)...





